နိုဝင်ဘာ (၂) | မန္တလေး
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ ခရစ်ယာန် မိဘမဲ့ကလေးကျောင်းကို အကြမ်းဖက် စစ်တပ်က ညတွင်းချင်း ချိတ်ပိတ်လိုက်ကြောင်းသိရသည်။
ချိတ်ပိတ်လိုက်ပြီး ပစ္စည်းများ အပြင်ထုတ်ကာ အားလုံးလမ်းပေါ်ရောက်နေသဖြင့် မိဘမဲ့ကလေးများမှာ အိပ်စရာမရှိဘဲ လမ်းမပေါ်တွင်ဒုက္ခရောက်နေကြကြောင်းသိရသည်။ ချိတ်ပိတ်ရတဲ့အကြောင်းအရင်းကတော့ PDF နဲ့ ပတ်သက်သည်ဟုဆိုကာ ယခုကဲ့သို့ ညတွင်းချင်းလာရောက် ချိတ်ပိတ်ကြခြင်းဖြစ်သည်။
လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် နှင့် အဖွဲ့သည် ချိတ်ပိတ်ထားသော မိဘမဲ့ကျောင်း အနီးအနားတွင် အရပ်ဝတ်ပုံစံများဖြင့် စောင့်ကြည့်နေ ပြီး တပ်အင်အားကိုလည်း တိုးချဲ့ ချထားကြောင်း မန္တလေးမြို့ခံများကပြောကြားကြသည်။
Moe Z / Era’sEye | Photo – CRD – မိဘမဲ့ကလေးကျောင်း ကို ချိတ်ပိတ်ထားသည်ကိုတွေ့ရစဉ်။