နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 7 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ငြိမ်းချမ်းရေးလမ်းဖောက်မယ်ဆိုပြီး NCA မထိုးထားတဲ့ လက်နက်ကိုင်တွေကို စစ်ကောင်စီ ဖိတ်ခေါ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) မထိုးထားတဲ့အဖွဲ့တွေ ငြိမ်းချမ်းရေးလိုချင်ပါက NCA ရှစ်နှစ်ပြည့်အခမ်းအနားကို လာရောက်တက်ခြင်းဖြင့် ငြိမ်းချမ်းရေးလမ်းကြောင်းပေါ် လျှောက်လှမ်းလို့ရအောင် လမ်းခင်းဖို့လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ဖိတ်ခေါ်နေတာဖြစ်ပါတယ်။

စက်တင်ဘာလ ၂၈ ရက် နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်ကောင်စီအဖွဲ့အစည်းအဝေးမှာ ငြိမ်းချမ်းရေးလမ်းဖောက်ဖို့ NCA မထိုးထားတဲ့ လက်နက်ကိုင်တွေကို စစ်ကောင်စီက ထပ်မံဖိတ်ခေါ်နေတာဖြစ်ပါတယ်။

NCA မှာ တိုင်းရင်းသားလက်နက်ကိုင် (၁၀) ဖွဲ့ လက် မှတ်ထိုးထားကြသလို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း NCA လက်မှတ်ထိုးထားတဲ့ ၁၀ ဖွဲ့ထဲမှ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) တို့က အာဏာသိမ်းစစ်တပ်ကို ပြန်လည်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။

NCA သဘောတူညီချက်ကို စစ်တပ်က ချိုးဖောက်ထားတာဖြစ်တယ်လို့ သြဂုတ်လ (၁၀) ရက်နေ့က KNU ခေါင်းဆောင်သစ်တွေရဲ့ ရက်တစ်ရာပြည့် သတင်းစာရှင်းလင်းပွဲမှာ အထွေထွေအတွင်းရေးမှူး ပဒိုစောတာဒိုမူးက ပြောကြားထားပါတယ်။

NCA နဲ့ ပတ်သက်လို့ ကျွန်တော်တို့ လိုက်နာစရာအကြောင်း မရှိတော့ပါဘူး။ ဘာကြောင့်လဲဆိုတော့ NCA နှလုံးသားဖြစ်တဲ့ အခန်း ၁ အခြေခံမူကို နင်းခြေ ဖျက်ဆီးလိုက်တာက စစ်တပ်ဖြစ်ပါတယ် ဟု စောတာဒိုမှုးက အဲ့ဒီသတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။KNU ရဲ့အခုလို တရားဝင်ပြောဆိုချက်ကို လက်မှတ်ရေးထိုးမထားတဲ့ အဖွဲ့တွေကတော့ ကြိုဆိုထောက်ခံခဲ့ပြီး လက်ရှိအခြေအနေအရ ဖက်ဒရယ်ပြည် ထောင်စုကို တည်ဆောက်မယ်ဆိုရင် ပြတ်ပြတ်သားသား ဆောင်ရွက်ရမယ့်အချိန်ရောက်နေပြီလို့ နိုင်ငံရေး လေ့လာသူတွေကလည်း သုံးသပ်ပြောဆိုကြပါတယ်။

ဒါပေမယ့် စစ်ခေါင်းဆောင်ကတော့ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးကာ ဖယ်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ထောင်ဖို့ ဦးတည်ဆောက်ရွက်လျက်ရှိပြီး မိမိတို့နိုင်ငံအနေနဲ့ အသက်ပေါင်းများစွာ ပေးဆပ်ပြီးမှသာ လွတ်လပ်ရေး ရရှိခဲ့တာဖြစ်ပြီး တိုင်းပြည်ပကတိ အခြေအနေကို တိုင်းရင်း သားပြည်သူတွေ မှန်မှန်ကန်ကန် သိရှိဖို့လိုတယ်လို့လည်း တိုက်တွန်း ပြောဆိုထားပါတယ်။

ဒါ့အပြင် ငြိမ်းချမ်းရေး တည်ဆောက်နေတယ်လို့ အဆက်မပြတ် ကြေညာနေတဲ့ စစ်ကောင်စီက ငြိမ်းချမ်းရေး လမ်းဖောက်မယ်ဆိုပြီး ဖိတ်ခေါ်နေတာဖြစ်သလို နေပြည်တော်မှာ အပစ်ရပ်စာချုပ် နှစ်လည်ပွဲကို အကြီးအကျယ်ပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

