နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 18 ရက်

နိုင်ငံတကာ အနုပညာ

နိုင်ငံတကာ အနုပညာ အမေရိကန်

ကမ္ဘာကျော် အမေရိကန် ရုပ်ရှင်မင်းသားကြီး ဘရုစ်ဝီလီ တွင် fronttemporal dementia (FTD) ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိ

Aphasia ရောဂါ ဝေဒနာ ခံစားနေရသော အသက် ၆၇ နှစ်ရှိပြီဖြစ်သည့် ကမ္ဘာကျော် အမေရိကန်ရုပ်ရှင်မင်းသားကြီး ဘရုစ်ဝီလီ ၏ မိသားစုဝင်များက ဘရုစ်ဝီလီ တစ်ယောက် ရောဂါအခြေအနေ ဆိုးဝါးလာနေပြီး ယခုအခါ fronttemporal dementia (FTD) ရှိနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဖေဖော်ဝါရီလ (၁၅) ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။

မှတ်ချက်။
“ Aphasia ရောဂါလက္ခဏာသည် စကားပြောရာတွင် တို Aphasia သည် လေဖြတ်ခြင်း သို့မဟုတ် ဦးနှောက်အကျိတ် ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ Aphasia ဖြစ်ပွားသူသည် တိုတို သို့မဟုတ် မပြည့်စုံသောဝါကျများဖြင့် စကားပြောဆိုသလို အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုသဖြင့် လူများဖြင့် ပြောဆိုဆက်ဆံရာတွင် အခက်အခဲ ဖြစ်စေသည်။

Fronttemporal dementia ရောဂါလက္ခဏာများမှာ ပုံမှန်မဟုတ်သော သို့မဟုတ် လူမှုရေးအရ ဆန့်ကျင်သော အပြုအမူများ ပြုမူခြင်းများအပြင် စကားပြောဆိုရန် ခက်ခဲခြင်း သို့မဟုတ် စကားလုံးများ ပျောက်ဆုံးခြင်းတို့ကို ဖြစ်စေသည်။နောက်ပိုင်းအဆင့်များတွင် လူနာများသည် မတည်ငြိမ်ခြင်း၊ တောင့်တင်းခြင်း၊ နှေးကွေးခြင်း၊ အကြောဆွဲခြင်း၊ ကြွက်သားအားနည်းခြင်း သို့မဟုတ် အစားအစာ မျိုချရခက်ခဲခြင်းစသည်များ ဖြစ်ပေါ်လာသည်။”

စကားပြောဆိုဆက်ဆံရာတွင် အခက်အခဲ ရှိနေခြင်းသည် ရောဂါလက္ခဏာများထဲမှ တစ်ခုသာဖြစ်ကြောင်း မိသားစုက ထုတ်ဖော် ပြောဆိုပြီးနောက်တွင် “နောက်ဆုံးမှာတော့ ရှင်းရှင်းလင်းလင်း ရောဂါရှာဖွေတွေ့ရှိလို့ စိတ်သက်သာရာရပါပြီ” ဟု မိသားစု၏ ခံစားချက်ကို ဖော်ပြခဲ့သည်။

ထို့အပြင် လူသိရှင်ကြား ထုတ်ဖော်ခြင်းသည် လူအများ၏ စိတ်ဝင်စားမှုကို တိုးပွားစေပြီး တိကျသော ကုသမှုမရှိသော ဤရောဂါ၏ လက်ရှိ အခြေအနေကို ပြောင်းလဲစေမည်ဟု မျှော်လင့်ပါသည်။

ဘရုစ်ဝီလီသည် “ Die Hard” ဇာတ်လမ်းတွဲနှင့် “ Armageddon” ကဲ့သို့သော ဟောလိဝုဒ်ရုပ်ရှင်များစွာတွင် ပါဝင်သရုပ် ဆောင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ် မတ်လတွင် Aphasia ရောဂါ တွေ့ရှိပြီးနောက် သရုပ်ဆောင်မှ အနားယူမည်ဟု ကြေညာခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရ တက္ကသိုလ်များအပေါ် စစ်ခင်းနေ

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 4 Views
++++++++++++++++++++++++ ဖရစ်ဇာကရီးယား၏သုံးသပ်ချက် အမေရိကန် လုံးဝလွှမ်းမိုးထားနိုင်တဲ့ဧရိယာကတော့ အဆင့်မြင့်ပညာရေး ဖြစ်ပါတယ်။ ကမ္ဘာ့လူဦးရေရဲ့ ၄% ရာခိုင်နှုန်းနဲ့ ပြည်တွင်းထုတ်ကုန် ၂၅%ရာခိုင်နှုန်းရှိတဲ့ အမေရိကားဟာ
မြန်မာသတင်း အမေရိကန်

အမေရိကန်အသံ Voice of America သည် Associated Press၊ Reuters နှင့် Agence France Presse (AFP) တို့နှင့် စာချုပ်များကို အဆုံးသတ်လိုက်သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 21 Views
The Voice of America ကို လည်ပတ်သည့် အစိုးရအေဂျင်စီသည် အေပီသတင်းဌာန၊ ရိုက်တာ၊ AFPတို့နှင့် စာချုပ်များကို ရပ်စဲလိုက်ပြီး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးကို ဟူသီသူပုန်များက ခြိမ်းခြောက်ခဲ့ပြီးနောက် အမေရိကန်က ယီမင်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ လူ ၃၁ ဦး သေဆုံးခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 9 Views
မတ်လ (၁၆) ရက်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဟူသီသူပုန်များအပေါ် “ ငရဲမိုးရွာလိမ့်မယ်” ဟု ယီမင်ကို သတိပေးပြီးနောက် အနည်းဆုံး လူ ၃၁ ဦးထက်မနည်း သေဆုံးစေသည့် လေကြောင်း တိုက်ခိုက်မှုကိုပြုလုပ်ခဲ့သည်။ အစ္စရေးက ဂါဇာကမ်းမြှောင်ကို
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က ကနေဒါကို စည်းလုံးစေပြီး ရွေးကောက်ပွဲကို ပြောင်းပြန်လှန်ပေးလိုက်ပါသည်။

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 11 Views
မတ်လ (၁၆) ရက်။ ထရန့်အပေါ် ခါးသီးသောခံစားချက်သည် ကနေဒါနိုင်ငံသားများကြားတွင် မျိုးချစ်စိတ်ဓာတ်ကို လှုံ့ဆော်ပေးခဲ့ပြီး ထရန့်နှင့်သဘောထား အကိုက်ညီဆုံး ကနေဒါနိုင်ငံရေးပါတီ၏ ရွေးကောက်ပွဲဆိုင်ရာ အလားအလာများကို ထိခိုက်စေခဲ့သည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည်အမေရိကန် နိုင်ငံသားများကို ပိုမိုကွဲပြားစေရန် တွန်းအားပေးနေသော်လည်း ထိုအချက်သည်ကနေဒါနိုင်ငံသားများကို
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က အလုပ်ထုတ်လိုက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ရန် အစိုးရအေဂျင်စီများကို ဝီလီယံအလ်ဆပ် (William Alsup) အမိန့်ထုတ်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 15 Views
မတ်လ (၁၄) ရက်။ ကယ်လီဖိုးနီးယား တရားသူကြီးက ထရန့်က အလုပ်ထုတ်လိုက်တဲ့ အစိုးရဝန်ထမ်းတွေကို ပြန်လည်ခန့်အပ်ရန် အစိုးရအေဂျင်စီများကို အမိန့်ထုတ် ကယ်လီဖိုးနီးယားပြည်နယ်မှ ဖက်ဒရယ်တရားသူကြီး ဝီလီယံအလ်ဆပ်သည် ဖက်ဒရယ်ဝန်ထမ်းအင်အားကို လျော့ချရန် ပြီးခဲ့သည့်လက သမ္မတ‌ဒေါ်နယ်ထရန့်၏ လုပ်ဆောင်မှုအောက်တွင် အလုပ်ထုတ်ခံရသော
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်အစိုးရက အလုပ်ထုတ်လိုက်တဲ့ ထောင်နဲ့ချီတဲ့ အစမ်းခန့်ထားသည့်ဝန်ထမ်းများကို ယာယီပြန်ခန့်အပ်ဖို့ ဒုတိယဖက်ဒရယ်တရားသူကြီးက အမိန့်ပေးခဲ့

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 14 Views
မတ်လ (၁၄) ရက်။ ထရန့်အစိုးရက အလုပ်ထုတ်လိုက်သော ထောင်နှင့်ချီသော အစမ်းခန့်ဝန်ထမ်းများအား ၎င်းတို့၏အလုပ်များတွင် ယာယီပြန်လည်ခန့်အပ်ရမည်ဟု ဒုတိယဖက်ဒရယ်တရားသူကြီးက ကြာသပတေးနေ့တွင် ဆုံးဖြတ်ခဲ့သည်။ ဒီမိုကရက်တစ်သမတ အိုဘားမားလက်ထက်က ခန့်အပ်ထားခဲ့သော ဝါရင့်တရားသူကြီး ဂျိမ်းစ်ဗရီဒါက ယာယီ တားမြစ်အမိန့်ကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ အမေရိကန်

ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံတယ်ဟု ပူတင် ပြောသော်လည်း ထရန့်ကို ဖုန်းခေါ်ဖို့ လိုနိုင်တယ်လို့ဆို

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 14 Views
မတ်လ (၁၄) ရက်။ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အယူအဆက မှန်ကန်ပြီး ကျွန်တော် သေချာပေါက် ထောက်ခံမှာ ဖြစ်ပေမယ့် ဆွေးနွေးဖို့ လိုအပ်တဲ့ကိစ္စရပ်တွေ ရှိသေးကြောင်း ပူတင်က ပြောကြားခဲ့ပါတယ်။ သမ္မတ ဗလာဒီမာပူတင်က ရုရှားက အပစ်အခတ်ရပ်စဲရေးအတွက် အဆင်သင့်ဖြစ်နေပြီဟု
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်လာချိန်တွင် ကနေဒါသည် အမေရိကန်ကို လက်တုံ့ပြန်၍ စည်းကြပ်ခွန် ဒေါ်လာ ၂၁ ဘီလီယံဖြင့် ဒဏ်ခတ်လိုက်ခြင်း

  • 2025 ခုနှစ်၊ မတ်လ 13 ရက်
  • 12 Views
မတ်လ (၁၃) ရက်။ ကနေဒါအစိုးရဟာ ဒေါ်လာဈေးတခုနှင့်တခု ချဉ်းကပ်မှုအတိုင်း ၂၀၂၅ ခုနှစ်၊ မတ်လ ၁၃ ရက် မနက် ၁၂:၀၁ နာရီမှာအခွန်စည်းကြပ်သွားမယ်လို့ ကြေညာလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုမှ သွင်းကုန် ဒေါ်လာ ၂၉.၈