နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 7 ရက်

မြန်မာသတင်း

မြန်မာသတင်း

စလင်းနယ်မှာ စစ်တပ်စစ်ကြောင်းကြောင့် ရွာပေါင်း (၆)ရွာ ထွက်ပြေးတိမ်းရှောင်နေရ

မတ်လ (၂၆)ရက်။

မနေ့က စလင်းနယ်မှာ အင်အား (၆၀)ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းဟာ ကျေးရွာတွေကို စစ်ကြောင်းထိုး ဝင်ရောက်တာတွေ ပြုလုပ်ခဲ့တယ်လို ပြည်သူ့ညီနောင်-စလင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

“ ဇီးအုပ်ဘုန်းကြီးကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးသီးကြဲချပြီးတော့ အင်အား (၆၀)လောက်နဲ့ သရက်ချဥ်ရွာ အနောက်လမ်းအတိုင်း သမြင်ကင်းကျေးရွာထိ စစ်ကြောင်းထိုးဝင်‌လာတာ” လို ဆိုပါတယ်။

စစ်တပ်စစ်ကြောင်းဟာ သရက်ချဉ်ရွာအနောက်လမ်းအတိုင်း သမြင်ကင်းရွာအထိ ဝင်ရောက်လာခဲ့တာကြောင့် ကျေးရွာ (၆)ရွာက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို ဖော်ပြထားပါတယ်။

စစ်တပ်စစ်ကြောင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေဟာ သရက်ချဥ်ရွာ၊ အုန်းတောရွာ၊ သမြင်ကင်းရွာ၊ ကျောင်းကုန်းရွာ၊ ကျီးသိုက်ရွာနဲ့ ကညှပ်ရွာတိုဖြစ်တယ်လို ရေးသားထားပါတယ်။

အဲ့ဒီနောက် အကြမ်းဖက်စစ်ကြောင်းဟာ ည (၇)နာရီခန့်မှာ လာလမ်းအတိုင်း ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး အင်အားအနည်းငယ်ဟာ သမြင်ကင်းကျေးရွာမှာ ကျန်ရှိနေတယ်လို ‌ဆိုပါတယ်။

နောက်ပြီး အကြမ်းဖက်စစ်တပ်ဟာ ညနေ (၄)နာရီနဲ့ (၅)နာရီအချိန်တိုမှာ ကျောင်းကုန်းရွာနဲ့ ကညှပ်ရွာကြားရှိ ဇီးအုပ်ဘုန်းကြီးကျောင်းကို ဒရုန်းနဲ့ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီဖြစ်စဉ်ထဲ ဘုန်းကြီးကျောင်းပေါ် ကျရောက်ပေါက်ကွဲခဲ့တာကြောင့် မီးလောင် ပျက်ဆီးသွားခဲ့ပြီး လူထိခိုက်တဲ့အခြေအနေကိုတော့ ထည့်သွင်းပြောဆိုထားတာမရှိပါဘူး။

ဒါ့အပြင် ဇန်နဝါရီလပိုင်းကလဲ စစ်တပ်စစ်ကြောင်းဟာ စလင်းချောင်း​တောင်ဘက်ရှိ ကျေးရွာတွေကို လက်နက်ကြီးတွေ၊ ဒရုန်းဗုံးသီးတွေနဲ့ ပစ်ခတ်ခဲ့သလို စစ်ကြောင်းထိုးကာ ပြည်သူ့နေအိမ်တွေနဲ့ ဘုန်းကြီးကျောင်းတွေကို မီးရှိဖျက်ဆီးခဲ့တယ်လို သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်မှာ စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် အရပ်သား (၃)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 11 Views
မေလ (၆)ရက်။ ဒီကနေ့ နေ့လယ်ပိုင်းအချိန်က ဝက်လက်မြို့ စခန်းသာရွာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။ “
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩစတြေးလျသံရုံး တောင်းဆို

