နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 25 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ရုရှား၏ နွေဦးထိုးစစ် အရှိန်မြင့်လာသည်နှင့်အမျှ ယူကရိန်းသို့ ဒရုန်းစင် ၁,၀၀၀ ကျော်ဖြင့် ပစ်ခတ်တိုက်ခိုက်

CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်

မော်စကိုက စစ်မြေပြင်တွင် ကမ်ပိန်းအသစ်တစ်ခု စတင်လိုက်သည်နှင့်အမျှ ရုရှားသည် ယခုသီတင်းပတ်အတွင်း ယူကရိန်းအပေါ် အကြီးအကျယ် တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး လွန်ခဲ့သည့် ၃၆ နာရီအတွင်း ဒရုန်းအစင်းရေ ၁,၀၀၀ ကျော် ပစ်ခတ်ခဲ့သည်။

တနင်္လာနေ့ညမှ အင်္ဂါနေ့အထိ ဒရုန်း ၃၉၂ စင်း ပစ်ခတ်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။ အင်္ဂါနေ့တွင် တစ်နိုင်ငံလုံးရှိ ပစ်မှတ်များသို့ နေ့ခင်းဘက်၌ ရှားရှားပါးပါး နှင့် သေစေနိုင်သော တိုက်ခိုက်မှုအဖြစ် ဒရုန်း ၅၅၀ ကျော် ပစ်ခတ်ခဲ့ကြောင်း စစ်တပ်က ဆိုသည်။ ထို့အပြင် ရုရှားသည် ဗုဒ္ဓဟူးနေ့ အရုဏ်မတက်မီတွင် ဒရုန်း ၁၄၇ စင်း ထပ်မံ ပစ်ခတ်ခဲ့ပြီး နေရာပေါင်း တစ်ဒါဇင်ကျော်ကို ထိမှန်ခဲ့ကြောင်း လေတပ်က ထပ်လောင်း ပြောကြားခဲ့သည်။

ယူကရိန်းအရှေ့ပိုင်းတွင် ရုရှားတပ်ဖွဲ့ဝင်များက တင့်ကားနှင့် သံချပ်ကာယာဉ် အစီးရေ ဒါဇင်ပေါင်းများစွာ အသုံးပြု၍ နွေဦးထိုးစစ်ကို စတင်နေပြီဖြစ်ကြောင်း ယူကရိန်းစစ်တပ်နှင့် လေ့လာဆန်းစစ်သူများက ယခုသီတင်းပတ်အစောပိုင်းတွင် CNN သို့ ပြောကြားခဲ့ပြီးနောက် ယခုကဲ့သို့ အကြီးအကျယ် တိုက်ခိုက်မှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အရှေ့အလယ်ပိုင်းပဋိပက္ခသည် ၎င်း၏နိုင်ငံအပေါ် သက်ရောက် နိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကို သတိပေးနေချိန်တွင် အဆိုပါထိုးစစ်မှာ အရှိန်မြင့် တက်လာနေခြင်းဖြစ်သည်။

အင်္ဂါနေ့က ဒရုန်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၅ ဦးအပါအဝင် အနည်းဆုံး လူ ၄၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဇလန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်းအနောက်ပိုင်း အိုင်ဗန်နို-ဖရန်ကစ် (Ivano-Frankivsk) ဒေသရှိ သားဖွားဆေးရုံတစ်ခု တိုက်ခိုက်ခံရမှုတွင် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရအုပ်ချုပ်ရေးမှူး စဗီတလာနာ အိုနီရှုခ် (Svitlana Onyshchuk) က ပြောသည်။ သေဆုံးသူများထဲတွင် အမျိုးသားရင်ပြင်စောင့်တပ်မှ စစ်သည်တစ်ဦးနှင့် ၎င်း၏ ၁၅ နှစ်အရွယ် သမီးဖြစ်သူတို့ ပါဝင်ကြောင်း မြို့တော်ဝန် ရုစလန် မာဆင်ကစ်ဗ် (Ruslan Martsinkiv) က ဆိုသည်။ ၎င်းတို့သည် လွန်ခဲ့သည့် ရက်ပိုင်းကမှ သားဖြစ်သူကို မွေးဖွားထားသည့် အဆိုပါစစ်သည်၏ ဇနီးထံ သားဖွားခန်းသို့ လူနာမေးလာရောက်စဉ် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်သည်။

