နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

ရခိုင်မှာ ချိတ်ပိတ်ထားတဲ့ နေအိမ်အချိုကို AA က ပြန်လွှဲအပ်

မတ်လ (၂၈)ရက်။

ရခိုင်ဒေသ မြိုသိမ်းတိုက်ပွဲတွေပြီးနောက် စစ်ကော်မရှင်အပါအဝင် အကြမ်းဖက်အဖွဲတွေနဲ ဆက်စပ်တဲ့ နေအိမ်တွေကို AA က လုပ်ထုံးလုပ်နည်းနဲ့တွေနဲ့အညီ ချိတ်ပိတ်ခဲ့တယ်လို သိရပါတယ်။

အဲ့ဒီလို ချိတ်ပိတ်ခဲ့တာမှာ အိမ်ပိုင်ရှင်အချိုဟာ သူတိုအိမ်တွေ ပြန်ရဖိုအတွက် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ အသနားခံစာ တင်လာတာတွေရှိတယ်လို ဆိုပါတယ်။

အခုလို အသနားခံစာတင်လာတာတွေကို စနစ်တကျ စိစစ်ပြီး တချိုအိမ်တွေကို မူလအိမ်ပိုင်ရှင်တွေဆီ ပြန်လည်လွှဲပြောင်ပေးအပ်ခဲ့တယ်လို ဖော်ပြထားပါတယ်။

နေအိမ်ချိတ်ပိတ်ခံရသူတွေဟာ အာရက္ခပြည်သူ့အစိုးက ချိတ်ပိတ်ထားတဲ့ နေအိမ်မှာ မိသားစုနဲ့အတူ ရိုးသားစွာ လုပ်ကိုင်စားသောက်‌ နေထိုင်ကာ စစ်ကော်မရှင်အပါအဝင် ဆန့်ကျင်ဖက်အဖွဲတွေနဲ့ ဆက်စပ်မပတ်သက်ဘူးဆိုပြီး အသနားခံစာ တင်လာခဲ့တာလို သိရပါတယ်။

“မြိုသိမ်းတိုက်ပွဲတွေအပြီး နောက်ပိုင်းမှာ ကျနော်တိုတော်လှန်ရီးအစိုးရကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အဖွဲအစည်း၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သက်ဆက်စပ်တဲ့သူတွေ၊ အကြမ်းဖက်အဖွဲအစည်း၊ အကြမ်းဖက်သမားနဲ့ ပတ်သက်ဆက်စပ်တဲ့သူတွေ ပိုင်ဆိုင်တဲ့ နေအိမ်၊ အဆောက်အအုံတွေကို အခြေအနေနဲ့ လိုအပ်ချက်အရ ချိတ်ပိတ်ခဲ့ပါတယ်။ အဲ့ဒီအပေါ်မှာ အိမ်ပိုင်ရှင်တွေဖက်က သူတို အပြစ်ကင်းကြောင်း အချက်အလက် အပြည့်အစုံနဲ့ အသနားခံစာတင်ပြလာတဲ့အတွက် ကျနော်တိုဖက်က ပြန်စိစစ်ပြီး အပြစ်ကင်းတယ်ဆိုပြီး ချိတ်ပိတ်ထားတာကို ပြန်ဖွင့်လို မူလပိုင်ရှင်လက်ကို လွှဲပြောင်းပေးလိုက်ပါတယ်”လို ဦးခိုင်သုခက ပြောပါတယ်။

ဒီလို ချိတ်ပိတ်ခံရတဲ့ အိမ်ပိုင်ရှင်တွေအနေနဲ့ အမှန်တကယ် အပြစ်ကင်းတယ်ဆိုရင် အပြစ်ကင်းကြောင်း အထောက်အထား အချက်အလက် အပြည့်အစုံနဲ့ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရထံ အသနားခံစာတင်နိုင်တယ်လို အသိပေးထားပါတယ်။

အခုအခါ AA ရဲ့ နေအိမ်ချိတ်ပိတ်ခံရသူတွေထဲ စစ်ရှောင်တွေနဲ့ ကျန်းမာရေးကြောင့် ဆေးကုသမှု ခံယူဖိုအပြင် အကြောင်းကိစ္စတခုခုကြောင့် နေရပ်စွန့်ခွာပြီး အခြားနေရာဒေသတွေကို ရောက်နေသူတွေ ပါဝင်တယ်လို ဆိုပါတယ်။

ဒါ့အပြင် အာရက္ခတော်လှန်ရေးအစိုးရအနေနဲ့ အုပ်ချုပ်နေတဲ့ မြိုနယ်တွေမှာ စစ်ကော်မရှင်နဲ့ ပတ်သက်ဆက်နွယ်သူတွေ ပိုင်ဆိုင်တဲ့ နေအိမ်နဲ့ အဆောက်အအုံတွေကိုသာ ချိတ်ပိတ်တာလို့လဲ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 135 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 108 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 102 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 82 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို