စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ် ကို စစ်ကောင်စီတပ်က ဒီဇင်ဘာ (၂၀)ရကိက စစ်ကြောင်းထိုး ဝင်ရောက် ပစ်ခတ်ခဲ့တဲ့ အတွက် မော်လိုက်ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရ ကြောင်းသိရသည်။









Photo -CJ – မော်လိုက်ဒေသစစ်ဘေးရှောင်များကိုတွေ့ရစဥ်။
မော်လိုက်ဒေသသည် အင်တာနက် နှင့်ဖုန်းလိုင်းအဆက်သွယ်တွေများ ဖြတ်တောက်ခံထားရသည့်ဒေ သတစ်ခုလည်း ဖြစ်သည်။မော်လိုက်မြို့နယ်ကို စစ်ကောင်စီ က ကုန်းကြောင်း ၊လေကြောင်းများ နှင့်စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ရွာပေါင်း (၁၃)ရွာကို မီးရှို့ဖျက်ဆီးခဲ့ ကြောင်းဒေသခံများထံကသိရသည်။
လက်ရှိအချိန်တွင် စစ်ဘေးရှောင်ဦးရေ တသောင်းခွဲ ဟာ ဒုက္ခမျိုးစုံနဲ့ ရင်ဆိုင်နေရပြီး ဖြစ်သလိုတိမ်းရှောင်နေရတဲ့အတွက် နေစရာ၊ စားစရာနဲ့ အဝတ်အထည်များနှင့် ကျန်းမာရေး ဆိုင်ရာ ပြုစုစောင့်ရှောက်မှုများလည်းအရေးပေါ်လိုအပ်နေကြောင်း သိရသည်။