နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆားတောင်ကြီး ပကဖအဖွဲ့က CDM ဆရာမနဲ့ သက်ကြီးရွယ်အို အပါအဝင် ပြည်သူ (၈) ဦးကို ရိုက်နှက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ဆားတောင်ကြီးရွာအနီးမှာ နေထိုင်နေတဲ့ CDM ဆရာမ၊ အသက် ၇၀ ကျော် အမျိုးသမီး စစ်ဘေးရှောင် ပြည်သူ (၈) ဦးကို ကြိမ်လုံးနဲ့ ရိုက်နှက်ခဲ့တယ်လို့ ရိုက်နှက်ခံခဲ့ရသူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။

ရိုက်နှက်ခံခဲ့ရသူက ”ဖေဖော်ဝါရီ (၂၅) ရက်နေ့မှာ စစ်ဘေးရှောင်တွေနေတဲ့ နေရာအနီးမှာ ဆားတောင်ကြီး ပကဖက မိုင်းထပ်လာထောင်တယ်။ မိုင်းက သူတို့ဘာသာထောင်ရင်းက ကွဲသွားတယ်။ ကျွန်တော်တို့က သူတို့ကို ရေတွေ ဘာတွေတိုက်ဖို့ သူတို့နောက်ကနေ လိုက်သွားတယ်။ သူတို့ မိုင်းထောင်တာကို လာကြည့်တယ်ဆိုပြီး ပြောပြီးပြန်သွားတယ်။ (၂၆) ရက်နေ့မှာ သူတို့ ထပ်ရောက်လာပြီး ကျွန်တော်တို့ကို မှန်မှန်မှားမှား ဘာမှ မပြောနဲ့ဆိုပြီး မှောက်ခိုင်းပြီး ရိုက်တယ်၊ သူတို့ မိုင်းထောင်တာကို ရွာထဲကို ကျွန်တော်တို့က သွားပြောလို့ဆိုပြီး ပြောပြောပြီး ရိုက်တာ” လို့ ပြောပါတယ်။ သူတို့ ရိုက်ချင်သလို ရိုက်သွားတာ ကျွန်တော်တို့မှာ ဘာမှ ပြန်ဖြေရှင်းခွင့် မရှိဘူး။ ကျွန်တော်အမေဆို အသက် ၇၀ ကျော်ပြီ။ ရိုက်တာကို ကာလိုက်လို့ လက်တွေလည်း ထိသွားတယ်။ နှစ်ရက်လောက် မှောက်ရက်အိပ်ရတယ်လို့ ပြောပါတယ်။

ဆားတောင်ကြီးပကဖက ပြည်သူတွေပိုင်ဆိုင်တဲ့ လယ်တွေထဲမှာ မိုင်းထောင်ထားပြီး ပြည်သူတွေကို မိုင်းထောင်ထားတယ်လို့ သတိပေးတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။ ဆားတောင်ကြီး ပကဖခေါင်းဆောင် ဦးဆန်းဟာ လူနှစ်ဦး သတ်ထားတဲ့ လူသတ်မှုနဲ့ပတ်သက်ပြီး သံသယ ရှိနေသူဖြစ်ပြီး အသတ်ခံရတဲ့ မိသားစုတွေက ခရိုင်ပလဖရုံးကို တိုင်ကြားထားတယ်လို့လည်း ခရိုင်ပလဖက အတည်ပြု ပြောခဲ့ပေမယ့် လက်ရှိအချိန်မှာ အရေးယူနိုင်ခြင်း မရှိသေးပါဘူး။ တချိန်ချိန်မှာတော့ ဒါတွေကို ဖြေရှင်းရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ဆားတောင်ကြီး ပကဖခေါင်းဆောင် ဦးဆန်းကို လက်နက်ကိုင် အဖွဲ့တခုက ပစ်ခတ်လုပ်ကြံရာမှာ ဝက်လက်မြို့နယ် GZ Special Task Force – Wetlet အဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တယ်လို့ စွတ်စွဲပြီး ရွှေဘိုခရိုင် တပ်ရင်း (၂) က GZ အဖွဲ့ဝင် (၁၉) ဦးကို ဖမ်းဆီး နှိပ်စက်ကာ ဝန်ခံခိုင်းခဲ့ပြီး အဖွဲ့ဝင် (၄) ဦးကို ရာဇသတ်ကြီးပုဒ်မ ၃၀၇/၁၁၄ အရ တရားစွဲဆိုထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခင်ဦးမြို့ပေါ် ပြည်သူပိုင်ဈေးတန်းအိမ်တွေကို မီးရှို့နေတဲ့ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 8 Views
တိုက်ပွဲထဲ မီးရှို့ကိုကိုဆိုပြီး နာမည်ဆိုးထွက်နေတဲ့ စစ်ကောင်စီဗိုလ်တဦး သေဆုံးခဲ့ ဖေဖော်ဝါရီလ (၂၅)ရက်။ မနေ့က ညနေပိုင်းအချိန်မှာ ခင်ဦးမြို့ပေါ် ပြည်ပိုင်ဈေးတန်းအိမ်တွေကို မီးရှို့ဖျက်ဆီးနေတဲ့
မြန်မာသတင်း

