နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 26 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်နှင့် အစ္စရေးတို့၏ အီရန်နှင့်စစ်ပွဲ ၃၂ ရက်မြောက်နေ့တွင် သိရှိထားသမျှများ – ဓာတ်ဆီစျေးနှုန်းများ ထိုးတက်သွားပြီး ကူဝိတ်ရေနံတင်သင်္ဘော အတိုက်ခံရခြင်း

CNN- ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁ ရက်

စစ်ပွဲအတွင်း ပါဝင်ပတ်သက်နေသူအားလုံးက စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံ များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းနှင့် ခြိမ်းခြောက်ခြင်းများ ပိုမိုလုပ်ဆောင်လာကြသဖြင့် အမေရိကန်ပြည်ထောင်စုတွင် ဓာတ်ဆီစျေးနှုန်းများသည် ၂၀၂၂ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် တစ်ဂါလန်လျှင် ၄ ဒေါ်လာအထက်သို့ မြင့်တက်သွားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဝါရှင်တန်နှင့် တီဟီရန်တို့ မကြာမီ သဘောတူညီချက် မရရှိပါက အီရန်၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများကို “ အမြစ်ပြတ်ဖျက်ဆီးပစ်မည်” ဟု ခြိမ်းခြောက်ပြီးနောက် တစ်ရက်အကြာတွင် ဥရောပမဟာမိတ်များအနေဖြင့် “ ကိုယ်ပိုင်ရေနံ ကို ကိုယ်တိုင်သွားယူကြ” ဟု ပြောကြားခဲ့ပြီး စစ်ပွဲအတွင်း ၎င်းတို့၏ ပါဝင်ပတ်သက်မှု အကန့်အသတ်ရှိနေခြင်းကို ဝေဖန်ခဲ့သည်။

တစ်ချိန်တည်းမှာပင် ထရန့်နှင့် ၎င်း၏အစိုးရအဖွဲ့က တီဟီရန်နှင့် ဆွေးနွေးမှုများ ဆက်လက် လုပ်ဆောင်နေသည်ဟု ဆိုသော်လည်း မည်သူနှင့် ဆက်သွယ်နေသည်ကို အသေးစိတ် ထုတ်ဖော် ပြောကြားခြင်း မရှိသေးဘဲ အီရန်ဘက်မှလည်း ရှေ့နောက်မညီသော သတင်း စကား များကို ပေးပို့နေသည်။

၃၂ ရက်မြောက်နေ့တွင် သိထားသင့်သည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်သည်။

အဓိက သတင်းခေါင်းကြီးပိုင်းများမှာ အဘယ်နည်း။

စွမ်းအင်ကုန်ကျစရိတ်များ။ AAA ၏ ထုတ်ပြန်ချက်အရ အမေရိကန်တွင် ပျမ်းမျှဓာတ်ဆီ စျေးနှုန်းမှာ အင်္ဂါနေ့၌ တစ်ဂါလန်လျှင် ၄ ဒေါ်လာသို့ ရောက်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ရေနံစျေးနှုန်းများသည် စစ်ပွဲ၏ ဦးတည်ချက် နှင့် ပတ်သက်၍ ရှေ့နောက်မညီသော သတင်းစကားများကြောင့် အင်္ဂါနေ့တွင် သိသိသာသာ ကျဆင်းလာခြင်းမရှိဘဲတန့် နေခဲ့သည်။

သင်္ဘောတိုက်ခိုက်ခံရခြင်း။ ဒူဘိုင်းရေပိုင်နက်အတွင်း ရေနံအပြည့်တင်ဆောင်လာသော ကူဝိတ်ရေနံတင်သင်္ဘောတစ်စီးကို အီရန်၏ ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကူဝိတ်ဘက်က ပြောကြားသည်။ ထိုမတိုင်မီက ထရန့်သည် စစ်ပွဲအဆုံးသတ်ရန် သဘောမတူပါက အီရန်၏ လျှပ်စစ်ဓာတ်အားပေးစက်ရုံများနှင့် ရေနံတွင်းများကို “ အမြစ်ပြတ်ဖျက်ဆီးပစ်မည်” ဟု ခြိမ်းခြောက်ခဲ့သည်။ ၎င်းသည် စစ်ရာဇ၀တ်မှု မြောက်နိုင် ကြောင်း ကျွမ်းကျင်သူများက သတိပေးသော်လည်း အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူကမူ အမေရိကန်စစ်တပ်သည် ဥပဒေကို အမြဲတမ်းလိုက်နာမည်ဖြစ်ကြောင်း တုံ့ပြန်ခဲ့သည်။

ဝါရှင်တန်၏ မှတ်ချက်များ။ အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိ့ဟက်ဆက်သ် (Pete Hegseth) က အင်္ဂါနေ့တွင် အမေရိကန်၏ “ အဓိက ကြိုးပမ်းအားထုတ်မှု” မှာ အီရန်နှင့် သဘောတူညီချက်ရရှိရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရန့်ကဲ့သို့ပင် ၎င်းကလည်း အီရန်တွင် “ အစိုးရအပြောင်းအလဲ” ဖြစ်ပေါ်နေပြီဖြစ်ရာ သဘောတူညီချက်ရရန် ပိုမိုလွယ်ကူသွားပြီဟု ဆိုသည်။

အီရန်၏ တုံ့ပြန်မှု။ အီရန်အရာရှိတစ်ဦးက အမေရိကန်၏ တောင်းဆိုချက်များသည် “ လွန်ကဲ လွန်းခြင်း၊ လက်တွေ့မကျခြင်းနှင့် အဓိပ္ပာယ်မရှိခြင်း” များဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ၎င်းက အမေရိကန်နှင့် “ တိုက်ရိုက်ဆွေးနွေးမှု” မရှိကြောင်း ငြင်းဆိုခဲ့ သော်လည်း နောက်ပိုင်းတွင် အီရန်သမ္မတက နောက်ထပ်တိုက်ခိုက်ခံရမည်မဟုတ်ကြောင်း သေချာပါက ၎င်းတို့နိုင်ငံအနေဖြင့် တိုက်ပွဲများကို ရပ်တန့်ရန် အသင့်ရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှတစ်ဆင့် ပြောကြားခဲ့သည်။

ရေချိုထုတ်လုပ်သည့် စက်ရုံ တိုက်ခိုက်ခံရခြင်း။ အီရန်နိုင်ငံ၊ ကတ်ရှ်ကျွန်း (Qeshm Island) ရှိ ကျွန်းသူကျွန်းသားများအတွက် သောက်သုံးရေပေးဝေနေသော အရေးပါသည့် ပင်လယ်ရေမှ ရေချိုထုတ်လုပ်သည့်စက်ရုံမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားကြောင်း အီရန်မီဒီယာများက အင်္ဂါနေ့တွင် ဖော်ပြသည်။ ပါရှန်းပင်လယ်ကွေ့ဒေသရှိ လူဦးရေ သန်း ၁၀၀ ခန့်သည် သောက်သုံးရေအတွက် ထိုသို့သော စက်ရုံများကို အမှီပြုနေရခြင်းဖြစ်သည်။

အမေရိကန် ဂျာနယ်လစ် ပြန်ပေးဆွဲခံရခြင်း။ အမေရိကန် ဂျာနယ်လစ် ရှယ်လီကစ်တဲလ်ဆန် (Shelly Kittleson) သည် ဘဂ္ဂဒက်တွင် ပြန်ပေးဆွဲခံခဲ့ရပြီး ၎င်းအား အီရန်လက်ဝေခံအဖွဲ့ တစ်စုက ခြိမ်းခြောက်နေကြောင်း မကြာသေးမီက သတိပေးချက်ရရှိထားသည်ဟု နီးစပ်သူ တစ်ဦးက ဆိုသည်။ အမေရိကန်အစိုးရက ၎င်းအား ပြန်ပေးဆွဲရန် သို့မဟုတ် သတ်ဖြတ်ရန် ကြံစည်မှုများရှိကြောင်း သတိပေးထားချိန်တွင် သူမမှာ အီရတ်တွင် သတင်းယူနေခြင်း ဖြစ်သည်။

အမေရိကန် စတော့စျေးကွက်။ ထရန့်အစိုးရအဖွဲ့၏ စစ်ပွဲ မကြာမီအဆုံးသတ်နိုင်ဖွယ်ရှိသည့် မှတ်ချက်များကြောင့် အမေရိကန်စတော့ရှယ်ယာစျေးကွက်သည် ယနေ့တွင် ပြန်လည်ဦးမော့ လာခဲ့သည်။ S&P 500 သည် ၂.၅ ရာခိုင်နှုန်း တက်သွားခဲ့ပြီး၊ Dow Jones သည် ၈၅၀ မှတ် (၁.၉ ရာခိုင်နှုန်း) တက်သွားကာ၊ ပြီးခဲ့သည့်အပတ်က ကျဆင်းနေခဲ့သော Nasdaq သည် ၃.၃ ရာခိုင်နှုန်းအထိ အရှိန်အဟုန်ဖြင့် ပြန်လည်တက်လာခဲ့သည်။

မြေပြင်တွင် ဘာတွေဖြစ်ပျက်နေသနည်း။

သေကြေပျက်စီးစေသော တိုက်ခိုက်မှုများ။ အီရန်သည် တစ်ညလုံး ပြင်းထန်သော ဗုံးကြဲ တိုက်ခိုက်မှုများကို ခံခဲ့ရသည်။ အီရန်၏ အကြီးဆုံး ကင်ဆာဆေးနှင့် မေ့ဆေးထုတ်လုပ်သည့် စက်ရုံတစ်ခုမှာ အင်္ဂါနေ့တွင် ထိမှန်ခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာများက ဖော်ပြသည်။