အခြားလူ ၄ ဦး (၆ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင်) ဒဏ်ရာရရှိခဲ့သည်။ ဗင်းနစ်ဆာ (Vinnytsia) မြို့တွင်လည်း အသက် ၅၉ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဝန် ဆာဟီ မော်ဂူနော့ဗ် (Serhiy Morgunov) က ပြောကြားခဲ့သည်။

ယူကရိန်း၏အလယ်ပိုင်းနှင့် အနောက်ပိုင်းကို ဦးတည်သည့် အဆိုပါတိုက်ခိုက်မှုမှာ “ တစ်ရက်တာအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုများထဲမှ တစ်ခုဖြစ်သည်” ဟု ယူကရိန်းလေတပ် ပြောရေးဆိုခွင့်ရှိသူ ယူရီ အစ်ဂနက် (Yuriy Ignat) က ဆိုသည်။

ဝါရှင်တန်အခြေစိုက် Think Tank တစ်ခုဖြစ်သော စစ်ပွဲလေ့လာရေးအဖွဲ့ (ISW) ၏ နောက်ဆုံးဆန်းစစ်ချက်အရ “ မတ်လ ၂၃ ရက်မှ ၂၄ ရက်အတွင်း ရုရှား၏ တိုက်ခိုက်မှု များသည် ၎င်းတို့၏ တိုက်ခိုက်ရေးဗျူဟာတွင် သိသာထင်ရှားသော အပြောင်းအလဲ တစ်ခု ဖြစ်ပြီး၊ ၎င်းသည် ယူကရိန်း၏ နေရာဒေသများကို အချိန်ကြာမြင့်စွာ ပိုမိုခြိမ်းခြောက် နိုင်စေကာ အရပ်ဘက်နယ်မြေများကို အချိုးအစားမမျှအောင် ထိခိုက်စေသည်” ဟု ဖော်ပြထားသည်။

ဒါကို ကျင့်သားရအောင် လုပ်လို့မရဘူး’

လဗစ်ဗ် (Lviv) မြို့တွင် အနည်းဆုံး လူ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့တော်ဝန် အန်ဒရီ ဆာဒိုဗီ (Andriy Sadoviy) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ လေတပ်၏ ပြောကြားချက် အရ ဒရုန်း အနည်းဆုံး ၁၅ စင်း ထိမှန်ခဲ့ပြီး ဒရုန်း ၅၄၁ စင်းကို ပစ်ချနိုင်ခဲ့ သို့မဟုတ် ပျက်ပြယ်အောင် လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

ယူကရိန်းအရာရှိများ၏ အဆိုအရ အိုင်ဗန်နို-ဖရန်ကစ် ရှိ ပျက်စီးသွားသော သားဖွားဆေးရုံ အပါအဝင် လူနေအိမ်ခြေများနှင့် မြို့လယ်ခေါင်များ ထိမှန်ခဲ့သည်။ ယူနက်စကို (UNESCO) ကမ္ဘာ့အမွေအနှစ်စာရင်းဝင် လဗစ်ဗ်ရှိ Bernadine ဘုန်းတော်ကြီးကျောင်းဝင်းအတွင်းရှိ ခရစ်ယာန်ဘုရားကျောင်းတစ်ခုလည်း ထိမှန်ခဲ့ကြောင်း လဗစ်ဗ်ဒေသ စစ်ဘက်အုပ်ချုပ်ရေးမှူး မက်ဆင် ကိုဇစ်စကီး (Maksym Kozytskyi) က ပြောသည်။

“ အမျိုးသားအဆင့် အရေးပါတဲ့ ဗိသုကာအထိမ်းအမှတ်ဖြစ်တဲ့ Bernardine ဘုန်းတော်ကြီးကျောင်းဝင်း ပျက်စီးသွားပါပြီ” ဟု ကိုဇစ်စကီးက Telegram တွင် ရေးသားခဲ့ပြီး ပျက်စီးမှုအတိုင်းအတာကို ကျွမ်းကျင်သူများက ဆုံးဖြတ်နေဆဲဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ ဒါဟာ အထူးကာကွယ်စောင့်ရှောက်မှုအောက်မှာရှိတဲ့ နိုင်ငံတကာ ယဉ်ကျေးမှု အမွေအနှစ် နေရာစာရင်းဝင် လဗစ်ဗ်ရဲ့ သမိုင်းဝင်နယ်မြေထဲမှာ တည်ရှိတာပါ။ မီးလောင်မှုဟာ ကျောင်းဝင်းနဲ့ ကပ်လျက်ရှိတဲ့ အဆောက်အအုံတွေကို ကူးစက်သွားပါတယ်” ဟု ၎င်းက ဆိုသည်။