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 19 Views
မေလ (၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနဲ့ ဆက်သွယ်ခွင့်ရဖို့ ဩ‌စတြေးလျသံရုံးက ဒီကနေ့မှာ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ ထုတ်ပြန်ချက်ထဲ
မြန်မာသတင်း

လေးကေစခန်းက ထွက်ပြေးတဲ့ စစ်ကောင်စီတပ်တွေ လိုက်လံချေမှုန်းခံရပြီး (၇)ဦးသေဆုံးကာ ဒုတပ်ရင်းမှူးအပါ (၁၈)ဦး ဖမ်းမိခဲ့

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 24 Views
မေလ (၆)ရက်။ ‌ဘီးလင်းမြို့ရှိ လေးကေစခန်းသိမ်းတိုက်ပွဲကနေ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံချေမှုန်းခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့(SOF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတိုက်ပွဲထဲ စစ်ကောင်စီတပ်သား (၇)ဦး သေဆုံးခဲ့ပြီး (၁၈)ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲက‌နေ ထွက်ပြေးသွားတဲ့
မြန်မာသတင်း

မော်လူးမြို့ကို ပြန်လည်ထိန်းချုပ်နိုင်တယ်ဆိုပြီး စစ်တပ်ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 23 Views
မေလ (၆)ရက်။ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ မော်လူးမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မော်လူးမြို့ဟာ ကသာခရိုင် ‌အင်းတော်မြို့နယ်မှာ ပါဝင်ပြီး စစ်တပ်က ဧပြီလ (၃၀)ရက်နေ့မှာ အင်းတော်မြို့ကို သိမ်းပိုက်ပြီးနောက် ထပ်မံရရှိခဲ့တာလို့
မြန်မာသတင်း

NUG ချီးမြှင့်မယ့် ဘွဲ့နဲ့ဆုတံဆိပ်ကို လက်မခံဘူးလို့ ABSDF ပြော

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 19 Views
မေလ (၆)ရက်။ NUG ချီးမြှင့်မယ့် သူရဲကောင်းဘွဲ့နဲ့ ဆုတံ‌ဆိပ်ကို လက်ခံမှာမဟုတ်ဘူးလို့ ABSDF ဥက္ကဋ္ဌ ရဲဘော်သံခဲက မနေ့က ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ကျောင်းသားတပ်မတော်အနေနဲ့ အခုကာလမှာ ဘယ်အစိုးရကပေးတဲ့ ဘွဲ့ထူး ဂုဏ်ထူးတွေကိုမှ လက်ခံသွားမှာမဟုတ်ဘူး”
မြန်မာသတင်း

ဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေရှိခဲ့တယ်လို့ ဝန်ကြီးဦးရည်မွန်ပြော

  • 2026 ခုနှစ်၊ မေလ 6 ရက်
  • 17 Views
သိမ်းပိုက်ထားတဲ့ မြို့အချို့ကို စွန့်ခွာရတာအပါအဝင် မြေပြင်အခက်အခဲနဲ့ အတက်အကျတွေဟာ စစ်မက်ရေးရာရဲ့ သဘာဝလို့ဆို မေလ (၅)ရက်။ နေရာဒေသအချို့မှာ ပြည်သူရဲ့ ယုံကြည်မှုကို ထိခိုက်စေတဲ့ အမှားအယွင်းတွေ ရှိခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က PDF (၅)နှစ်ပြည့်မှာ
မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 36 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲမှာ နှစ်နိုင်ငံ စစ်တပ်တွေအကြား ဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်တာတွေ တိုးမြှင့်ဖို့နဲ့ နှစ်နိုင်ငံ
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ မြို့နယ်ပကဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 35 Views
မေလ (၅)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အသည်းတွေကို မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလ(၁)ရက်နေ့ကစပြီး စလင်း၊ ဆင်ဖြူကျွန်းကနေ စစ်တပ်ရဲ့ ခလရ(၂၅၃/၂၅၄/၂၅၅)က ထုတ်နှုတ်အင်အား စစ်ကူတွေနဲ့ စလင်းမြို့အရှေ့ဘက်ခြမ်း ကျေးရွာတွေကို