တီဟီရန်နှင့် အက်စ်ဖာဟန် (Esfahan) မြို့များတွင်လည်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။ တီဟီရန်မှ မိဘအချို့မှာ ၎င်းတို့၏ ကလေးများ အကြောက်ပြေစေရန် သီချင်းဖွင့်ပြီး ကပြခဲ့ကြရကြောင်း CNN သို့ ပြောကြားခဲ့သည်။

ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) အိန္ဒိယ၊ တရုတ်နှင့် ပါကစ္စတန်တို့နှင့် ဆက်နွှယ်နေသော သင်္ဘောအချို့မှာ မကြာသေးမီရက်ပိုင်းအတွင်း ရေလက်ကြားကို ဖြတ်သန်းနိုင်ခဲ့သည်။ ပါကစ္စတန်အနေဖြင့် အခြားနိုင်ငံများ၏ သင်္ဘောများကိုလည်း ဘေးကင်းစွာ ဖြတ်သန်းနိုင်ရန် ကူညီပေးမည့် အလားအလာများကို စူးစမ်းနေကြောင်း သိရသည်။ ရန်လိုခြင်းမရှိသော သင်္ဘောများကို ဒေသဆိုင်ရာအာဏာပိုင်များနှင့် ညှိနှိုင်း ဆောင်ရွက်ပါက ဖြတ်သန်းခွင့်ပြုမည်ဟု အီရန်က ယခင်က ပြောကြားထားသည်။

အရပ်သား သေဆုံးမှု။ စစ်ပွဲစတင်ခဲ့သည့် တစ်လကျော်အတွင်း ဒေသတွင်း၌ လူပေါင်း ထောင်ချီ သေဆုံးခဲ့သည်။ လက်ဘနွန်တွင် လူဦးရေ ငါးပုံတစ်ပုံ နေရပ်စွန့်ခွာခဲ့ရပြီး အစ္စရေး၏ စစ်ဆင်ရေးများအတွင်း လူပေါင်း ၁,၂၄၇ ဦး သေဆုံးခဲ့သည်။ အီရန်တွင် လူပေါင်း ၁,၉၀၀ ကျော် သေဆုံးခဲ့ကြောင်း အီရန်ကြက်ခြေနီအဖွဲ့က ပြောကြားပြီး အီရတ်၊ အစ္စရေးနှင့် ပါရှန်းပင်လယ်ကွေ့ ဒေသတစ်လျှောက်တွင်လည်း ဒါဇင်နှင့်ချီသော လူများ သေဆုံးခဲ့သည်။

အစ္စရေး ပစ်မှတ်ထားခံရခြင်း။ အီရန်၏ တိုက်ခိုက်မှုအသစ်ကြောင့် ဒုံးကျည်အပိုင်းအစများ ကျရောက်ထိမှန်သဖြင့် အစ္စရေးအလယ်ပိုင်းတွင် ကားအချို့ မီးလောင်ခဲ့သည်။ အဆိုပါ ထိခိုက်မှုမှာ (Cluster munition) ဟုခေါ်သော အစုလိုက်အပြုံလိုက်ကွဲထွက်သည့် ခဲယမ်းများ ကြောင့် ဖြစ်နိုင်ကြောင်း အစ္စရေးစစ်တပ် (IDF) ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

အမေရိကန်တပ်ဖွဲ့ဝင်များ။ အမေရိကန်သည် “ ခန့်မှန်းရခက်ခဲသူ” ဖြစ်ရန် လိုအပ်ကြောင်း ပြောကြားရင်း ကာကွယ်ရေးဝန်ကြီး ပိဟက်ဆက်သ်က မြေပြင်တပ်ဖွဲ့များ စေလွှတ်မည့် ကိစ္စကိုပြောဆိုရန် ငြင်းဆန်ခဲ့သည်။ အမေရိကန် မရိန်းတပ်သား ၁,၈၀၀ ခန့် တင်ဆောင် လာသည်ဟု ယူဆရသော USS Tripoli သင်္ဘောသည် တနင်္ဂနွေနေ့က အိန္ဒိယသမုဒ္ဒရာအတွင်း ရှိနေခဲ့ကြောင်း CENTCOM က ပြောကြားသော်လည်း အီရန်နှင့် မည်မျှအကွာအဝေးတွင် ရှိနေသည်ကိုမူ ထုတ်ဖော်ပြောကြားခြင်း မရှိပေ။

