နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဘုရားသုံးဆူရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၂ ခုကို မဟာမိတ်တပ်များ တိုက်ခိုက်သိမ်းပိုက်

စစ်အုပ်စု ဘက်မှ တိုက်လေယာဉ်ဖြင့် ပစ်ခတ်သဖြင့် ဒေသခံပြည်သူ (၄)ဦးသေဆုံး

ဇန်နဝါရီ (၂)ရက် ယနေ့ မနက်ပိုင်းကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ KNU တပ်မဟာ ၆ နယ်မြေ ဘုရားသုံးဆူ ရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်း ၂ ခုကို မဟာမိတ်တပ်များက တိုက်ခိုက် သိမ်းပိုက်လိုက်ကြောင်းသိရသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဲဘက် က စခန်း ၃ ခုထဲမှ ၂ ခုကို သိမ်းဆည်းလိုက်ပြီး ​စစ်ကောင်စီ လက် အောက် ခံ တပ်များ အထိအခိုက်အကျအဆုံးများကြောင်းသိရသည်။ ယမန်နေ့တိုက်ပွဲတွင် Lion Battalion Commando ဗျူဟာစစ်ကြောင်းမှ ရဲဘော်စောဘုန်းအောင် (ခ)အနဲ အပါအဝင် မဟာမိတ် ပူးပေါင်းအဖွဲ့မှရဲဘော် ၆ ဦးကျဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်ကောင်စီတပ်များက မြေပြင်တွင် အထိနာနေသဖြင့် လေကြောင်း ပစ်ကူဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် ဒေသခံပြည်သူ ၄ ဦး ထိမှန်ထားကြောင်းသိရသည်။ ကရင် ပြည် နယ် ကော့ကရိတ်မြို့အနီးနားအပါအဝင် ဘုရားသုံးဆူအထိ ကျေးရွာ များတွင် စစ်ကောင်စီတပ်နှင့် KTLA(Lion Battalion Commando-ဗျူဟာ စစ်ကြောင်း)၊KNLA နှင့် ပူးပေါင်းမဟာမိတ်အဖွဲ့များအ ကြား ၂ ပတ် ကြာ တိုက် ပွဲ ပြင်းထန်နေတာကြောင့် စစ်ဘေးရှောင် ပြည်သူ ၁၅၀၀၀ ကျော်ခန့်တိမ်းရှောင်နေကြရကြောင်းသိရသည်။

MoeZ/Era’sEyes

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဆားလင်းကြီးနယ်မှာ တော်လှန်ရေးတပ်စခန်းတခု ဗုံးကြဲခံရပြီး (၁၀)ဦးကျော် ကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က ဆားလင်းကြီးနယ် ဖိုဝင်တောင်အနီးရှိ တော်လှန်ရေးတပ်စခန်းတခုကို စစ်တပ်က စက်တပ်လေထီး (၃)စီးနဲ့ ဗုံးကြဲခဲ့တယ်လို့
မြန်မာသတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓါးကို ပြန်ရဖို့ မြေးဖြစ်သူ မျှော်လင့်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အမွေအနှစ်ဖြစ်တဲ့ ဓါးကို ပြန်လည်ရရှိဖို့ မျှော်လင့်ပါတယ်လို့ မြေးဖြစ်သူ ကိုထိန်လင်းက ဒီကနေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့အထိမ်းအမှတ်မှာ
မြန်မာသတင်း

ကျောက်တော်နဲ့ မြောက်ဦးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ပြည်သူ (၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 6 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က တရက်ထဲ ရခိုင်ပြည်နယ် ကျောက်တော်မြို့နဲ့ မြောက်ဦးမြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ဟာ မနေ့က ည (၉)နာရီကျော်အချိန်က ကျောက်တော်မြို့ ပိုက်သည်ရပ်ကွက်
မြန်မာသတင်း

မြစ်ကြီးနားလေဆိပ် အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 7 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ မနေ့က နံနက်ပိုင်းအချိန်က မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေ အသေခံဒရုန်းနဲ့ တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မြစ်ကြီးနားမြို့ ပန်းမတီးရပ်ကွက်ရှိ မြစ်ကြီးနားလေဆိပ်နဲ့ အနီးဝန်းကျင်နေရာတွေကို FPV Suicide Drone တွေ
မြန်မာသတင်း

တလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂၇)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 13 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၃)ရက်။ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲ အကြမ်းဖက်စစ်တပ်က နိုင်ငံတဝန်းကို လေကြောင်းတိုက်ခိုက်တဲ့အကြိမ်ရေ (၁၀၉)ကြိမ်အထိ ရှိခဲ့တယ်လို့ MDSI ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီကာလထဲ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သားပြည်သူ (၁၂၇)ဦး သေဆုံးခဲ့ပြီး
မြန်မာသတင်း

ဝက်လက်နယ်ထဲ လုပ်ကြံသတ်ဖြတ်မှုတွေကို NUG အနေနဲ့ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းဖို့ ကျောင်းသားသမဂ္ဂထုတ်ပြန်

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 28 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ဝက်လက်မြို့နယ်ထဲမှာ ပြည်သူတွေအပါအဝင် လုပ်ကြံသတ်ဖြတ်မှုများစွာ ပေါ်ပေါက်နေတယ်လို့ မြို့နယ်ကျောင်းသားများသမဂ္ဂရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဝက်လက်နယ်ထဲမှာ ၂၀၂၄ခုနှစ် ဇူလိုင်လ (၈)ရက်က ကျောင်းသားရဲဘော် မြင့်မြတ်ဦး၊ ၂၀၂၅ခုနှစ် မေလ (၂၄)ရက်က မြို့နယ်ပအဖရုံးအဖွဲ့
မြန်မာသတင်း

ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 23 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်ခန့်က မြောက်ဥက္ကလာပမြို့နယ်ရှိ ရွှေပေါက္ကံနယ်မြေရဲစခန်းက စစ်ကောင်စီရဲတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Yangon Army ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည (၁၁)နာရီ (၄၃)မိနစ်လောက်မှာ
မြန်မာသတင်း

ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေး တဦးကို ငွေကျပ်(၂)သိန်းနှုန်း ကောက်ခံ၊ မပေးရင် စစ်တပ်ခေါ်ပြီး ထုထောင်းခိုင်းမယ်လို့ ကြိမ်းမောင်းနေ

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 22 Views
ဖေဖော်ဝါရီလ (၁၂)ရက်။ ရန်ကုန်တိုင်း ကျောက်တန်းမြို့မှာ စစ်မှုထမ်းကြေးဆိုပြီး စစ်တပ်လက်ပါးစေတွေက တဦးကို ကျပ်(၂)သိန်းနှုန်းနဲ့ ကောက်ခံနေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။ “ ကျောက်တန်းမြို့ထွေအုပ်ရုံးက ဗိုလ်မှူးဆိုသူရဲ့ မြှောက်ပေးတာနဲ့ ရွှေပျောက်ရွာအုပ်ကြီး သဲမောင်က စစ်မှုထမ်းဖို့ အကျုံး‌ဝင်သူတွေကို