“ ဒီတိုက်ခိုက်မှုရဲ့ အတိုင်းအတာက ရုရှားမှာ ဒီစစ်ပွဲကို ရပ်တန့်ဖို့ တကယ့်ရည်ရွယ်ချက် မရှိဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြသနေပါတယ်” ဟု ဇလန်းစကီးက ၎င်း၏ ညစဉ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

“ အီရန်နဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့် ပထဝီနိုင်ငံရေး အခြေအနေက ပိုမိုရှုပ်ထွေးလာပြီး စိတ်မကောင်းစရာက ဒါဟာ ရုရှားကို ပိုပြီး ရဲတင်းလာစေပါတယ်” ဟု ဇလန်းစကီးက အင်္ဂါနေ့ ထုတ်ပြန်ချက်တွင် ထပ်လောင်းပြောဆိုသည်။ “ ရုရှားဟာ ဒီစစ်ပွဲကို ဆက်လုပ်နေပြီး ဥရောပကို မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်။ အီရန်အစိုးရကို ထောက်လှမ်းရေး သတင်းတွေနဲ့ ကူညီပြီး အဲဒီဒေသက စစ်ပွဲကို ကြန့်ကြာအောင်လုပ်သလို နောက်လာမယ့် နှစ်တွေမှာ ပဋိပက္ခအသစ်တွေအတွက်လည်း ပြင်ဆင်နေတယ်။ မြေပုံပေါ်က ဒီလို အဆက်မပြတ်စစ်ပွဲ ခြိမ်းခြောက်မှုတွေကို ရပ်တန့်ရပါမယ်။”

တစ်ချိန်တည်းမှာပင် ရုရှားနိုင်ငံအတွင်း ကူးစ်ခ် (Kursk) ဒေသ၌ ယူကရိန်း၏ ဒရုန်း တိုက်ခိုက်မှုကြောင့် အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ယာယီအုပ်ချုပ်ရေးမှူး အလက်ဇန်းဒါး ခင်စတိန်း (Alexander Khinshtein) က အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းသည် တစ်ညတည်းတွင် ရုရှားသို့ ဒရုန်း ၃၈၉ စင်းဖြင့် ပစ်ခတ်ခဲ့ကြောင်း ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

မြေပြင် စစ်ဆင်ရေးများ

ယူကရိန်းအရှေ့ပိုင်းတွင်လည်း ရုရှားသည် ထိုးစစ်များကို အရှိန်မြှင့်နေသည်။ “ ရာသီဥတု အခြေအနေ ပြောင်းလဲလာတာနဲ့အမျှ ရုရှားကျူးကျော်သူတွေဟာ ရှေ့တန်းစစ်မျက်နှာ အပိုင်းအတော်များများမှာ ဖိအားတွေကို တိုးမြှင့်လာပါတယ်” ဟု ယူကရိန်းစစ်ဦးစီးချုပ် အိုလက်ဇန်းဒါး ဆိုင်စကီး (Oleksandr Syrskyi) က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။

ISW ၏ အဆိုအရ ရုရှားတပ်ဖွဲ့များသည် ယူကရိန်း၏ အဓိက ခံစစ်စခန်းများဖြစ်သည့် ကရာမာတော့စ် (Kramatorsk) နှင့် ကော့စတင်န်တန်နိုဗ်ကာ (Kostyantynivka) မြို့များအပါအဝင် “ ခံတပ်ခါးပတ်” (fortress belt) ဟု ခေါ်သည့် နေရာအနှံ့အပြားကို မြေပြင်စစ်ဆင်ရေးများ အရှိန်မြှင့်ရန် စီစဉ်နေသည့် အရိပ်အယောင်များ ရှိနေသည်။

ဒိုးနက်စ် (Donetsk) ဒေသရှိ လိုင်မန် (Lyman) မြို့သည်လည်း ရုရှား၏ တိုက်ခိုက်မှု ပစ်မှတ်တစ်ခု ဖြစ်နေသည်။ ပြီးခဲ့သည့် လများအတွင်း စစ်မြေပြင်နေရာ အတော်များများတွင် အနည်းငယ်သာ နယ်မြေ သိမ်းပိုက်နိုင်ခဲ့သော်လည်း၊ ကရင်မလင်ကမူ ၎င်းတို့၏ “ အထူးစစ်ဆင်ရေး” ရည်မှန်းချက်မှာ ယူကရိန်းအရှေ့ပိုင်း လေးခုစာနယ်မြေ၏ ကျန်ရှိနေသော အစိတ်အပိုင်းများကို သိမ်းပိုက်ရန်ဖြစ်သည်ဟု ဆက်လက် အခိုင်အမာ ပြောဆိုနေဆဲဖြစ်သည်။

