နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 29 ရက်

နိုင်ငံတကာ အနုပညာ

နိုင်ငံတကာ အနုပညာ အမေရိကန်

ကမ္ဘာကျော် အမေရိကန် ရုပ်ရှင်မင်းသားကြီး ဘရုစ်ဝီလီ တွင် fronttemporal dementia (FTD) ရောဂါရှိနေကြောင်း စစ်ဆေးတွေ့ရှိ

Aphasia ရောဂါ ဝေဒနာ ခံစားနေရသော အသက် ၆၇ နှစ်ရှိပြီဖြစ်သည့် ကမ္ဘာကျော် အမေရိကန်ရုပ်ရှင်မင်းသားကြီး ဘရုစ်ဝီလီ ၏ မိသားစုဝင်များက ဘရုစ်ဝီလီ တစ်ယောက် ရောဂါအခြေအနေ ဆိုးဝါးလာနေပြီး ယခုအခါ fronttemporal dementia (FTD) ရှိနေသည်ကို စစ်ဆေးတွေ့ရှိရကြောင်း ဖေဖော်ဝါရီလ (၁၅) ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သည်။

မှတ်ချက်။
“Aphasia ရောဂါလက္ခဏာသည် စကားပြောရာတွင် တို Aphasia သည် လေဖြတ်ခြင်း သို့မဟုတ် ဦးနှောက်အကျိတ် ရောဂါလက္ခဏာတစ်ခုဖြစ်သည်။ Aphasia ဖြစ်ပွားသူသည် တိုတို သို့မဟုတ် မပြည့်စုံသောဝါကျများဖြင့် စကားပြောဆိုသလို အဓိပ္ပာယ်မရှိသော စကားများ ပြောဆိုသဖြင့် လူများဖြင့် ပြောဆိုဆက်ဆံရာတွင် အခက်အခဲ ဖြစ်စေသည်။

Fronttemporal dementia ရောဂါလက္ခဏာများမှာ ပုံမှန်မဟုတ်သော သို့မဟုတ် လူမှုရေးအရ ဆန့်ကျင်သော အပြုအမူများ ပြုမူခြင်းများအပြင် စကားပြောဆိုရန် ခက်ခဲခြင်း သို့မဟုတ် စကားလုံးများ ပျောက်ဆုံးခြင်းတို့ကို ဖြစ်စေသည်။နောက်ပိုင်းအဆင့်များတွင် လူနာများသည် မတည်ငြိမ်ခြင်း၊ တောင့်တင်းခြင်း၊ နှေးကွေးခြင်း၊ အကြောဆွဲခြင်း၊ ကြွက်သားအားနည်းခြင်း သို့မဟုတ် အစားအစာ မျိုချရခက်ခဲခြင်းစသည်များ ဖြစ်ပေါ်လာသည်။”

စကားပြောဆိုဆက်ဆံရာတွင် အခက်အခဲ ရှိနေခြင်းသည် ရောဂါလက္ခဏာများထဲမှ တစ်ခုသာဖြစ်ကြောင်း မိသားစုက ထုတ်ဖော် ပြောဆိုပြီးနောက်တွင် “နောက်ဆုံးမှာတော့ ရှင်းရှင်းလင်းလင်း ရောဂါရှာဖွေတွေ့ရှိလို့ စိတ်သက်သာရာရပါပြီ” ဟု မိသားစု၏ ခံစားချက်ကို ဖော်ပြခဲ့သည်။

ထို့အပြင် လူသိရှင်ကြား ထုတ်ဖော်ခြင်းသည် လူအများ၏ စိတ်ဝင်စားမှုကို တိုးပွားစေပြီး တိကျသော ကုသမှုမရှိသော ဤရောဂါ၏ လက်ရှိ အခြေအနေကို ပြောင်းလဲစေမည်ဟု မျှော်လင့်ပါသည်။

ဘရုစ်ဝီလီသည် “Die Hard” ဇာတ်လမ်းတွဲနှင့် “Armageddon” ကဲ့သို့သော ဟောလိဝုဒ်ရုပ်ရှင်များစွာတွင် ပါဝင်သရုပ် ဆောင်ခဲ့သော်လည်း ပြီးခဲ့သည့်နှစ် မတ်လတွင် Aphasia ရောဂါ တွေ့ရှိပြီးနောက် သရုပ်ဆောင်မှ အနားယူမည်ဟု ကြေညာခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 11 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 24 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 26 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 21 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 22 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 23 ရက်
  • 37 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်