တဖက်မှာလည်း စစ်ကိုင်းတိုင်း ၊ မကွေးတိုင်းတို့မှာ ကျေးရွာတွေက ရွာသားတွေကို အစုလိုက်သတ်ဖြတ်မှုတွေလည်း ဖြစ်နေတဲ့အတွက် ဗမာလူမျိုး အများစုကြီးကို ဆယ်စုနှစ်များအတွင်း မကြုံစဖူး အကြီးအကျယ် သတ်ဖြတ်နေတာကို မြင်နေရတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအနေနဲ့ စစ်ခေါင်းဆောင်ရဲ့ဖိတ်ခေါ်ချက်ကိုယုံကြည်ဖို့ ခက်ခဲလိမ့်မယ်လို့ မြင်မိပါတယ်လို့ ဝါရင့်နိုင်ငံရေးသမားတဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကောလင်းမြို လေကြောင်းတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ထဲ စစ်ရှောင်အမျိုးသမီး (၂)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 25 Views
မတ်လ (၆)ရက်။ မနေ့က ကောလင်းမြို ကချင်ကုန်းရွာအနီးကို စစ်တပ်က လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို မြိုနယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ပုလဲနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ကလေးငယ်အပါအဝင် (၅)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 7 ရက်
  • 23 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ ဘဲ (၉)နာရီကျော်အချိန်က ပုလဲနယ်အနောက်မြောက်ခြမ်းရှိ မရိုးတုန်းရွာကို စစ်တပ်က စက်တပ်လေထီးတွေနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြေပြင်သတင်းတွေထံက
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာဖို့ဆိုတဲ့ ကြေညာချက်ကို ပြည်သူ့ပါတီက အကြံပြုတင်ပြတာဆိုပြီး ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ စစ်ကော်မရှင်ရဲ့ စက်သုံးဆီချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာထားတာကို ဦးကိုကိုကြီးရဲ့ ပြည်သူ့ပါတီက အကြံပြုတင်ပြချက်ဆိုပြီး မနေ့က ထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်ကော်မရှင်က စက်သုံးဆီ ချွေတာသုံးစွဲဖို့ဆိုပြီး ကြေညာတာမှာ ကားတွေ၊ ဆိုင်ကယ်တွေကို စုံအက္ခရာနဲ့ မအက္ခရာခွဲပြီး စုံရက်နဲ့
မြန်မာသတင်း

တနင်္သာရီမြို့တိုက်ပွဲ စစ်တပ်ဘက်က အရာရှိအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ မတ်လ (၄)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က တနင်္သာရီမြို့ ခြောက်မိုင်ရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မြိတ်ခရိုင်တပ်ရင်း(၂)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ခြောက်မိုင်ရွာက ဘုန်းကြီးကျောင်းမှာ နေရယူထားတဲ့
မြန်မာသတင်း

ယင်းမာပင်တပ်ရင်းထဲ မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းကျင့်ခံရတဲ့အပေါ် မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီ ပြင်းထန်စွာရှုတ်ချ

  • 2026 ခုနှစ်၊ မတ်လ 6 ရက်
  • 31 Views
မတ်လ (၆)ရက်။ ယင်းမာပင်တပ်ရင်း(၂၀)ထဲ တပ်ဖွဲ့ဝင် မွတ်ဆလင်ရဲဘော်အမျိုးသမီး မုဒိန်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ပြင်းထန်စွာရှုတ်ချတယ်လို့ မြန်မာနိုင်ငံလုံဆိုင်ရာ မွတ်ဆလင်လူမျိုးစုများအတိုင်ပင်ခံကော်မတီက မနေ့က ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီစည်းကမ်းချိုးဖောက်တဲ့ ပြစ်ဒဏ်ကြောင့် တပ်ထဲပြစ်ဒဏ်တွေ ချမှတ်တာဟာ သက်ဆိုင်ရာ စည်းမျဉ်းဥပဒေနဲ့သာ သက်ဆိုင်ပြီး ခွင့်မလွှတ်နိုင်စရာကိစ္စလို့
မြန်မာသတင်း

စစ်ကော်မရှင်ရဲ့ လွတ်ငြိမ်းခွင့်ကို ကြိုဆိုတယ်ဆိုပြီး အီးယူထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 43 Views
မတ်လ (၅)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကော်မရှင်က နိုင်ငံရေးအကျဉ်းသား အများအပြားကို လွတ်ငြိမ်းပေးခဲ့တဲ့အပေါ် ကြိုဆိုတယ်ဆိုပြီး အီးယူက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ နိုင်ငံရေးအကျဉ်းသား အများအပြား လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာတာနဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ အမှုတွဲတွေ
မြန်မာသတင်း

စက်သုံးဆီ ရက်(၄၀)စာရှိတယ်လို့ ဇော်မင်းထွန်း ပြောဆို‌နေပေမယ့် ဆီဆိုင်တွေမှာ အလုအယက် တန်းစီဝယ်နေကြ

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 29 Views
မတ်လ (၅)ရက်။ နိုင်ငံထဲ စက်ဆုံးဆီ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိတယ်ဆိုပြီး စစ်ကော်မရှင်ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုထားတယ်လို့ သိရပါတယ်။ “ နိုင်ငံထဲမှာ အရန်ဆီအနေနဲ့ နောက်ထပ် ရက်(၄၀)စာ ရှိပါတယ်။ နောက်ပြီး
မြန်မာသတင်း

KTLA အဖွဲ့ရဲ့ ခြုံခိုတိုက်ခိုက်တာကြောင့် KNLA ရဲဘော် (၅)ဦး ဒဏ်ရာရခဲ့

  • 2026 ခုနှစ်၊ မတ်လ 5 ရက်
  • 32 Views
မတ်လ (၅)ရက်။ မနေ့က နေ့လယ် (၃)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA အဖွဲ့က KNLA တပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA တပ်သားတွေက စစ်တပ်နဲ့