နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဇူလိုင်လ 27 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ

​NUG အစိုးရပြောရေးဆိုခွင့်ရှိသူ တာဝန်ပြောင်းလဲခန့်အပ်

အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ (NUG) ၏ ပြောရေးဆိုခွင့်ရှိသူ တာဝန်ကို ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဒီဇင်ဘာ(၁၄) ရက် ဒီကနေ့ ရက်စွဲနဲ့ NUG က ထုတ်ပြန်ကြေညာထားသည်။


အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူအဖြစ် ပြောင်းလဲ တာဝန်ပေးအပ်ခံရသည့်သူများမှာ ဦးကျော်ဇော် (နိုင်ငံတော်သမ္မတရုံး) နှင့် ဦးနေဘုန်းလတ် (ဝန်ကြီးချုပ်ရုံး) တို့ ဖြစ်ကြသည်။

အမျိုးသားညီညွတ်ရေး အစိုးရရဲ့ ပြောရေးဆိုခွင့်ရှိသူများအဖြစ် ယခင်က ခန့်အပ်တာဝန်ပေးထားတဲ့ ပြည်ထောင်စုဝန်ကြီးများသည် သက်ဆိုင်ရာဝန်ကြီးဌာနလုပ်ငန်းတာဝန်တွေများပြားတဲ့အတွက်ကြောင့်ယခုကဲသို့ ပြောင်းလဲခန့်အပ်တာဝန်ပေးလိုက်တာဖြစ်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးဌာနအသီးသီးရဲ့ ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုတိယဝန်ကြီးတွေက ၎င်းတို့ ဝန်ကြီးဌာန တွေရဲ့ သက်ဆိုင်တဲ့အကြောင်း အရာများအတွက် ပြောရေးဆိုခွင့်ရှိသူများအဖြစ် တည်ရှိပြီးဖြစ်ကြောင်းကိုလည်း ထုတ်ပြန် ချက်ထဲ ဖော်ပြထားသည်။

သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူက ယာယီသမ္မတ၏ဆောင်ရွက်ချက်များ၊ အစိုးရ၏မူဝါဒများ၊ သမ္မတရုံးနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များကို ဦးစားပေး ထုတ်ဖော်ပြောကြားရမည်ဖြစ်သည်။

ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူက ဝန်ကြီးချုပ် အပါအဝင် အစိုးရအဖွဲ့အတွင်း ဆောင်ရွက်ချက်များ၊ အစိုးရ၏ မူဝါဒများနှင့်သက်ဆိုင်သည့် သတင်းအချက်အလက်များကို ဦးစားပေး ထုတ်ဖော် ပြောကြားရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

စစ်နိုင်အောင်တိုက်ဖို့ ဘာတွေလိုနေလဲ။

  • 2024 ခုနှစ်၊ မတ်လ 22 ရက်
  • 118 Views
ခေတ်မျက်လုံးရဲ့ အတွေးအမြင် အစီအစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအပတ်မှာတော့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်နဲ့ ABSDF ဥက္ကဋ္ဌဟောင်း ဦးထွန်းအောင်ကျော်တို့က စစ်နိုင်အောင် မတိုက်တဲ့အတွက်
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

ခေတ်မျက်လုံးရဲ့ တွေ့ဆုံမေးမြန်း အစီအစဉ်

  • 2024 ခုနှစ်၊ မတ်လ 4 ရက်
  • 96 Views
ခေတ်မျက်လုံးရဲ့ တွေ့ဆုံမေးမြန်း အစီအစဉ်ကနေ လက်ရှိနိုင်ငံရေး အခြေအနေနဲ့ တော်လှန်ရေးအင်အားစုတွေအကြား လိုအပ်ချက်တွေ၊ အားနည်းချက်နဲ့ အားသာချက်တွေကို တရားလွှတ်တော်ရှေ့နေကြီးဦးကြီးမြင့်နဲ့ ကျောင်းသားတပ်မတော်ဥက္ကဋ္ဌဟောင်းဦးထွန်းအောင်ကျော်တို့က သူတို့ရဲ့ပုဂ္ဂိကအမြင်တွေကို တွေ့ဆုံဆွေးနွေးထားတာကို
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

မြန်မာစစ်တပ်က ဘင်္ဂလားဒေ့ရှ်ကို စစ်တိုက်ဖို့ ကြိုးစားနေပါတယ်။

  • 2024 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 27 ရက်
  • 129 Views
ဖေဖော်ဝါရီလ (၂၄) ရက်နေ့ထုတ် Dhaka Tribune တွင်ပါရှိသည့် RAB DG: Myanmar trying to wage war against Bangladesh ကို ဘာသာပြန်ထားပါသည်။ ခြေမြန်လှုပ်ရှားမှုတပ် (Rapid Action
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

ဦးခွန်းမတ်ရ်ကိုဘန် – တော်လှန်ရေးမှာ ဖက်ဒရယ်မူကြမ်း ဘာကြောင့်လိုအပ်သလဲ။

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 30 ရက်
  • 203 Views
ဦးခွန်းမတ်ရ်ကိုဘန်ဟာ ၁၉၉၀ ရွေးကောက်ပွဲ အတွေ့အကြုံတွေကနေ အမျိုးသားညွန့်ပေါင်းအစိုးရရဲ့ ဖက်ဒရယ်နဲ့ တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ဖက်ဒရယ်ဥပဒေ ဒုတိယမူကြမ်းကို ဦးဆောင်ရေးဆွဲခဲ့သူလည်း ဖြစ်ပါတယ်။ CRPP ဖွဲ့စဉ်က တိုင်းရင်းသားများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ လက်တွဲခဲ့ကြပြီး နောက်ပိုင်းတိုင်းရင်းသားတွေက ဘာကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို
မြန်မာသတင်း အတွေးအမြင်ကဏ္ဍ

စစ်ကို ဘာ့ကြောင့်နိုင်အောင်တိုက်သင့်သလဲ(တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်)

  • 2023 ခုနှစ်၊ ဒီဇင်ဘာလ 3 ရက်
  • 157 Views
ခေတ်မျတ်လုံးရဲ့တွေ့ဆုံမေးမြန်းအစီအဉ်ကနေကြိုဆိုပါတယ် ဒီကနေ့မှာဆိုရင် စစ်ကိုဘာ့ကြောင့် နိုင်အောင်တိုက်သင့်သလဲဆိုတဲ့ ခေါင်းစဉ်ကို အခြေပြုပြီး တိုက်ရိုက်ဆွေး‌နွေးတင်ဆက်ထုတ်လွှင့်သွားမှာပါ။ ဒီအစီအစဉ်မှာ အမျိုသားညီညွတ်ရေးအစိုးရ NUG ကို အကြံပြုဆွေးနွေးမှုတွေ ပါဝင်မှာ ဖြစ်သလို လက်တစ်လော မြန်မာ့နိုင်ငံရေးအခြေအနေနဲ့ စစ်ကောင်စီရဲ့ တန်ပြန်မှုတွေကိုလည်း ဝေဖန်ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဆွေးနွေးသွားဖို့အတွက်
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ အယ်ဒီတာ့အာဘော်

ယခင်တပ်မတော်နဲ့ ယနေ့တပ်မတော် ဘာတွေ ကွာခြားလဲ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်
  • 117 Views
ခေတ်မျက်လုံးရဲ့ ပင်တိုင်ဆောင်းပါးရှင် ဦးထွန်းအောင်ကျော်မှ ရေးသားသည့်ဆောင်းပါး ဖြစ်ပါသည်။ တပ်မတော်သားတွေရဲ့ လူနေမှု အဆင့်အတန်းကို လေ့လာရင် ဦးနုလက်ထက်ကနေ ဗိုလ်နေဝင်း အာဏာသိမ်းခါစအထိ ပြည်သူက တော်လှန်ရေးနေ့ (အခုတပ်မတော်နေ့) ရောက်တိုင်း စစ်ရေးပြချီတက်လာတဲ့ တပ်မတော်သားတွေကို ပန်းကုံးစွပ် ကြိုဆိုကြတယ်။
Exclusive Interview Myanmar Politics အတွေးအမြင်ကဏ္ဍ

စစ်အုပ်စုခေါင်းဆောင်ရဲ့ NCA မိန့်ခွန်းအပေါ် ဝေဖန်ထောက်ပြချက်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 19 ရက်
  • 99 Views
စစ်အုပ်စုခေါင်းဆောင်ရဲ့ NCA မိန့်ခွန်းအပေါ် ဦးထွန်းအောင်ကျော်ရဲ့ ဝေဖန်ထောက်ပြချက်တွေကို ကြည့်ရှုနားဆင်နိုင်ပါပြီ။ Subscribes ပြုလုပ်ထားခြင်းဖြင့် အားပေးကြည့်ရှုနိုင်ပါပြီ။
ဆောင်းပါးများ အတွေးအမြင်ကဏ္ဍ

ရွှေ့ပြောင်းအလုပ်သမားချင်းအတူတူ အစ္စရေးက ထိုင်းရွှေ့ပြောင်းအလုပ်သမားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ဘယ်လိုကွာခြားသလဲ။

  • 2023 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 106 Views
သောကြာနေ့တွင် ဘွန်းချိုင်း ဆေရန် (Boonchai Saeyang) သည် ထိုင်းနိုင်ငံသို့ ပြန်ရောက်သောအခါ ဂါဇာကမ်းမြောင်အနီးရှိ လယ်ကွင်းတစ်ခုတွင် အလုပ်လုပ်ရန် အစ္စရေးတွင် နောက်ချန်ကျန်နေရစ်ခဲ့သော သူ့လုပ်ဖော်ကိုင်ဖက် ထိုင်းလူမျိုးများအကြောင်း တွေးနေမှု ရှိလာခဲ့သည်။ သူတို့နေခဲ့သည့် အစ္စရေးရွာတွင် အရပ်သားတွေကို