နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ

​NUG အစိုးရပြောရေးဆိုခွင့်ရှိသူ တာဝန်ပြောင်းလဲခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဒီဇင်ဘာ(၁၄) ရက် ဒီကနေ့ ရက်စွဲနဲ့ NUG က ထုတ်ပြန်ကြေညာထားသည်။


အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခံရသည့်သူများမှာ ဦးကျော်ဇော် (နိုင်ငံတော်သမ္မတရုံး) နှင့် ဦးနေဘုန်းလတ် (ဝန်ကြီးချုပ်ရုံး) တို့ ဖြစ်ကြသည်။

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ယခင်က ခန့်အပ်တာဝန်ပေးထားတဲ့ ပြည်ထောင်စုဝန်ကြီးများသည် သက်ဆိုင်ရာဝန်ကြီးဌာနလုပ်ငန်းတာဝန်တွေများပြားတဲ့အတွက်ကြောင့်ယခုကဲသို့ ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအသီးသီးရဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေက ၎င်းတို့ ဝန်ကြီးဌာန တွေရဲ့ သက်ဆိုင်တဲ့အကြောင်း အရာများအတွက် ပြောရေးဆိုခွင့်ရှိသူများအဖြစ် တည်ရှိပြီးဖြစ်ကြောင်းကိုလည်း ထုတ်ပြန် ချက်ထဲ ဖော်ပြထားသည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ယာယီသမ္မတ၏ဆောင်ရွက်ချက်များ၊ အစိုးရ၏မူဝါဒများ၊ သမ္မတရုံးနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များကို ဦးစားပေး ထုတ်ဖော်ပြောကြားရမည်ဖြစ်သည်။

ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ မူဝါဒများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဦးစားပေး ထုတ်ဖော် ပြောကြားရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

မြန်မာနိုင်ငံကို ဒေါက်တာ ဒေးဗစ် ဟော့ကင်းစ် (Dr. David R. Hawkins, M.D., Ph.D. (1927-2012)) ၏ Power vs Force နှင့် သုံးသပ်ကြည့်ခြင်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 8 ရက်
  • 174 Views
Grace ရေးသားသည်။ ကျမငယ်ငယ်တုန်းက ၁၀ နှစ်ကနေ ၁၄ နှစ်လောက်မှာ ကျမအဖိုးဆီကို သွားတိုင်း ဒလကနေ ကော့မှူးကို ကားနဲ့သွားရင်း
ဆောင်းပါးများ ဘာသာပြန်ဆောင်းပါး အတွေးအမြင်ကဏ္ဍ

ဘဝကို ပြောင်းလဲပေးနိုင်သော ဗုဒ္ဓ၏ ဟောကြားချက်များ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 6 ရက်
  • 548 Views
Grace ဘာသာပြန် ရေးသားသည်။ ဤအကြောင်းအရာများကို ဂျပန်လူငယ် YouTuber ကူရိုမာရု၏ ပြောထားချက်များကို Grace မှ ဘာသာပြန် ဖော်ပြထားခြင်း
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေဖို့ ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 21 ရက်
  • 1.80K Views
Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်နဲ့ အာရုံစူးစိုက်မှု ပြန်လည်ကောင်းမွန်လာစေရန် နည်းလမ်း ၃ ချက် ဗုဒ္ဓဂေါတမရဲ့ ကျင့်စဉ်အပေါ်မှာ အခြေခံထားတဲ့ Mindfulness Mediation (သတိကပ်တဲ့တရားထိုင်နည်း) ကျင့်စဉ်ကို ဗုဒ္ဓဘာသာဝင်တွေအပြင် ဘာသာမဲ့တွေ၊ တခြားဘာသာဝင်တွေလည်း လုပ်ကြည့်နိုင်ပါတယ်။
အတွေးအမြင်ကဏ္ဍ

ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။

  • 2025 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 1.27K Views
ဘုံရန်သူပျောက်ပြီးအချင်းချင်းသတ်ကြတော့မှာလား။ ဇူလိုင်၁၅ရက်နေ့က ဆိုင်ကယ်စီး ခရီးထွက်လာတဲ့ GZA ခေါင်းဆောင် ကိုဂျီဇက်နဲ့ ရဲဘော် ၄ ယောက်တို့ကို ဂန့်ဂေါ်မြို့နယ်ထီးလင်းနားမှာ ဂန့်ဂေါခရိုင်တပ်ရင်း(၁၀)တပ်ခွဲ(၇)က ပစ်ခတ် ခဲ့တဲ့အတွက် GZAက တပ်ရင်းမှူးတယောက်နဲ့ ကိုယ်ရံတော်ရဲဘော်တယောက် ကို ကျဥ်ထိမှန်ခဲ့ပြီးဖမ်းဆီးခံခဲ့ရပါတယ်။ မော်တော်ဆိုင်မောင်းတဲ့
အစ္စရေး အတွေးအမြင်ကဏ္ဍ အရှေ့အလယ်ပိုင်း

