နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ယနေ့ (၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက်) တွင် အိမ်ဖြူတော်မှနေ၍ အီရန်စစ်ပွဲနှင့် ပတ်သက်ပြီး နိုင်ငံတော်သို့ မိန့်ခွန်းပြောကြားခဲ့ပါသည်။ ၎င်း၏ မိန့်ခွန်းတွင် ပါဝင်သော အဓိကအချက်များကို ဖော်ပြပေးလိုက်ပါသည်။

အီရန်စစ်ပွဲနှင့်ပတ်သက်၍ သမ္မတထရန့်၏ မိန့်ခွန်း (၂၀၂၆၊ ဧပြီ ၂)

၁။ မဟာဗျူဟာမြောက် ရည်မှန်းချက်များ ပြီးဆုံးလုနီးပြီဖြစ်ခြင်း

စစ်ဆင်ရေးစတင်ခဲ့သည့် လေးပတ်တာကာလအတွင်း အဓိကကျသော မဟာဗျူဟာမြောက် ရည်မှန်းချက်များမှာ “ပြီးဆုံးလုနီးပါး” ဖြစ်နေပြီဟု ထရန့်က ပြောကြားခဲ့ပါသည်။

၂။ “အလုပ်ကို အပြတ်ဖြတ်မည်” နှင့် အချိန်ဇယား

လာမည့် နှစ်ပတ်မှ သုံးပတ်အတွင်း “အလုပ်ကို အပြတ်ဖြတ်မည်” ဟု ၎င်းက ကတိပြုခဲ့ပြီး ကျန်ရှိနေသော ခြိမ်းခြောက်မှုများကို အမြန်ဆုံးနှင့် အပြတ်အသတ် ခြေမှုန်းသွားမည်ဟု ဆိုပါသည်။

၃။စစ်ရေးစွမ်းဆောင်ရည်များကို ဖျက်ဆီးနိုင်မှု

အီရန်၏ ရေတပ်မှာ အတော်များများ ပျက်စီးသွားပြီဖြစ်ကြောင်း၊ လေတပ်မှာလည်း အပျက်အစီးပုံဘဝ ရောက်နေပြီဖြစ်ကြောင်းနှင့် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ ကွပ်ကဲမှုစနစ်များမှာလည်း ပြိုကွဲပျက်စီးသွားပြီဖြစ်ကြောင်း ထရန့်က အလေးပေး ပြောကြား ခဲ့သည်။

၄။ နျူကလီးယား လက်နက်ပိုင်ဆိုင်မှုကို တားဆီးခြင်း

အီရန်အနေဖြင့် နျူကလီးယားလက်နက်ကို မည်သည့်အခါမျှ ပိုင်ဆိုင်ခွင့်ရမည်မဟုတ်ဟူသော ၎င်း၏ ကာလရှည်ရည်မှန်းချက်ကို ထပ်လောင်းပြောကြားခဲ့ပြီး၊ ယခုစစ်ဆင်ရေးသည် အီရန် အစိုးရ၏ နျူကလီးယား ရည်မှန်းချက်များကို “ထပ်မံမလုပ်နိုင်စေရန်သင်းကွပ်ပေး” နိုင်ခဲ့ သည်ဟု ဆိုပါသည်။

၅။ မဟာမိတ်များ၏ တာဝန်နှင့် စွမ်းအင်လုံခြုံရေး

ထရန့်က အရှေ့အလယ်ပိုင်းမှ ရေနံကို မှီခိုနေရသည့် နိုင်ငံများအနေဖြင့် (Strait of Hormuz) ရေလက်ကြားကို စောင့်ရှောက်ရန် ပိုမိုတာဝန်ယူသင့်ကြောင်း တိုက်တွန်းခဲ့ပြီး၊ အမေရိကန် သည် ယခုအခါ စွမ်းအင်ဖူလုံသော နိုင်ငံဖြစ်ကြောင်း အလေးပေး ပြောဆိုခဲ့ ပါသည်။

မှတ်ချက်။ အမေရိကန်သည် အီရန်ကို “အပြင်းအထန်” ထိုးနှက်နေသော်လည်း၊ အဓိကရည်မှန်းချက်များ ပြည့်ဝသည်နှင့်တစ်ပြိုင်နက် စစ်ပွဲကို အမြန်ဆုံး အဆုံးသတ်ရန်မှာ နောက်ဆုံးပန်းတိုင်ဖြစ်ကြောင်း ထရန့်က ဆိုပါသည်။

ဝါရှင်တန်ရှိ အိမ်ဖြူတော်၏ Cross Hall တွင် ဗုဒ္ဓဟူးနေ့ ညနေပိုင်းက သမ္မတ ဒေါ်နယ်ထရမ့် အီရန်စစ်ပွဲအကြောင်း ပြောကြားချက်ကို ပူးတွဲစစ်ဦးစီးချုပ်များ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး Dan Caine နှင့်အတူ နိုင်ငံခြားရေးဝန်ကြီး Marco Rubio နှင့် ကာကွယ်ရေးဝန်ကြီး Pete Hegseth တို့သည် နားထောင်နေကြသည်။ (ဓာတ်ပုံ )- Doug Mills/The New York Times/Pool/AP)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက