အကြမ်းဖက်စစ်တပ်ဟာ နိုင် ငံတော်အာဏာကို အတင်းအဓမ္မပြည်သူ လူထု ထောက်ခံချက်မပါဘဲ လုယူထားတာ (၂) နှစ်ကြာမြင့်ခဲ့တာဖြစ်ပြီး နိုင်ငံတဝန်း လုံးမှာရှိတဲ့ မြို့နယ်တွေရဲ့ သုံးပုံနှစ်ပုံကိုသာ တည်ငြိမ်အောင် ထိန်းထားနိုင်သေး တယ် လို့ ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီရဲ့ ကာလုံအစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေထံကို တင်ပြချက်အရ သိရပါတယ်။
မြန်မာနိုင်ငံမှာမြို့နယ် (၃၃၀) ရှိတဲ့အနက် တည်ငြိမ်အောင်ထိန်းထားနိုင်တဲ့ မြို့နယ်ဟာ (၁၉၈) မြို့နယ်ရှိပြီး ကျန်တဲ့ မြို့နယ် (၁၃၂) မြို့နယ်မှာ လုံခြုံရေး အလေးထားရမယ့်မြို့ (၆၇) မြို့ရှိပြီး လုံခြုံရေးထိထိရောက်ရောက် ဆောင်ရွက်ရ မယ့်မြို့ဟာ (၆၅) မြို့ရှိတယ်လို့ စစ်ကောင်စီခေါင်းဆောင်က ဒီနေ့ညနေပိုင်းမှာ ထုတ်ပြန်လာတာပါ။
ရွေးကောက်ပွဲလုပ်မယ်ဆိုရင်နိုင်ငံတည်ငြိမ်ဖို့လိုပြီး အဲဒီလုပ်ငန်းစဉ်အတွက် အချိန်လိုလို့ သက်တမ်း ၆ လ ထပ်တိုးဖို့ စစ်ကောင်စီက ကာလုံမှာ ဆုံးဖြတ်ခဲ့ပါ တယ်။