နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

အမျိုးသားညီညွတ်ရေးအစိုးရက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့ စည်းတည်ထောင်ခြင်း ၃၄ နှစ်ပြည့်အခမ်းအနားသို့ သဝဏ်လွှာပေးပို့

အမျိုးသားညီညွတ်ရေးအစိုးရက နိုဝင်ဘာ ၁ ရက် (ဒီနေ့) မှာ ကျရောက်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်) ဖွဲ့ စည်းတည်ထောင်ခြင်း ၃၄ နှစ်ပြည့်အခမ်းအနားသို့ သဝဏ်လွှာပေးပို့လိုက် ပါတယ်။


သဝဏ်လွှာထဲမှာ ဒီနေ့က မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (မကဒတ) (ကျောင်းသား တပ်မတော်) ဖွဲ့စည်းတည်ထောင်ခြင်း ၃၄ နှစ်ပြည့်မြောက်တဲ့ အထိမ်းအမှတ်နေ့ဖြစ်တယ်၊ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးလူထုအရေးတော်ပုံမှ အစပြုခဲ့တဲ့ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ပြည်သူ့တော်လှန်ရေးခရီးလမ်းမှာ မှတ်တမ်းတင်ထိုက်တဲ့ သမိုင်းဝင်နေ့ရက် တစ်ရက်လည်းဖြစ်တယ်ဆိုပြီးတော့ ဖော်ပြထားပါ တယ်။


မကဒတ(ကျောင်းသားတပ်မတော်)က စတင်ဖွဲ့စည်းတည်ထောင်ချိန်မှစပြီး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနဲ့လူ့အခွင့်အရေး ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေးဆိုတဲ့ နိုင်ငံရေး ဦးတည်ချက် လေးရပ်ကိုကိုင်စွဲကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားစုများ၊ တိုင်းရင်းသားအဖွဲ့ အစည်းများနဲ့ အတူ လက်တွဲတိုက်ပွဲဝင် လျက်ရှိနေပါတယ်။


ဒါ့အပြင် သဝဏ်လွှာထဲမှာ အကြမ်းဖက်စစ်တပ်က ပြည်သူ့အစိုးရဆီကနေ အာဏာကို သိမ်းပိုက်ရယူလိုက်ပြီး စစ်အာဏာသိမ်း မှုကို အကြမ်းမဖက်ဆန့်ကျင်ကြတဲ့ နိုင်ငံသားတွေကို အကြမ်းဖက်နှိမ်နင်းတာ၊ မတရားဖမ်းဆီးသတ်ဖြတ်တာ၊ ပြည်သူတွေရဲ့ အိုး အိမ်စည်းစိမ်ကို လုယူဖျက်ဆီးတာ၊ တိုင်းရင်းသားပြည်သူတွေကို သာလွန်စစ်အင်အားတွေနဲ့ ထိုးစစ်ဆင်တာနဲ့ ပြည်သူတွေရဲ့ ဒီ မိုကရေစီနဲ့ လူ့အခွင့်အရေးတွေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာ အစရှိတာတွေကို နေစဉ်ရက်ဆက်ပြုကျင့်နေတာ ကြောင့် တိုင်းရင်းသားပြည်သူတွေက ရရာနည်းလမ်းတွေနဲ့ အပြင်းအထန်ခုခံတွန်းလှန်နေကြချိန်လည်း ဖြစ်တယ်လို့ အမျိုးသား ညီညွတ်ရေးအစိုးရက ပြောကြားထားပါတယ်။


ဒီလိုအချိန်အခါမှာ ရှစ်လေးလုံးလူထုအရေးတော်ပုံနဲ့အတူ၊ ရှစ်လေးလုံး လူထုအရေးတော်ပုံရဲ့ စိတ်ဓါတ်နဲ့ မွေးဖွားသန့်စင်လာခဲ့ တဲ့ မကဒတ (ကျောင်းသားတပ်မတော်)က ပြည်သူနဲ့အတူ၊ ပြည်သူ့တပ်ဦးမှာ ရဲရဲဝံ့ဝံ့ ရှေ့ဆက်ဦးဆောင်မှုပေးနိုင်စေဖို့အတွက် ဆန္ဒပြုထားပါတယ်။
နှစ်ပေါင်း ၃၄ နှစ်တာကာလအတွင်း မကဒတ (ကျောင်းသားတပ်မတော်)ကို ခေါင်းဆောင်မှုပေးခဲ့ကြတဲ့ အဆက်ဆက်သော ခေါင်းဆောင်တွေနဲ့တကွ ၃၄ နှစ်တာကာလအတွင်း မကဒတ (ကျောင်းသားတပ်မတော်) ရဲ့ဦးဆောင်မှုအောက်မှာ ကိုယ်ကျိုးစွန့် အသက်ပေးတာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသမီး၊ အမျိုးသားများ အားလုံးကို ဂုဏ်ယူစွာ ဦးညွတ်အလေး အမြတ်ပြုရင် သဝဏ် လွှာကို ပေးပိုလိုက်ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 25 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 24 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 21 Views
ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို မင်းအောင်လှိုင် သက်သေပြဖို့ သားဖြစ်သူ တိုက်တွန်းထား ဧပြီလ (၁)ရက်။ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်နေသေးတာကို သက်သေပြဖို့ သားဖြစ်သူ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက မင်းအောင်လှိုင်ကို တိုက်တွန်း ပြောဆို ထားတယ် လို့ သိရပါတယ်။
မြန်မာသတင်း

ပခုက္ကူခရိုင်ထဲ မိတ်ဖက်ပဋိပက္ခတွေကို ဆွေးနွေးအဖြေရှာဖို တော်လှန်ရေးအင်အားစုတွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 26 Views
ဧပြီလ (၁)ရက်။ ပခုက္ကူခရိုင်ထဲ ဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခကို ဆွေးနွေးအဖြေရှာဖို ဒေသထဲရှိ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်တိုက်တွန်းထားတယ်လို သိရပါတယ်။ ပခုက္ကူခရိုင်ထဲ သယံဇာတအရင်းအမြစ်နဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေကြား ပွတ်တိုက်တာတွေ ဖြစ်ပွားနေတာကို ဝမ်းနည်းစွာ ကြားသိရတယ်လို ဆိုပါတယ်။ အဲ့ဒီဖြစ်ပွားနေတဲ့ မိတ်ဖက်ပဋိပက္ခဟာ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို PCB ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 28 Views
ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်/ကျဉ်းတွေကို အမြန်ဆုံးပြန်လွှတ်ဖို့ PCB ထုတ်ပြန် PCB ကို တိုင်းပြည်ရဲ့ပြဿနာ ဖြေရှင်းဖို့ မူဝါဒတူညီသူတွေ ပူးပေါင်းစုဖွဲတာလို့ဆို မတ်လ (၃၁)ရက်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေကို ခြွင်းချက်မရှိ
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဒုသမ္မတ ဖြစ်လာ

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 32 Views
မတ်လ (၃၁)ရက်။ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့လွှတ်တော်မှာ ဒုသမ္မတ ရွေးချယ်ရေးတဲ့ ဒုတိယနေ့အစည်းအဝေးကို ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအစည်းအဝေးမှာ ဒုသမ္မတအနေနဲ့ အမည်စာရင်းတင်သွင်းထားတဲ့ မင်းအောင်လှိုင်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ မဲအများဆုံးနဲ့ ရွေးချယ်ခံရတာလို ဆိုပါတယ်။ မဲခွဲရွေးချယ်ရာမှာ
မြန်မာသတင်း

ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ မတ်လ 31 ရက်
  • 27 Views
ဒေသထဲ လက်နက်နဲ့ ပဋိပက္ခတွေမဖြစ်စေဖို့ မြိုင်ပကဖ အကြောင်းကြား မတ်လ (၃၁)ရက်။ မြိုင်မြို့နယ်ထဲ လက်နက်နဲ့ ပဋိပက္ခတွေ မဖြစ်အောင် ကြိုတင်ဆောင်ရွက်ထားရှိဖို့ မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို သိရပါတယ်။ မြိုင်မြို့နယ်ပကဖအနေနဲ့ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရာမှာ ပြင်းပြင်းထန်ထန်