အမေရိကန်နိုင်ငံသားများအား သတိပေးခြင်း။ နိုင်ငံခြားရေးဝန်ကြီးဌာနကဆော်ဒီအာရေးဗီးယား ရှိ အမေရိကန်နိုင်ငံသားများ စုဝေးရာ နေရာ များအား ခြိမ်းခြောက်မှုသတင်းများကို စောင့်ကြည့်နေကြောင်း သတိပေးခဲ့သည်။ ဟိုတယ် များ၊ အမေရိကန်စီးပွားရေးလုပ်ငန်းများနှင့် ပညာရေးအဖွဲ့အစည်းများသည် ပစ်မှတ်ထား ခံရနိုင်ခြေရှိသည်။ အီရန်ခေါင်းဆောင်များ ထပ်မံသတ်ဖြတ်ခံရပါက ဒေသတွင်းရှိ Meta, Apple, Microsoft အပါအဝင် အမေရိကန်ကုမ္ပဏီ ၁၄ ခု၏ ရုံးခန်းများကို တိုက်ခိုက်မည်ဟု အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) က ခြိမ်းခြောက်ထားသည်။

ဘယ်လို ပထဝီနိုင်ငံရေး သက်ရောက်မှုတွေ ရှိလာနိုင်သလဲ။

ထရန့်က မဟာမိတ်များကို ပြစ်တင်ရှုတ်ချခြင်း။ ထရန့်သည် ၎င်း၏မဟာမိတ်များကို ထပ်မံ ဝေဖန်ခဲ့ပြီး ယူကေကဲ့သို့ နိုင်ငံများအနေဖြင့် ဟော်မုဇ်ရေလက်ကြားသို့ သွားရောက်ကာ “ သိမ်းပိုက်လိုက်ကြ” ရန် တောင်းဆိုခဲ့သည်။ ၎င်းတို့အနေဖြင့် ကိုယ့်ဘာသာ တိုက်ခိုက် တတ်ရန် သင်ယူရမည်ဖြစ်ကြောင်း၊ “ ခက်ခဲတဲ့အပိုင်းတွေက ပြီးသွားပြီ၊ ကိုယ့်ရေနံကိုယ် သွားယူကြတော့” ဟု ၎င်းက ဆိုသည်။ အခြားအနောက်နိုင်ငံများမှာမူ ဤစစ်ပွဲတွင် ၎င်းတို့၏ ပါဝင်ပတ်သက်မှုကို ကန့်သတ်ရန် ကြိုးပမ်းနေကြသည်။

နိုင်ငံတော်အဆင့် ခရီးစဉ်။ အီရန်စစ်ပွဲကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းရန် တောင်းဆိုမှုများ ရှိနေသော်လည်း ဘုရင်ကြီး ချားလ်စ်၏ ပထမဆုံး အမေရိကန်နိုင်ငံတော်အဆင့် ခရီးစဉ်မှာ လာမည့်လတွင် အစီအစဉ်အတိုင်း သွားရောက်မည်ဖြစ်ကြောင်း ဘက်ကင်ဟမ်နန်းတော်က အတည်ပြုခဲ့သည်။

ပုပ်ရဟန်းမင်းကြီး။ ပုပ်ရဟန်းမင်းကြီး လီယို (Pope Leo XIV) က ထရန့်အနေဖြင့် အီရန်စစ်ပွဲကို အဆုံးသတ်နိုင်မည့် “ ထွက်ပေါက်” (off-ramp) ကို ရှာဖွေနေလိမ့်မည်ဟု မျှော်လင့်ကြောင်း မိန့်ကြားခဲ့သည်။


၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်နေ့ နံနက်အစောပိုင်းက အီရန်နိုင်ငံ၊ တီဟီရန်မြို့အနောက်ဘက်ရှိ လေကြောင်းတိုက်ခိုက်မှု ထိမှန်ခဲ့သော တိုက်ခန်းတစ်ခုအနီးတွင် အီရန်ကြက်ခြေနီ ဝန်ထမ်း များ စုဝေးနေကြစဉ်။ (Majid Saeedi/Getty Images)(ဓါတ်ပုံ)

၂၀၂၆ ခုနှစ်၊ မတ်လ ၃၀ ရက်က အစ္စရေးနိုင်ငံ၊ ဟိုင်ဖာမြို့ရှိ အစ္စရေးရေနံချက်စက်ရုံများတွင် ကြားဖြတ်ဟန့်တားလိုက်သော အီရန်ဒုံးကျည်မှ အပိုင်းအစများ ထိမှန်ခဲ့ပြီးနောက် စက်မှု အဆောက်အအုံတစ်ခုနှင့် ရေနံသိုလှောင်ကန်တစ်ခုမီးလောင်ကျွမ်းနေစဉ်။ (Rami Shlush/Reuters)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 9 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 10 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 11 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 12 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 15 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 13 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော