စက်တင်ဘာလ (၂၈) ရက်နေ့ နံနက် (၁၀) နာရီလောက်မှာ အလုံမင်းဒေါင့်ကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘော၄စီးနဲ့ သစ်/ကြေးနီတွေ သယ်ဆောင်လာတဲ့ ဖလပ်ခွင် ၁၀ စီး စုန်ဆင်းလာခဲ့ပါတယ်။
ဆားလင်းကြီးအောက်ဘက် တစ်နေရာကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ အဲ့ဒီတိုက်ခိုက်မှုမှာပါဝင်ခဲ့တဲ့ Monwya Underground Guerrilla Force (MUGF) ရဲ့ ခေါင်းဆောင်က ပြောပါတယ်။
အဲ့ဒီ တိုက်ပွဲကို Monwya Underground Guerrilla Force (MUGF), Chindwin Dynamite (Salingyi), Hero Fighter (Salingyi), Fighter 9 Force Salingyi, Red Wing _တောင်ပံနီ (Special Guerrila Squadron – Salingyi) မဟာမိတ်ပူပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ကြတယ်လို့ သိရပါတယ်။
မဟာမိတ်ပူပေါင်းတပ်ဖွဲ့ဘက်ကတော့ ထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။ မဟာမိတ်ပူပေါင်းတပ်ဖွဲ့အနေနဲ့ လက်နက်ခဲယမ်း မပြည့်စုံပေမဲ့ အခက်အခဲကြားက စစ်ကောင်စီကို ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။