နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဗြိတိန် အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲကို ဆန့်ကျင်ရန် ကမ္ဘာတစ်ဝှမ်းရှိ လူထုများ ဆန္ဒပြကြ

အစ္စရေး – တဲလ်အဗစ်မြို့တွင် ဆန္ဒပြသူအချို့သည် ၎င်းတို့၏ လက်ဖဝါးများကို အနီရောင် ဆိုးထားကြပြီး အချို့ကမူ ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားကြသည်။ ဆိုင်းဘုတ်ကြီးတစ်ခုတွင် “စစ်ပွဲကို ရပ်တန့်လော့” ဟု ရေးသားထားပြီး နောက်တစ်ခုတွင် “လက်နက်တင်ပို့မှု အခုချက်ချင်း ပိတ်ပင်လော့” ဟု ဖော်ပြထားသည်။ လူများသည် “အမေရိကန်နှင့် အစ္စရေး = မကောင်းဆိုးဝါးဝင်ရိုးတန်း” နှင့် “အစ္စရေး၏ ဖိနှိပ်မှုမှ ပါလက်စတိုင်းများကို မည်သူက ကာကွယ်ပေးမည်နည်း” အစရှိသည့် ကိုယ်တိုင်ရေး ဆောင်ပုဒ်အမျိုးမျိုးပါဝင်သော လက်ကိုင်ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

ယူကေ – လန်ဒန်မြို့၏ လမ်းမများပေါ်တွင် ” (အမေရိကန်သမ္မတ ဒေါ်နယ်) ထရန့်၏ စစ်ပွဲများကို ရပ်တန့်လော့” နှင့် “အီရန်ကို ဗုံးကြဲခြင်း ရပ်တန့်လော့” ဟု ရေးသားထားသော ဆိုင်းဘုတ်များကို ကိုင်ဆောင်ထားသူများသည် မနေ့က လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး အချို့မှာ ဝန်ကြီးချုပ်၏ တရားဝင်နေအိမ်ဖြစ်သော No.10 Downing Street အပြင်ဘက်တွင် စုဝေးခဲ့ကြသည်။

အမေရိကန် လေတပ် (USAF) ဝန်ထမ်းများပါ အသုံးပြုသည့် Gloucestershire ရှိ Fairford တော်ဝင်လေတပ်စခန်းတွင် ဆန္ဒပြသူများသည် “အီရန်ကို လက်ဖျားနဲ့တောင် မထိနဲ့”၊ “လူသတ်နေတာတွေ ရပ်ပါ” နှင့် “ဒီနေ့ ကလေးဘယ်နှစ်ယောက် သေအောင် မင်းတို့ ကူညီပေးခဲ့လဲ” အစရှိသည့် ပိုစတာများကို ကိုင်ဆောင်ခဲ့ကြသည်။

ဂျာမနီ – မနေ့က ဘာလင်မြို့တွင်လည်း လူအုပ်ကြီးက ဆန္ဒပြခဲ့ကြသည်။ စစ်ပွဲအစပိုင်းတွင် အီရန်မူလတန်းကျောင်းတစ်ခု တိုက်ခိုက်ခံရမှုကြောင့် သေဆုံးခဲ့ရသူများအတွက် ရည်စူး ထားသော နေရာတစ်ခုရှိ ပိုစတာတစ်ခုတွင် “အမေရိကန်နှင့် အစ္စရေးတို့ သတ်ဖြတ်ခဲ့သော ကျောင်းသူလေး ၁၆၈ ဦး” ဟု ရေးသားထားသည်။

“သူတို့တွေဟာ အီရတ်စစ်ပွဲတုန်းကလိုပဲ စည်းမျဉ်းတွေကို လိုက်နာခြင်း မရှိကြဘူး။ အမေရိကန်ဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ချိုးဖောက်နေတာ ကြာပါပြီ၊ မကြာသေးခင် နှစ်တွေအတွင်းမှာ ဒါဟာ ပိုပြီးတော့တောင် ဆိုးရွားလာပါတယ်။ အခု နောက်ဆုံး ဖြစ်ရပ်တွေ က ဒါဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေကို ဗြောင်ကျကျ ချိုးဖောက်နေတာဆိုတာ ရှင်းရှင်း လင်းလင်း ပြသနေပါတယ်” ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။

စပိန် – မဒရစ်မြို့ရှိ ဆန္ဒပြသူများသည် မနေ့က ဆန္ဒပြပွဲများတွင် “စစ်ပွဲကို အလိုမရှိ” နှင့် “ငြိမ်းချမ်းရေး” ဟု ရေးသားထားသော စာတန်းများကို ကိုင်ဆောင်ခဲ့ကြသည်။ လူအများအပြားသည် ပါလက်စတိုင်း အလံများကိုလည်း ဝှေ့ယမ်းခဲ့ကြသည်။

အိန္ဒိယ – အိန္ဒိယပိုင် ကတ်ရှ်မီးယားတွင် ရှီအိုက်မွတ်စလင်များသည် မနေ့က လမ်းမများ ပေါ်သို့ ထွက်လာခဲ့ကြပြီး ကွယ်လွန်သွားပြီဖြစ်သော အီရန်၏ အမြင့်ဆုံးခေါင်းဆောင် Ayatollah Ali Khamenei ၏ ပုံတူကားချပ်များကို ကိုင်ဆောင်ကာ ဝမ်းနည်းခြင်း အထိမ်း အမှတ်အဖြစ် အနက်ရောင်ဝတ်စုံများကို ဝတ်ဆင်ခဲ့ကြသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 76 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 72 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 72 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 82 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက