နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 13 ရက်

နိုင်ငံတကာ အနုပညာ

နိုင်ငံတကာ အနုပညာ

ဒါကို ငါတို့အားလုံးဆန့်ကျင်ကြဖို့လိုတယ်

“ဒါကို ငါတို့အားလုံးဆန့်ကျင်ကြဖို့လိုတယ်”“ဒါကို ငါတို့အားလုံးဆန့်ကျင်ကြဖို့လိုတယ်” လို့ သူ့ရဲ့ နိုင်ငံရေးသင်္ကေတကိုဖော်ပြတဲ့ ဝတ်စုံကိုဝတ်ပြီး ကိန်းစ်ရုပ်ရှင်ပွဲတော်မှာ အီရန်ဒီဇိုင်နာ ဂျီလာဆာဘာ (Jila Saber) ဖော်ပြခဲ့သည်။

ပြီးခဲ့သည့်အပတ်ကကျင်းပခဲ့သော ၇၆ ကြိမ်မြောက် ကိန်းစ် ရုပ်ရှင်ပွဲတော်အတွင်း Ken Loach’s ၏ The Old Oak ရုပ်ရှင်ပွဲဦးထွက်အစတွင် စွဲမက်ဖွယ်ကောင်းသည့်ဂါဝန်များလွင့်မြောနေသည့် ပင်လယ်ပြင်များအကြားတွင် တစ်စုံတစ်ယောက်သည် ထင်ရှား ပေါ်လွင်နေသည်။

အီရန်မော်ဒယ် မာလာဂျဘယ်ရီ (Mahlagha Jaberi) သည် ရွှေကြိုးကွင်းပုံစံ လည်ပင်းစည်းရှိသော ဂျီလာ ၏ ဒီဇိုင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ ဒါဟာ ရည်ရွယ်ချက်ရှိရှိ နိုင်ငံရေးထုတ်ပြန်ချက်တစ်ခုဖြစ်ပြီး ချက်ချင်းဆိုသလိုပတ်ဝန်းကျင်ကို ပျံ့နှံ့သွားခဲ့ပါတယ်။

“ ကိန်းစ်ရဲ့ ကြီးကျယ်ခမ်းနားမှုကို စောင့်ကြည့်ဖို့ ဖက်ရှင်ကြေငြာချက်တစ်ခု ထုတ်ချင်တယ်၊ ဒါပေမယ့် ပိုအရေးကြီးတာက အီရန်ပြည်သူတွေရဲ့ မတရားကွပ်မျက်ခံနေရမှုတွေကို မီဒီယာတွေက အာရုံစိုက်လာစေဖို့ပါပဲ” ဟု ဂျဘယ်ရီ (Jaberi) က Instagram တွင် ရေးသားခဲ့သည်။

လက်ရှိအချိန်မှာတော့ သေဒဏ်ကို အီရန်အာဏာပိုင်တွေက အာဏာဆက်လက်ထိန်းသိမ်းထားဖို့နဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကို အကြောက်တရားရှိအောင် လုပ်နည်းတစ်ခုအနေနဲ့ အသုံးပြုနေပါတယ်။

Human Rights Watch ၏ အဆိုအရ အီရန်အာဏာပိုင်များသည် ဧပြီလနှောင်းပိုင်းမှစပြီး အနည်းဆုံး လူ ၆၀ ကို ကွပ်မျက်ခဲ့ပြီး အများစုမှာ တရားမျှတမှုမရှိသော စစ်ဆေးမှုများနှင့် မူးယစ်ဆေးဝါး ပြစ်မှု သို့မဟုတ် “စော်ကားမှု” ကဲ့သို့သော စွဲချက်များအတွက် ကွပ်မျက်ခဲ့သည်။

အီရန်သည် ယမန်နှစ်တွင် အနည်းဆုံး လူ ၅၈၂ ဦးကို ကွပ်မျက်ခဲ့ကြောင်း CNN ၏ အစီရင်ခံချက်တွင် ၂၀၂၁ ခုနှစ်ထက် ၇၅ ရာခိုင်နှုန်း တိုးမြင့်လာခဲ့သည်။

ဂျဘယ်ရီ ၏ ထိရောက်သော ကိန်းစ် ဝတ်စုံကို ဒီဇိုင်းဆွဲခဲ့သော အီရန်ဒီဇိုင်နာ ဂျီလာဆာဘာ အတွက် ကော်ဇောနီ ခင်းထားသည့် ရုပ်ရှင်ပွဲတော်တွင် သူမ၏ဇာတိနိုင်ငံ၌ ဖြစ်ပျက်နေသည်များကို လူအများသိရှိစေရန်ပြသဖို့ အခွင့်အလမ်းတစ်ခုအဖြစ် မြင်ခဲ့သည်။

“ပြီးခဲ့တဲ့ ခြောက်လအတွင်းမှာ အပြစ်မဲ့လူငယ် အများအပြား ကွပ်မျက်ခံခဲ့ရပြီး အန္တရာယ် အများအပြားရှိနေဆဲပါ” ဟု ဂျီလာဆာဘာ က Vogue မဂ္ဂဇင်းသို့ ပြောကြားခဲ့သည်။

“ အနုပညာရှင်တစ်ယောက်အနေနဲ့ ဒါကို ဆန့်ကျင်ပြီး ကမ္ဘာကြီးကို မျက်စိဖွင့်ဖို့ လိုအပ်တယ်လို့ ကျွန်မ ယုံကြည်ပါတယ်။”

၂၀၂၃ ခုနှစ် မေလ၃၁ရက်။ Vogue မဂ္ဂဇင်းမှသတင်းကိုခေတ်မျက်လုံးမှ ပြန်ဆိုပါသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နည်းပညာ နိုင်ငံတကာ အနုပညာ နိုင်ငံတကာစီးပွားရေး လက်တင်အမေရိက အမေရိကန် အရှေ့အလယ်ပိုင်း ဥရောပ

ရုရှား အရှေ့ဖျားရှိ တိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်စဉ် တိုက်လေယာဉ်အတွင်းပိုင်းကို ကင်ဂျုံအွန်အား ရုရှားက ထုတ်ဖော်ပြသ။

  • 2023 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 1.73K Views
မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအွန်သည် ရုရှားတိုက်လေယာဉ်စက်ရုံသို့ သွားရောက်လည်ပတ်ခွင့်ရပြီး တိုက်လေယာဉ်မျးကို အနီးကပ်ကြည့်ရသည့်အတွက် “ နှလုံးသားက ပြင်းပြင်းထန်ထန် လှုပ်ရှားသွားရလောက်အောင် အလွန်အမှတ်ရဖွယ်” ဖြစ်ခဲ့ကြောင်း
နိုင်ငံတကာ အနုပညာ မြန်မာသတင်း

သရုပ်ဆောင်ဒေါင်းပါဝင်တဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇာတ်ကား” Best Drama Arts Element Award” ဆု ထပ်ရ

  • 2023 ခုနှစ်၊ ဇွန်လ 11 ရက်
  • 1.79K Views
ထိုင်းနိုင်ငံ​ရဲ့ (၃၇)ကြိမ်မြောက် ရွှေရုပ်မြင်သံကြား ဆုပေးပွဲတွင် သရုပ်ဆောင် ဒေါင်း ပါဝင်သရုပ်ဆောင်ထားတဲ့ “ ကျောက်ဖရားမှ ဧရာဝတီသို့” ဇာတ်ကားက “
နိုင်ငံတကာ အနုပညာ အမေရိကန်

ကမ္ဘာကျော် အမေရိကန် ရုပ်ရှင်မင်းသားကြီး ဘရုစ်ဝီလီ တွင် fronttemporal dementia (FTD) ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိ

  • 2023 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 575 Views
Aphasia ရောဂါ ဝေဒနာ ခံစားနေရသော အသက် ၆၇ နှစ်ရှိပြီဖြစ်သည့် ကမ္ဘာကျော် အမေရိကန်ရုပ်ရှင်မင်းသားကြီး ဘရုစ်ဝီလီ ၏ မိသားစုဝင်များက ဘရုစ်ဝီလီ တစ်ယောက် ရောဂါအခြေအနေ ဆိုးဝါးလာနေပြီး ယခုအခါ fronttemporal dementia (FTD)
နိုင်ငံတကာ အနုပညာ

“RRR”

  • 2023 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 777 Views
၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ? ၂၄။ “RRR” အကောင်းဆုံး မူရင်းသီချင်းအဖြစ် ရွေးချယ်ခံခဲ့ရသည်။ Netflix မှထုတ်လုပ်ပြီး ဇာတ်ညွှန်းရေးဆရာနှင့်ဒါရိုက်တာအဖြစ် အက်စ်အက်စ် ရာဂျာမိုလီ (S.S. Rajamouli) ၏ သုံးနာရီကြာ အမြင့်ဆုံး
နိုင်ငံတကာ အနုပညာ

“TURNING RED” (အနီရောင်သို့ပြောင်းလာခြင်း)

  • 2023 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 541 Views
၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ? ၂၃။“TURNING RED” (အနီရောင်သို့ပြောင်းလာခြင်း) အကောင်းဆုံး ကာတွန်းရုပ်ရှင်အဖြစ် ဆန်ခါတင် ရွေးချယ်ခံရသည်။ (အနီရောင်သို့ပြောင်းလာခြင်း) “Turning Red” သည် အမျိုးသမီးတစ်ဦးတည်းသာ ရိုက်ကူးသည့် ပထမဆုံး ပစ်ဆာ
နိုင်ငံတကာ အနုပညာ

“MARCEL THE SHELL WITH SHOES ON” (ဖိနပ်စီးထားသည့်ကမာကောင် မာဆယ်)

  • 2023 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 537 Views
၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ? ၂၂။ “MARCEL THE SHELL WITH SHOES ON” (ဖိနပ်စီးထားသည့်ကမာကောင် မာဆယ်) အကောင်းဆုံး ကာတွန်းရုပ်ရှင် အဖြစ်ဆန်ခါတင်ရွေးချယ်ခံထားရသည်။ “Marcel the Shell
နိုင်ငံတကာ အနုပညာ

“ALL THE BEAUTY AND THE BLOODSHED” “ အလှတရားနှင့် သွေးထွက်သံယိုမှုများအားလုံး” “

  • 2023 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 476 Views
၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ? ၂၁။“ALL THE BEAUTY AND THE BLOODSHED” “ အလှတရားနှင့် သွေးထွက်သံယိုမှုများအားလုံး” “ အကောင်းဆုံး မှတ်တမ်းရုပ်ရှင် အဖြစ်ဆန်ခါတင်ရွေးချယ်ခံထားရသည်။ အမေရိကန်ဓာတ်ပုံဆရာ နန်
နိုင်ငံတကာ အနုပညာ

“ARGENTINA, 1985” “ အာဂျင်တီးနား၊ ၁၉၈၅”

  • 2023 ခုနှစ်၊ ဇန်နဝါရီလ 31 ရက်
  • 462 Views
၉၅ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲ ဘယ်သူတွေ အောင်ပွဲဆင်ကြမလဲ? ၂၀။ “ARGENTINA, 1985” “ အာဂျင်တီးနား၊ ၁၉၈၅” အကောင်းဆုံး နိုင်ငံတကာ စွမ်းဆောင်ရှင် ဆန်ခါတင်ဇတ်ကားအဖြစ် ရွေးချယ်ခြင်းခံရသည်။ “ARGENTINA, 1985”ကို Amazon Prime