နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကချင်ပြည်နယ်မှာ ရိက္ခာသယ်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို KIA က ကြားဖြတ် တိုက်ခိုက်ခံရ။

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်က ရှန်းထုန်းဘွမ့်တပ်စခန်းကနေ နွမ်လန့်ဘက်ကို ရိက္ခာသယ်ဖို့ ဆင်းလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ တိုက်ခိုက်ခံရပြီး လက်နက်ပစ္စည်းအပါ တပ်သား ၅ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဒီသတင်းကို စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချာနယ်တွေမှာတော့ ဗန်းမော်မြိုနယ် နွမ်လန့်ကျေးရွာနဲ့ အူထန်ယာန်ကျေးရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး (၅) ယောက် ဖမ်းမိသွားတယ်လို့ ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၃၀) ရက်နေ့ ရှန်းထုန်းဘွမ့်ကနေ စစ်ကောင်စီတပ်သား ၁၅ ဦး ဆင်းလာစဉ် နွမ်လန့်မရောက်မီ ၂ မိုင်အကွာမှာရှိတဲ့ ပန်းဆပ်ရွာဟောင်းအနီးမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ရက္ခိုင်တပ်တော် AA တို့က ပိတ်ဆို့တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေမှာ ဖော်ပြထားပါတယ်။

ရှန်းထုန်းဘွမ့် စစ်ကောင်စီတပ်စခန်းကနေ ဆင်းလာတဲ့ စစ်ကောင်စီတပ်သား ၁၅ ဦးထဲမှာ ၂ ဦးက တိုက်ပွဲနေရာမှာ သေဆုံးသွားပြီး ၅ ဦးကို ပူးပေါင်းတပ်ဖွဲ့တွေက လက်နက်နဲ့အတူ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ကျန် ၈ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိရပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်ပစ္စည်းတွေကတော့ သေနတ် ၅ လက်၊ ကျည်ဆံအတောင့် တစ်ထောင်ကျော်၊ ၄၀ မမ အလုံး ၂၀ ကျော် နဲ့ စစ်ယူနီဖောင်းအများအပြား ဖြစ်တယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူ ၅ ဦးမှာ သုံးပွင့် ဗိုလ် ၁ ဦးပါဝင်ပြီး အဲဒီ တပ်ဖွဲ့တွေဟာ လကုန်ရက်မှာ နွမ်လန့်တပ်စခန်းထဲ စစ်ရိက္ခာများ လာရောက်သယ်ယူဖို့ ဆင်းလာတဲ့အချိန်မှာ တိုက်ခိုက်ခံရတာလို့ ဒေသခံ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။

ဓာတ်ပုံ။ စစ်ကောင်စီ / KIA ၏ဖမ်းဆီးခံထားရသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို တွေ့ရစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ NLD ထုတ်ပယ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 20 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ရဲ့ အတုအယောင်ရွေးကောက်ပွဲမှာ ပူးပေါင်းပါဝင်တဲ့ ပါတီဝင် (၂၀)ဦးကို ပါတီဝင်အဖြစ်ကနေ ထုတ်ပယ်လိုက်တယ်လို့ NLD ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

စစ်တပ်ရွေးကောက်ပွဲ မဲလက်မှတ်တွေဟာ သွေးစွန်းတဲ့မဲပြားတွေအနေနဲ့ သမိုင်းဆိုးတွင်မှာသာဖြစ်တယ်လို့ KSIP ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 40 Views
ဒီဇင်ဘာလ (၂၅)ရက်။ အကြမ်းဖက်စစ်တပ်ဟာ မကြာမီ အတုအယောင်ရွေးကောက်ပွဲအတွက် ဖိနှိပ်ချုပ်ချယ်တဲ့ ဥပဒေပြဋ္ဌာန်းပြီး လူထုကို အကြောက်တရားသွင်းကာ ကျင်းပဖို့ စီစဉ်နေတယ်လို့ ကရင်နီပြည်
မြန်မာသတင်း

ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 44 Views
ရေတာရှည်မြို့နယ်ထဲ စစ်တပ်အထိုင်ချပြီး မဲရုံဆောက်နေတဲ့ ရွာတွေကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ ဒီဇင်ဘာလ (၂၅)ရက်။ ဒီဇင်ဘာလ (၂၃)ရက်နေ့က ရေတာရှည်မြို့နယ် စစ်တပ်အထိုင်ချပြ မဲရုံဆောက်နေတဲ့ ကျေးရွာတွေကို တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ နေပြည်တော်တိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

ဆင်ဖြူကျွန်းမြို့က စစ်တပ်စခန်းတွေကို အပြီးသတ်သိမ်းပိုက်မယ်လို့ စလင်းပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 33 Views
ဒီဇင်ဘာလ (၂၅)ရက်။ စလင်းမြို့နယ်၊ ဆင်ဖြုကျွန်းမြို့ရှိ စစ်ကော်မရှင်ရဲ့ တပ်စခန်းတွေကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်သွားမယ်လို့ စလင်းပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စခန်းသိမ်းတိုက်ပွဲတွေကြောင့် ဆင်ဖြူကျွန်းမြို့နေ ပြည်သူတွေအနေနဲ့ ဒီကနေ့ နံနက် (၈)နာရီအချိန်ကနေ ညနေ (၆)နာရီထဲ
မြန်မာသတင်း

မိုးကုတ်ရှိ ကျေးရွာတရွာနဲ့ စစ်တပ်စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 25 ရက်
  • 37 Views
ဒီဇင်ဘာလ (၂၅)ရက်။ စစ်တပ်ခြေကုပ်ယူထားတဲ့ မိုးကုတ်မြို့နယ်ထဲက ကျေးရွာတရွာနဲ့ စိုးမိုးကုန်း(၁)ခုကို ထပ်မံသိမ်းပိုက်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ရန်သူရဲ့ အုပ်ချုပ်မှု၊ ကွပ်ကဲမှု၊ ထောက်ပံ့မှု ရပ်ဝန်းတွေကို မိမိတို့ဘက်က အထူးစစ်ဆင်ရေးတွေ
မြန်မာသတင်း

စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 37 Views
စစ်တပ် ရွေးကောက်ပွဲနေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ထုတ်ပြန် ဒီဇင်ဘာလ (၂၄)ရက်။ စစ်တပ်ရဲ့ ရွေးကောက်ပွဲပြုလုပ်မယ့်နေ့မှာ အသံတိတ်သပိတ် ဆင်နွှဲကြဖို့ CDF-Hakha ဗဟိုကောင်စီက ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ (၂၈)ရက်နေ့မှာ စစ်တပ်က
မြန်မာသတင်း

စစ်အုပ်စု အသစ်ဖွင့်ထားတဲ့ MRTV Page ကို Facebook ထပ်မံဖယ်ရှား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 30 Views
ဒီဇင်ဘာလ (၂၄)ရက်။ အခုလထဲ စစ်အုပ်စုက အသစ်ဖွင့်ထားတဲ့ MRTV ‌စာမျက်နှာကို Facebook က ထပ်မံဖယ်ရှားလိုက်တယ်လို့ Justice for Myanmar(JFM)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Facebook က ထပ်မံဖယ်ရှားတာမှာ စစ်အုပ်စုရဲ့
မြန်မာသတင်း

မြိုင်နယ်ထဲ စစ်တပ် ရွေးကောက်ပွဲ မကျင်းပနိုင်ဖို့ အဖွဲ့တွေစေလွှတ်ထားတယ်လို့ မြိုင်ပကဖထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 24 ရက်
  • 37 Views
လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တာတွေကြားထဲက ကပစ(၂၄) ရရှိဖို့ ကြိုးပမ်းနေတယ်လို့ဆို ဒီဇင်ဘာလ (၂၄)ရက်။ မြိုင်နယ်ထဲ စစ်တပ်အနေနဲ့ ရွေးကောက်ပွဲ မကျင်းနိုင်ဖို့ အဖွဲ့အသီးသီးကို စေလွှတ်ထားပြီးဖြစ်တယ်လို့ မြိုင်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ စစ်တပ်က