လေ့လာဆန်းစစ်သူများ၏ အဆိုအရ ယူကရိန်းတပ်ဖွဲ့များသည် ဒိုးနက်စ်၏ ၂၀ ရာခိုင်နှုန်းနှင့် ခါဆန် (Kherson)၊ ဇာပိုရစ်ရှား (Zaporizhzhia) ဒေသများ၏ အစိတ်အပိုင်း အတော်များများ ကို ဆက်လက် ထိန်းချုပ်ထားဆဲဖြစ်သည်။ ယူကရိန်းသည် ပြီးခဲ့သည့်လက တောင်ပိုင်းတွင် နယ်မြေအချို့ ပြန်လည် သိမ်းပိုက်နိုင်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 29 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

သိမ်းပိုက်ခံ အနောက်ဘက်ကမ်းတွင် သတ်ဖြတ်ခံရသည့် ဆယ်ကျော် သက်များ၏ ရုပ်အလောင်းများကို အစ္စရေးက ထိန်းသိမ်းထားကြောင်း ပါလက်စတိုင်းတို့ ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 25 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) ရှိ တရားမဝင်အခြေစိုက်စခန်းတစ်ခုအနီးတွင် သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရသည့် ပါလက်စတိုင်းဆယ်ကျော်သက် နှစ်ဦး၏ ရုပ်အလောင်းများ ကို အစ္စရေးတပ်ဖွဲ့များက ထိန်းသိမ်းထားသည်။ ပါလက်စတိုင်းအာဏာပိုင်အဖွဲ့နှင့်
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

တရုတ်နိုင်ငံက အီရန်၏ ‘အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် အမျိုးသားဂုဏ်သိက္ခာ’ ကို အလေးပေးပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 30 Views
Al Jazeera- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၂ရက် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ (Wang Yi) သည် နယူးဒေလီမြို့တွင် ကျင်းပသည့် BRICS အစည်းအဝေး၏ ဘေးပန်းဆွေးနွေးပွဲတစ်ခုတွင် အီရန်အမျိုးသားလုံခြုံရေးဆိုင်ရာ အဆင့်မြင့် ကောင်စီ၏ ဒုတိယအတွင်းရေးမှူး ဂါဒီယာ
Australia နိုင်ငံတကာသတင်း

ရဲတပ်ဖွဲ့က မြေအောက်ဗုံးခိုကျင်းစနစ်ကို ဝင်ရောက်စီးနင်းပြီးနောက် သြစတြေးလျနိုင်ငံတွင် သမိုင်းတစ်လျှောက် အကြီးမားဆုံး ကိုကင်းဖမ်းဆီးရမိမှု ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 28 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် ဆစ်ဒနီမြို့ အနောက်ပိုင်းရှိ မြေအောက်ဗုံးခိုကျင်းစနစ်တစ်ခုအတွင်းမှ သြစတြေးလျ ရဲတပ်ဖွဲ့သည် ကိုကင်း ၂.၇ တန်ကို သိမ်းဆည်းရမိခဲ့ပြီး၊ ယင်းသည် ၎င်းနိုင်ငံ၏ သမိုင်း တစ်လျှောက်
ကိုလံဘီယာ နိုင်ငံတကာသတင်း လက်တင်အမေရိက

ထရမ့် ကျောထောက်နောက်ခံပြုထားသည့် နိုင်ငံရေးနယ်ပယ်ပြင်ပမှ ပုဂ္ဂိုလ် ကိုလံဘီယာရွေးကောက်ပွဲတွင် အနိုင်ရရှိကြောင်း ကနဦးမဲရေတွက်မှုများအရ သိရ

  • 2026 ခုနှစ်၊ ဇွန်လ 22 ရက်
  • 26 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက် လက်ယာနွယ်ဝင် ကိုယ်စားလှယ်လောင်း အဘယ်လာဒို ဒီ လာ အက်စ်ပရီယဲလာ(Abelardo de la Espriella),သည် ကိုလံဘီယာနိုင်ငံ၏ သမ္မတရွေးကောက်ပွဲတွင် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိ