ကြို့ပင်ကောက်မြို့နယ်၊ ကြာအင်းချောင်းမကြီးအနီးရှိ ခုနစ်အိမ်တန်းမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းတပ်တွေကို စက်တင်ဘာလ (၂၇)ရက် ညနေ (၅) နာရီဝန်းကျင်က တိုက်ခိုက်ခဲ့တယ်လို့ သာယာ၀တီခရိုင်တပ်ရင်းရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
ခုနစ်အိမ်တန်းမှာ တပ်စွဲထားတဲ့ ဘော်ဘင်ရွာနဲ့ မီးကောက်ပင်ရွာတို့က ပျူစောထီးအဖွဲ့တွေနဲ့ စစ်ကောင်စီ ပူးပေါင်းတပ်တွေကို သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ (၆)၊ Black Dragon (GBK PDF) က ရိုးမနဂါး ဦးဆောင်ပြီး သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ (၁)၊ Dragon Brothers (GBK PDF)၊ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၁) တပ်ခွဲ (၁)၊ Yoma GBK PDF နဲ့ တပ်ခွဲ (၃) နတ်စစ်သည် PDF လက်အောက်ခံ BTZ GBK PDF တို့က ပူးပေါင်းပြီး လက်နက်ကြီး လက်နက်ငယ်တွေနဲ့ သွားရောက် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲ့ဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ကင်းသမား (၃) ဦးသေဆုံးပြီး (၁) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ တော်လှန်ရေးတပ်ပေါင်းစု ရဲဘော်တွေအနေနဲ့ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။