စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲက ရွာသစ်ကျေးရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ရွာသစ်ကုန်း ပျူ အင်အား ၄၀ ကျော်ကဇွန်(၁)ရက် မနက်အစောပိုင်းက ပစ်ခတ်ဝင်ရောက် မီးရှို့နေတယ်လို့သိရပါတယ်။

အခုလိုစစ်တပ်က မီးတင်ရှို့နေ တာကြောင့်
ရွာသစ်ကျေးရွာအပါအဝင် ချမ်းသာကုန်းကျေးရွာ၊ညောင်ပင်ခြံကျေးရွာ၊ ဆည်ကြီးကျေးရွာ၊မူးသာကျေးရွာ စတဲ့ ကျေးရွာတွေက ဒေသခံ(၃၀၀၀)ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလက်ရှိ မှာ အဲဒီစစ်တပ်ငစစ်ကြောင်းဟာ အင်အား ၂၀ ကျော်ထပ်တိုးအင်အားနဲ့ မူးသာကျေးရွာဘက်ကိုဝင်ရောက်သွားတယ်လို့ သိရပါတယ်။
Era’sEye/Photo/CJ