နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်

မြန်မာသတင်း

မြန်မာသတင်း

(၁၇) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ညီလာခံ အကွဲအပြဲ။

လက်ရှိကျင်းပနေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟို၏ (၁၇) ကြိမ်မြောက် ညီလာခံတွင် မတ်လ (၂၉) ရက်နေ့အထိ ခေါင်းဆောင်များကို ပြန်လည်မဲပေးရွေးချယ်ခြင်းမပြုနိုင်ကြသေးကြောင်း KNU နှင့် နီးစပ်သူတဦးက ခေတ်မျက်လုံးသို့ ပြောပြသည်။


လက်ရှိဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးမှာ ဥက္ကဋ္ဌ သက်တမ်း နှစ်ကြိမ်ထမ်းဆောင်ပြီးသူ ဖြစ်သည့်အတွက် KNU ၏ ဖွဲစည်းပုံအရ ပြန်လည်ရွေးချယ်ခံခြင်း မပြုနိုင်တော့ကြောင်း သိရှိရပါသည်။


ကေအဲန်ယူ ကွန်ဂရက်ကို ဧပြီလ ၂၄ ရက်နေ့က စတင်ကျင်းပကာ KNU တပ်မဟာ (၂) တောင်ငူခရိုင်နှင့် တပ်မဟာ(၅) မူတြော်ခရိုင် ကိုယ်စားလှယ်များထဲမှ စစ်ရေးတာဝန်ယူထားသူများက ညီလာခံတွင် ရွေးကောက်ခံခြင်းနှင့် မဲပေးခြင်း မပြုကြကြောင်း သဘောထား ရပ်တည်ချက်ပေးခဲ့ကြသော်လည်း ကေအဲန်ယူ၏ ဖွဲစည်းပုံအရ တက်ရောက်သူ ၇၅ ရာခိုင်နှုန်းပြည့်သည့်အတွက် ညီလာခံကို ဆက်လက်ကျင်းပနိုင်ခဲ့သည်ဟု သိရှိရပါသည်။


မူတြော်ခရိုင်၊ တပ်မဟာ(၅) မှ ဧပြီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် အချက် (၃) ချက်ပါ ကရင်ဘာသာဖြင့် ရေးသားထားသည့် အကြံပြုချက် စာတစ်စောင် လူမှုကွန်ရက် စာမျက်နှာပေါ်တွင် ထွက်ပေါ်လာသည်။


လူ့အခွင့်အရေးချိုးဖောက်မှုများစွာရှိပြီး တရားမဝင်လုပ်ငန်းများ လုပ်ကိုင်နေသည့် တရုတ်မြို သစ်စီ မံကိန်းတွင် ကေအဲန်ယူ ဗဟိုခေါင်းဆောင်တချို ပါဝင်ပတ်သက်မှုအပေါ် ကေအဲန်ယူ ဗဟိုအမြဲ တမ်းကော်မတီ၏ ဦးဆောင်မှုဖြင့် စုံစမ်းစစ်ဆေးပြီး ပြစ်မှုကျူးလွန်သူများကို အပြစ်ပေးအရေးယူပြီးမှ ကရင်တစ်မျိုးသားလုံး၏ သဘောထားကို ရယူကာ ကေအဲန်ယူ ဗဟိုညီလာခံကို ကျင်းပသွားရန် စသည့် အချက်များပါဝင်သော အကြံပြုစာကို ပေးပိုခဲ့ခြင်းဖြစ်သည်ဟု မူတြော်ခရိုင်ဘက်က ပြောသည်။


အကြံပြုစာထဲတွင် အဖွဲ့အစည်း၏ စည်းမျဥ်းစည်းကမ်းများကို ကျော်လွန်ပြီး တရားမဝင်စီးပွားရေးလုပ်ဆောင်မှု၊ မူးယစ်ဆေးဝါးမှု၊ လူမှောင်ခိုကုန်ကူးမှု စသော တရားမဝင်လုပ်ငန်းများတွင် ပါဝင်မှုဖြင့် (၁) KNU ကာကွယ်ရေး ဝန်ကြီးဌာန ကာကွယ်ရေးဝန်ကြီး ပဒိုစောရောဂျာခင်၊ (၂) တပ်မဟာ ၇ တပ်မဟာမူး ဗိုလ်မှူးချုပ် စောဖေါဒို၊ (၃) KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်မူးကြီး စောဂျော်နီ၏သား စောဒိုစိုး၊ (၄) ဗိုလ်မှူးကြီး စောဘချို၊ (၅) စောတင်စိုး (ပဒိုစောအယ့်နာ) တို့ အပြင် ကျန်ပါဝင်သူအချို့ကို ဥပဒေနှင့်အညီ စစ်ဆေးမှု ပြုလုပ်ပြီး အရေးယူဆောင်ရွက်သွားဖို့ တောင်းဆိုထားကြောင်း ကြားသိရပါသည်။


တပ်မဟာ ၇ တပ်မဟာမူး ဗိုလ်မှူးချုပ် စောဖေါဒိုသည် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ဖြစ်သော BGF မှ ဗိုလ်ချစ်သူနှင့် စီးပွားရေးလုပ်ငန်းများ တွဲဘက်လုပ်ကိုင်နေကြောင်း ကရင်အသိုင်းအဝိုင်းက သိရှိရပါသည်။
ထိုအပြင် NCA လမ်းကြောင်းအတိုင်း သွားလိုသူအုပ်စုနှင့် စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်လိုသောအုပ်စု အုပ်စုနှစ်စု ကွဲနေကြောင်းလည်း အစည်းအဝေးတက်ရောက်သူတစ်ဦးက ခေတ်မျက်လုံးသို့ ပြောပြပါသည်။

Edited: Grace H. / ဓာတ်ပုံ။ KNU Website

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ NLD ထုတ်ပယ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 20 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ မဲလက်မှတ်တွေဟာ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့ သမိုင်းဆိုးတွင်မှာသာဖြစ်တယ်လို့ KSIP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 40 Views
ဒီဇင်ဘာလ (၂၅)ရက်။ အကြမ်းဖက်စစ်တပ်ဟာ မကြာမီ အတုအယောင်ရွေးကောက်ပွဲအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး လူထုကို အကြောက်တရားသွင်းကာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကရင်နီပြည်
မြန်မာသတင်း

ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 44 Views
ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ ဒီဇင်ဘာလ (၂၅)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့က ရေတာရှည်မြို့နယ် စစ်တပ်အထိုင်ချပြ မဲရုံဆောက်နေတဲ့ ကျေးရွာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်မယ်လို့ စလင်းပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၅)ရက်။ စလင်းမြို့နယ်၊ ဆင်ဖြုကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူတွေအနေနဲ့ ဒီကနေ့ နံနက် (၈)နာရီအချိန်ကနေ ညနေ (၆)နာရီထဲ
မြန်မာသတင်း

မိုးကုတ်ရှိ ကျေးရွာတရွာနဲ့ စစ်တပ်စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ခြေကုပ်ယူထားတဲ့ မိုးကုတ်မြို့နယ်ထဲက ကျေးရွာတရွာနဲ့ စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်သူရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို မိမိတို့ဘက်က အထူးစစ်ဆင်ရေးတွေ
မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 37 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ဗဟိုကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ စစ်တပ်က
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 30 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Facebook က ထပ်မံဖယ်ရှားတာမှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 37 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က