စစ်ကောင်စီက တိုင်းနဲ့ပြည်နယ်အချို့မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာ၀န်ကြီး (၅)ဦးကို အသစ်ခန့်အပ်လိုက်တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။
မန္တလေးတိုင်း၊ ကယားပြည်နယ်၊ ကရင်ပြည်၊ ကချင်ပြည်နဲ့ ချင်းပြည်နယ်တွေမှာ စက်တင်ဘာလ (၁) ရက်ကစပြီး နယ်/လုံ၀န်ကြီးတွေကို ပြောင်းလဲခန့်အပ်တာလို့ ဆိုပါတယ်။
မန္တလေးတိုင်းမှာ ဗိုလ်မှူးကြီး နေလင်းစိုး၊ ကယားမှာ ဗိုလ်မှူးကြီး သန်းစိုးအောင်၊ ကရင်မှာ ဗိုလ်မှူးကြီး မင်းသူကျော်၊ ကချင်မှာ ဗိုလ်မှူးကြီး ကျော်သူရနဲ့ ချင်းမှာ ဗိုလ်မှူးကြီး သိန်းထွန်းအောင်တို့ကို နယ်/လုံ၀န်ကြီးတွေအဖြစ် အသစ်ခန့်အပ်တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အခုလိုပြောင်းလဲခန့်အပ်တဲ့ ပြည်နယ်တွေမှာ စစ်ရေးတင်းမာနေတဲ့ ဒေသတွေဖြစ်ပြီး စစ်ကောင်စီဘက်က မြေပြင်မှာ အထိနာနေတဲ့နေရာတွေဖြစ်ပါတယ်။
ဒါ့ပြင် မကြာခဏ အဖမ်းအဆီးတွေများနေတဲ့ မန္တလေးမှာလည်း နယ်/လုံ၀န်ကြီး ပြောင်းလဲခန့်အပ်လိုက်တာကြောင့် လုံခြုံရေးဆိုင်ရာ ပိုမိုတင်းကြပ်လာနိုင်ခြေရှိတယ်လို့ ပြောဆိုနေကြပါတယ်။
Eraseye\news