၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက်
ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။
Max Techonology Industry မှ အလုပ်သမား ၁၃၀၀ ကျော်သည် မတ်လ၂၁ရက်နေ့မှစ၍ လုပ်ခလစာတိုးပေးရန် သပိတ်မှောက် ဆန္ဒပြနေသည်မှာ (၃)ရက်တွင်းသို့ ရောက်ရှိလာပြီ ဖြစ်ကြောင်းသိရပါသည်။
စက်ရုံဖက်မှကြေငြာချက်တစောင်ထုတ်ပြန်ခဲ့ပြီး အလုပ်မဆင်းရင် လစာပေးမှာ မဟုတ်ဘူး ဆိုသည့်သဘောပါသည့် “No work, No Pay” မူဝါဒကိုထုတ်ပြန်ခဲ့သည့်အတွက် အခြေအနေ တင်းမာနေခဲ့သည်။
အလုပ်သမားမှ တရက်လုပ်အားခ ၁၂၀၀၀ ကျပ် ပေးဖို့၊ အချိန်ပိုကြေး ၂၅၀၀၊ ရက်မှန်ကြေး စတာတွေနဲ့ရသင့်ရထိုက်သည့် အလုပ်သမား အခွင့်အရေးများကို တောင်းဆိုနေကြသည်။
အလုပ်သမားများက “၉၅၀၀ လုပ်အားခ၊ မိသားစုအတွက် မလောက်ငှ”၊ “အလုပ်သမား အခွင့်အရေး၊ အပြည့်အဝပေး”၊ “ဒေးကြေး ၁၂၀၀၀၊ တိုးပေး” စတာတွေ ကိုကြွေးကြော် ခဲ့ကြတယ်ဟုသိရပါသည်။