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး)

  • 2025 ခုနှစ်၊ ဇူလိုင်လ 5 ရက်
  • 1.20K Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့်ဖြစ်ခဲ့တာလဲ? (ဒုတိယပိုင်းနိဂုံး) ဒုတိယပိုင်းမှာ စစ်ဖြစ်ရတဲ့အကြောင်းရင်းများနဲ့ ဘယ်နှစ်ကြိမ်ဖြစ်ခဲ့သလဲ ဘယ်သူတွေက အနိုင်ရသလဲ၊  အနိုင်ရသူကဘာအကျိုးအမြတ်တွေရခဲ့သလဲဆိုတာတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဦးထွန်းအောင်ကျော်ကသူဟာလူသားဝါဒီတယောက်ဖြစ်ပြီး ဘယ်ဘက်မှ မလိုက်ပဲ သမိုင်းအထောက်အထားတွေကိုကိုးကားပြီး ပြဿနာရဲ့အရင်းမြစ်ကို လေ့လာ တင်ပြထားတယ်လို့ဆိုပါတယ်။ မြန်မာပြည်သူ ပြည်သားများ
အတွေးအမြင်ကဏ္ဍ

အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? (ပထမပိုင်း)

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 1.08K Views
အာရပ်-အစ္စရေးစစ်ပွဲ ဘာကြောင့် ဖြစ်လာရသလဲ? မြန်မာနိုင်ငံကတချို့သူတွေက အာရပ်တွေက မွတ်ဆလင်တွေ ဖြစ်တဲ့အတွက် အစ္စရေးကို ထောက်ခံကြတယ်။ မြန်မာဗုဒ္ဓဘာသာဝင်တွေ အထူးသဖြင့် မဘသတွေက မွတ်ဆလင်တွေ ကို မုန်းတီးကြတယ်။ ရန်သူလို့သတ်မှတ်တယ်။ ဒါကြောင့် အစ္စရေးကို ထောက်ခံကြတယ်။ ပါလက်စတိုင်းတွေကို
ဆောင်းပါးများ မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာ့အိမ်နီးချင်းတွေ ယုတ်မာနေကြပြီလား။

  • 2025 ခုနှစ်၊ မေလ 25 ရက်
  • 1.43K Views
သမိုင်းကို ပြန်လည်တူးဖော်ကြည့်ခြင်း မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံများဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို စိတ်မဝင်စားကြပါဘူး။ စိတ်မဝင်စားတဲ့အပြင် သူတို့အကျိုးအမြတ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်နေမှုကို နင်းချဖို့၊ ဖျက်စီးနှောက်ယှက်ဖို့လည်း ဝန်မလေးကြပါဘူး။ ဒီနေ့ကမ္ဘာ့နိုင်ငံရေးအလှည့်အပြောင်းက အလွန်ကြောက်စရာကောင်းပါတယ်။ ဒီမိုကရေစီရေးနဲ့ လူ့လွတ်လပ်ခွင့်တွေထဲက
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

“ဝေဖန်သူတွေကို အမုန်းပွား၊တော်လှန်ရေးကိုဘေးမှာထား၊ နိုင်ငံခြားကိုသွား”

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 1.07K Views
ဒီနေ့ မေလ (၁၈) ရက်နေ့ တနင်္ဂနွေစကားဝိုင်းမှာ ပင်တိုင်ဆွေးနွေးသူများဖြစ်တဲ့ဦးထွန်းအောင်ကျော် နဲ့ ဦးထွန်းကြည်တို့က (၁) မြန်မာနိုင်ငံဆိုင်ရာ အထူး အကြံပေးကောင်စီ(SAC-M)ရဲ့ ထုတ်ပြန်ချက်အပေါ် အမြင် (၂) NUG ဝန်ကြီးတူးခေါင်ရဲ့ ဝေဖန်ထောက်ပြသူတွေကို ဖက်ဆစ်စစ်တပ်နဲ့ ခိုင်းနှိုင်းစွပ်စွဲတဲ့