ရေးမြို့တိုက်ပွဲထဲ နှစ်ဖက် ထိခိုက်ကျဆုံးတာတွေရှိခဲ့တယ်လို့ YGF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 19 Views
ဖေဖော်ဝါရီလ (၂၃)ရက်။ ဖေဖော်ဝါရီလ (၂၃)ရက်နေ့က ရေးမြို့ အောင်သပြေရွာအနီး စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ရေးပြောက်ကျားတပ်(YGF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်မယ်လို့ MDY-PDF ကတိပြုထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 20 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ အာဏာရှင်စနစ် အမြစ်ပြတ်တဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ MDY-PDF ရဲ့ ဒီကနေ့မှာကျရောက်တဲ့ ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်မှာ ကတိပြုထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ MDY-PDF အနေနဲ့ လက်နက်ကိုင်တော်လှန်ရေး စတင်လုပ်ဆောင်ဖို့ ဆုံးဖြတ်ချက်ချခဲ့တဲ့ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၂၅)ရက်နေ့ကို
မြန်မာသတင်း

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် HDCO ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ပုဏ္ဏားကျွန်းမြို့ကို စစ်တပ်က လေကြောင်းဗုံးကြဲတာကြောင့် အရပ်သားတွေ သေဆုံးတဲ့အပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချတယ်လို့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က ပုဏ္ဏားကျွန်းမြို့ ယိုးငူရွာရှိ ဈေးဆိုင်တန်းကို အကြမ်းဖက်စစ်တပ်က
မြန်မာသတင်း

ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ စစ်ကော်မရှင်ပြော

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 25 ရက်
  • 18 Views
ဖေဖော်ဝါရီလ (၂၅)ရက်။ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်ပြီး အစိုးရသစ်ဖွဲ့မယ်လို့ ဒုစစ်ခေါင်းဆောင် စိုးဝင်းက မနေ့က နောင်ဝိုး၊ ကျိုင်းခမ်းနဲ့ မိုင်းပျဉ်းတပ်နယ် တွေ့ဆုံပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ဧပြီလဆန်းပိုင်းမှာ သမ္မတရွေးချယ်တင်မြှောက်ပြီး အစိုးရသစ်တရပ် ဖွဲ့စည်းကာ နိုင်ငံရဲ့တာဝန်ကို
မြန်မာသတင်း

လွှတ်တော်ကျင်းပမယ့် နေ့ရက်တွေ စစ်ကော်မရှင်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 39 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ လာမယ့် မတ်လပိုင်းထဲမှာ လွှတ်တော်အစည်းအဝေးတွေ ကျင်းပသွားမယ်လို့ စစ်ကော်မရှင်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲ ပြည်သူ့လွှတ်တော်အစည်းအဝေးကို မတ်လ (၁၆)ရက်နဲ့ အမျိုးသားလွှတ်တော်အစည်းအဝေးကို မတ်လ (၁၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

ဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ မြစ်ကြီးနားလေဆိပ် လေယာဉ်ပြေးဆွဲတာတွေ ခေတ္တရပ်နားထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 35 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် မြစ်ကြီးနားလေဆိပ်ရဲ့ လေယာဉ်ပြေးဆွဲတာတွေကို ခေတ္တရပ်နားထားဖို့ အသိပေးထားတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၂၀)ရက်နေ့က မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ MNA လေယာဉ်တစီး ထိမှန်ပျက်စီးခဲ့တယ်လို့
မြန်မာသတင်း

NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနမှာ CDM ဝန်ထမ်း (၆၀)ရာခိုင်နှုန်း ခန့်အပ်ထား

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 34 Views
ဖေဖော်ဝါရီလ (၂၄)ရက်။ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနထဲ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ လက်တွဲပူးပေါင်းကာ CDM ဝန်ထမ်းတွေကို ခန့်အပ်ထားတယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုအခါ CDM ဝန်ထမ်းတွေကို စုစုပေါင်း ဝန်ထမ်းအင်အားရဲ့ (၆၀)ရာခိုင်နှုန်း