နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့ စည်းတည်ထောင်ခြင်း ၃၄ နှစ်ပြည့်အခမ်းအနားသို့ သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရက နိုဝင်ဘာ ၁ ရက် (ဒီနေ့) မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့ စည်းတည်ထောင်ခြင်း ၃၄ နှစ်ပြည့်အခမ်းအနားသို့ သဝဏ်လွှာပေးပို့လိုက် ပါတယ်။


သဝဏ်လွှာထဲမှာ ဒီနေ့က မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) (ကျောင်းသား တပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၄ နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်နေ့ဖြစ်တယ်၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံမှ အစပြုခဲ့တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ပြည်သူ့တော်လှန်ရေးခရီးလမ်းမှာ မှတ်တမ်းတင်ထိုက်တဲ့ သမိုင်းဝင်နေ့ရက် တစ်ရက်လည်းဖြစ်တယ်ဆိုပြီးတော့ ဖော်ပြထားပါ တယ်။


မကဒတ(ကျောင်းသားတပ်မတော်)က စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစပြီး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေး ဦးတည်ချက် လေးရပ်ကိုကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ၊ တိုင်းရင်းသားအဖွဲ့ အစည်းများနဲ့ အတူ လက်တွဲတိုက်ပွဲဝင် လျက်ရှိနေပါတယ်။


ဒါ့အပြင် သဝဏ်လွှာထဲမှာ အကြမ်းဖက်စစ်တပ်က ပြည်သူ့အစိုးရဆီကနေ အာဏာကို သိမ်းပိုက်ရယူလိုက်ပြီး စစ်အာဏာသိမ်း မှုကို အကြမ်းမဖက်ဆန့်ကျင်ကြတဲ့ နိုင်ငံသားတွေကို အကြမ်းဖက်နှိမ်နင်းတာ၊ မတရားဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ အိုး အိမ်စည်းစိမ်ကို လုယူဖျက်ဆီးတာ၊ တိုင်းရင်းသားပြည်သူတွေကို သာလွန်စစ်အင်အားတွေနဲ့ ထိုးစစ်ဆင်တာနဲ့ ပြည်သူတွေရဲ့ ဒီ မိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ အစရှိတာတွေကို နေစဉ်ရက်ဆက်ပြုကျင့်နေတာ ကြောင့် တိုင်းရင်းသားပြည်သူတွေက ရရာနည်းလမ်းတွေနဲ့ အပြင်းအထန်ခုခံတွန်းလှန်နေကြချိန်လည်း ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရက ပြောကြားထားပါတယ်။


ဒီလိုအချိန်အခါမှာ ရှစ်လေးလုံးလူထုအရေးတော်ပုံနဲ့အတူ၊ ရှစ်လေးလုံး လူထုအရေးတော်ပုံရဲ့ စိတ်ဓါတ်နဲ့ မွေးဖွားသန့်စင်လာခဲ့ တဲ့ မကဒတ (ကျောင်းသားတပ်မတော်)က ပြည်သူနဲ့အတူ၊ ပြည်သူ့တပ်ဦးမှာ ရဲရဲဝံ့ဝံ့ ရှေ့ဆက်ဦးဆောင်မှုပေးနိုင်စေဖို့အတွက် ဆန္ဒပြုထားပါတယ်။
နှစ်ပေါင်း ၃၄ နှစ်တာကာလအတွင်း မကဒတ (ကျောင်းသားတပ်မတော်)ကို ခေါင်းဆောင်မှုပေးခဲ့ကြတဲ့ အဆက်ဆက်သော ခေါင်းဆောင်တွေနဲ့တကွ ၃၄ နှစ်တာကာလအတွင်း မကဒတ (ကျောင်းသားတပ်မတော်) ရဲ့ဦးဆောင်မှုအောက်မှာ ကိုယ်ကျိုးစွန့် အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသမီး၊ အမျိုးသားများ အားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေး အမြတ်ပြုရင် သဝဏ် လွှာကို ပေးပိုလိုက်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 11 Views
ဇန်နဝါရီလ (၈)ရက်။ ဒီကနေ့ နံနက် (၆)နာရီကျော်အချိန်က မြိုင်နယ်ထဲရှိ ကျေးရွာတွေကို စစ်တပ်က လေကြောင်းကနေ အကြောင်းမဲ့ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖထံက
မြန်မာသတင်း

မဲဆွယ်ရာမှာ “ တော်လှန်ရေး” စကားလုံး သုံးနှုန်းခဲ့တဲ့ ပြည်သူ့ပါတီကိုယ်စားလှယ်လောင်းကို စစ်တပ်က အလုပ်နဲ့ ထောင်(၁)နှစ်ချ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 15 Views
ဇန်နဝါရီလ (၈)ရက်။ ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်တဲ့ ပြည်သူ့ပါတီ ကိုယ်စားလှယ်လောင်း ဦးလွင်မြင့်ကို စစ်တပ်က ဒီကနေ့မှာ အလုပ်နဲ့ထောင်ဒဏ် (၁)နှစ်
မြန်မာသတင်း

ရွေးကောက်ပွဲဝင်ပြိုင်တဲ့ ကိုယ်စားလှယ်တွေ ကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 22 Views
ဇန်နဝါရီလ (၈)ရက်။ ရွေးကောက်ပွဲအပိုင်း(၁)မှာ ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း တင်သွင်းဖို့ စစ်ကော်မရှင်ရဲ့ ရွေး/ကော်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအပိုင်း(၁)ကို မြို့နယ် (၁၀၂)မြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ရွေးကောက်တင်မြှောက်ခံရတဲ့ ကိုယ်စားလှယ်တွေရဲ့ အမည်ကို
မြန်မာသတင်း

PNLA လှုပ်ရှားတဲ့ တောထဲ စစ်တပ်က ထိုးစစ်ဆင်တာကြောင့် နေ့တိုင်း တိုက်ပွဲတွေဖြစ်ပွားနေ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 23 Views
ဇန်နဝါရီလ (၈)ရက်။ အခုလထဲ PNLA လှုပ်ရှားတဲ့ တောထဲအထိ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က ထိုးစစ်ဆင်လာတာကြောင့် နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုလထဲ စကမနဲ့ PNO
မြန်မာသတင်း

ဂန့်ဂေါနယ် မြင်းဇာရွာဘုန်းကြကျောင်းကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 16 Views
ဇန်နဝါရီလ (၈)ရက်။ မနေ့က ညနေ (၆)နာရီခွဲကျော်အချိန်က ဂန့်ဂေါနယ် မြင်းဇာရွာရှိ ဘုန်းကြီးကျောင်းကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ညနေ (၆)နာရီ (၃၆)မိနစ်လောက် တံတားဦးလေတပ်ကနေ Yak-130 ဂျက်ဖိုက်တာနဲ့
မြန်မာသတင်း

သိမ်ဇရပ်မှာ ရွေးကောက်ပွဲကာကွယ်ဖို့ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပွား

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 8 ရက်
  • 44 Views
ဇန်ဝါရီလ (၇)ရက်။ ကျိုက်ထိုမြို့နယ်ရှိ သိမ်ဇရပ်မြို့မှာ အင်အား(၁၀၀)ကျော်ပါ စစ်တပ်စစ်ကြောင်းနဲ့ ကာကွယ်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းပကဖ တိုက်ခိုက်ရေးအဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တိုက်ပွဲဖြစ်တာက ဒီဇင်ဘာလ (၂၆)ရက်နေ့ကပါ။ သိမ်ဇရပ်မြို့မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို
မြန်မာသတင်း

ကော်သူးလေသမ္မတနိုင်ငံတော် တည်ထောင်တယ်လို့ KTLA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 35 Views
ဇန်နဝါရီလ (၇)ရက်။ ကော်သူးလေသမ္မတနိုင်ငံတော်(Republic of Kawthoolei)ကို တည်ထောင်လိုက်တယ်လို့ ကော်သူးလေအစိုးရ(G.O.K)က ဇန်နဝါရီလ (၅)ရက်နေ့မှာ ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အခုအခါ ပြိုကွဲပျက်စီးနေပြီဖြစ်တဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေတွေကနေ ခွဲထွက်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့ နိုင်ငံတော်သစ်တရပ်အနေနဲ့ တည်ထောင်တာလို့
မြန်မာသတင်း

ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်
  • 32 Views
ဇန်နဝါရီလ (၇)ရက်။ ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထားသူ (၃၃၅)ဦးရှိတယ်လို့ မနေ့ကပြုလုပ်တဲ့ ရွေးကောက်ပွဲလုံခြုံရေးကော်မတီအစည်းအဝေးမှာ ပြည်ထဲရေးဝန်ကြီး ထွန်းထွန်းနောင်က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ဇန်နဝါရီလ (၅)ရက်နေ့အထိ တိုင်းနဲ့ပြည်နယ်တွေမှာ ရွေးကောက်ပွဲဥပဒေနဲ့ စစ်တပ်က အရေးယူမှု (၂၄၀)မှာ အမျိုးသား (၂၇၅)ဦးနဲ့