နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဒီးမော့ဆိုမြို့နယ်ကို လေကြောင်း၊ လက်နက်ကြီးနဲ့ တိုက်ခိုက်။

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်ကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၈) ရက်နေ့၊ ည ၁၁ နာရီ ၃၀ မိနစ်အချိန်မှာ စစ်ကောင်စီက တိုက်လေယဉ်နဲ့ နှစ်ကြိမ်လာရောက် ဗုံးကြဲခဲ့ပြီး ၁၂၀ မမ လက်နက်ကြီးနဲ့ (၈) ကြိမ် ပစ်ခတ်သောကြောင့် ပြည့်သူကာကွယ်ရေးတပ် DMO PDF (P3-1102) တပ်ရင်းမှ ရဲဘော်မျိုးမြင့်မြတ် လက်နက်ကြီး ထိမှန်ပြီး ကျဆုံးသွားကြောင်း သိရှိရပါသည်။ ထို့ပြင် ရဲဘော်နှစ်ဦးလည်း ဒဏ်ရာအနည်းငယ် ရရှိသွားကြောင်း သိရှိရပါသည်။ တပ်ရင်းစခန်းတခုလုံးလည်း ပျက်စီဆုံးရှုံးသွားကြောင်း သိရှိရပါသည်။


အလားတူ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းသို့ အကြမ်းဖက်စစ်ကောင်စီမှ နံနက် ၉ နာရီ မိနစ် ၃၀ မှစ၍ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ဂျက်ဖိုက်တာဖြင့် ပစ်ခတ်ခြင်းများကို (၆) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ကြကြောင်း ပြည်သူ့ကာကွယ်ရေးတပ် – ဒီးမော့ဆိုမြို့နယ်က သတင်းထုတ်ပြန်ထားပါသည်။


ထို့အတူဝေဟင်မှ ပစ်ခတ်မှုအပြီးတွင် မြေပြင်မှလက်နက်ကြီးတပ်မှလည်း ၁၂၀မမဖြင့် (၃၀) ကြိမ် ထက်မနည်း ထပ်မံပစ်ခတ်ခဲ့ကြောင်း သိရှိရပါသည်။ ပထမအကြိမ်လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ဝပ်‌‌ရှော့လုပ်ငန်းဖြင့် အသက်မွေးဝမ်းပြုနေသူ စစ်ရှောင်ပြည်သူ အမျိုးသားတစ်ဦးနှင့် ဒုတိယအကြိမ် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် စစ်ရှောင်ပြည်သူတစ်ဦး ထပ်မံဒဏ်ရာရရှိကြောင့် သိရှိရပါသည်။


၎င်းဝပ်‌‌ရှော့ဆိုင်တွင် ကားများ ပြုပြင်ပေးရန် အပ်နှံထားသည့် စစ်ရှောင်ကားများလည်း အများအပြား ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရပါသည်။ ပြည်သူနေအိမ်(၂)လုံးနှင့် ဆိုင်ခန်းအချို့လည်း ထိခိုက်ပျက်စီးမှုများ ရှိခဲ့ပါသည်။


စစ်ကောင်စီသည် ဝေဟင်မှလေယာဉ်ဖြင့် တိုက်ခိုက်ခြင်း စစ်ရှောင်ပြည်သူများရှိရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း ကျေးရွာကျန်းမာရေးဆေးပေးခန်းနှင့် ဆေးရုံများသို့ ဗုံးကြဲတိုက်ခိုက်ခြင်းများ မကြာခဏ ပြုလုပ်နေသောကြောင့် ပြည်သူများ သတိကြီးစွာဖြင့် နေထိုင်သွားလာကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုက တိုက်တွန်းနိုးဆော်ထားပါသည်။

ဓာတ်ပုံ။ ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 20 Views
ညောင်လေးပင်မှာ စစ်တပ်က ကိုယ်ဝန်ဆောင်အပါအဝင် ပြည်သူ (၄၀)ကျော် သတ်ဖြတ်ခဲ့ မတ်လ (၉)ရက်။ မတ်လ (၅)ရက်နေ့ နံနက် (၅)နာရီခန့်က
မြန်မာသတင်း

KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 23 Views
မတ်လ (၉)ရက်။ မတ်လ (၇)ရက်နေ့ နံနက် (၂)နာရီအချိန်က ကစယ်ဒိုမြို့မှာ KTLA တပ်ဖွဲ့ဝင်တွေက KNLA ရဲဘော်တဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့
မြန်မာသတင်း

ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး လုံးဝထွက်ခွင့်မပြုဖို့ NUG ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 26 Views
မတ်လ (၉)ရက်။ ထိန်းချုပ်နယ်မြေထဲ ဆီအမျိုးမျိုးကို အဝင်သာခွင့်ပြုပြီး အထွက် လုံးဝ ထွက်ခွင့်မပြုဖို့ NUG ရဲ့ ကြားကာလအုပ်ချုပ်ရေးကော်မတီက မတ်လ (၆)ရက်နေ့ရက်စွဲနဲ့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ အခုအချိန်ဟာ အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းကနေ နိုင်ငံတကာကို ရေနံတင်သွင်းတာ
မြန်မာသတင်း

မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့တွေ ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 21 Views
မတ်လ (၉)ရက်။ မင်းဘူးနယ်ထဲ လက်နက်ကိုင်အဖွဲ့အားလုံး ခွင့်ပြုချက်မရှိဘဲ သွားလာတာမလုပ်ဖို့ မင်းဘူးခရိုင်အမှတ်(၆)တပ်ရင်းက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ နယ်မြေထဲ ဖြတ်သန်းသွားလာတဲ့ လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်ရင်းကို သတင်းပို့ပြီးမှ သွားလာကြဖို့ အသိပေးထားပါတယ်။ နောက်ပြီး နယ်မြေထဲ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကလွဲပြီး
မြန်မာသတင်း

အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေက NUG ယာယီသမ္မတထံ အိတ်ဖွင့်ပေးစာပေးပို့

  • 2026 ခုနှစ်၊ မတ်လ 9 ရက်
  • 19 Views
မတ်လ (၉)ရက်။ NUG တပ်ရင်းတွေက အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေနဲ့ပတ်သက်ပြီး အမျိုးသမီးအဖွဲ့တွေနဲ့ ဂျန်ဒါတန်းတူညီမျှမှုအဖွဲ့တွေက ယာယီသမ္မတ ဒူးဝါလရှီးလထံ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီအိတ်ဖွင့်ပေးစာကို မနေ့က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့မှာ ပေးပို့ခဲ့တာဖြစ်ပြီး အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေနဲ့
မြန်မာသတင်း

“ စစ်ကိုင်းမှာNUGဘာကြောင့်စစ်မတိုက်တာလဲ?

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 51 Views
မတိုက်ချင်တာလား- မတိုက်ရဲတာလား? ဒီအပတ်ခေတ်မျက်လုံးရဲ့ပြောကြားမဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်ကို လေ့လာသုံးသပ်ခြင်း အပိုင်း (၃၇)မှာ စစ်ကိုင်းမှာNUG ဘာကြောင့်စစ်မတိုက်တာလဲ? မတိုက်ချင်တာလား- မတိုက်ရဲတာလား?ဆိုတဲ့ ခေါင်းစဥ်ဖြစ်ပါတယ်.။ စစ်ကိုင်းတိုင်းပုလဲမြို့နယ်မှာရှိတဲ့ဗိုလ်နဂါးဦးစီးထားတဲ့ အမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) ကို ပကဖနဲ့တပ်ရင်းတွေ လူထောင်ချီသုံးပြီးစစ်ဆင်တိုက်ခိုက်ပြီး ခြေမှုန်းပစ်ခဲ့သလို ဗိုလ်နဂါးနဲ့အညာညီနောင်အဖွဲ့အဖြစ်ဖွဲ့စည်းထားတဲ့
မြန်မာသတင်း

ရေးမြိုမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်း ဒရုန်းနဲ့ ဗုံးကြဲခံရ

  • 2026 ခုနှစ်၊ မတ်လ 8 ရက်
  • 52 Views
မတ်လ (၇)ရက်။ မတ်လ (၅)ရက်နေ့ နေ့လယ် (၂)နာရီ (၄၀)မိနစ်ခန့်က ရေးမြိုမြောက်ပိုင်း ကနင်ကမော့ရွာအနီး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ ဗုံးကြဲခဲ့တယ်လို MSRF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကနင်ကမော့ရွာနားမှာ