နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 24 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်အမျိုးသားအစည်းအရုံး (KNU)) ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ (၁၇) ကြိမ်မြောက် ညီလာခံ ရွေးကောက်ပွဲကို ယနေ့ မေလ ၂ ရက်နေ့တွင် ဆက်လက်ကျင်းပရာ (၁၀) ဦးမြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို မဲပေးရွေးချယ်လိုက်ကြောင်း သိရသည်။


(၁၇) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ညီလာခံကို ဧပြီလ ၂၄ ရက်နေ့မှစ၍ ကရင်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့ရာ ခရိုင်၊ တပ်မဟာ (၇) ခုမှ ကိုယ်စားလှယ် ၁၀၀ ကျော်ပါ ဝင်တက်ရောက်ပြီး ကိုယ်စားလှယ် ၅၆ ဦး ဝင်ရောက်အရွေးကောက်ခံခဲ့ကြသည်ဟု သိရှိရသည်။ ခေါင်းဆောင် အသစ်များကို လျှိုဝှက်မဲပေးစနစ်ဖြင့် ပြန်လည် ရွေးချယ်ကြရာတွင် ယခင် ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ပဒိုစောကွယ်ထူးဝင်းကို ဥက္ကဋ္ဌအဖြစ် ရွေးချက်ခဲ့ကြကြောင်း သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ညီလာခံကို တပ်မဟာ(၇) ခုစလုံးက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တောင်ငူခရိုင်၊ တပ်မဟာ (၂) နှင့် မူတြော်ခရိုင်၊ တပ်မဟာ (၅) မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးမှုပြုခဲ့ကြသော်လည်း ခေါင်းဆောင်သစ်များကို ပြန်လည်ရွေးချယ် တင်မြောက်ရာတွင် ဝင်ရောက်မဲပေးခြင်းနှင့် ရွေးကောက်ခံခြင်း မပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

KNU စတင်ဖွဲ့စည်းချိန်မှစ၍ ဥက္ကဋ္ဌအဖြစ် ၁၉၄၇ ခုနှစ်တွင် စောစံဖိုးသင်မှ ပထမဦးဆုံး တာဝန်ယူခဲ့ပြီး ၁၉၄၇ ခုနှစ်မှ ၁၉၅၀ ခုနှစ်တွင် စောဘဦးကြီး၊ ၁၉၅၀ ခုနှစ်မှ ၁၉၅၃ ခုနှစ်တွင် စကောလယ်တော၊ ၁၉၅၃ ခုနှစ်မှ ၁၉၆၃ ခုနှစ်တွင် စောဟံတာသာမွေး၊ ၁၉၆၃ ခုနှစ်မှ ၁၉၇၅ ခုနှစ်တွင် မန်းဘဇန်၊ ၁၉၇၆ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ပဒိုစောဘသင်စိန်၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ခု နှစ်အထိ ဗိုလ်ချုပ်ကြီး စောတာမလာဘောနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုးတို့မှ အသီးသီး တာဝန်ယူခဲ့ပြီးနောက် ပဒိုစောကွယ်ထူးဝင်းအနေဖြင့် ၁၀ ဦးမြောက် KNU ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

Source: KIC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လူးနယ်မြေရဲစခန်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 13 Views
ဇွန်လ (၂၃)ရက်။ ၉/အညာမြေစစ်ဆင်ရေးအနေနဲ့ ဝက်လူးနယ်မြေရဲစခန်းကိုစစ်ကူရောက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တားဆီးတိုက်ခိုက်ခဲ့တယ်လို့ Natogyi-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “
မြန်မာသတင်း

စဉ့်ကူးနဲ့ မတ္တရာအစပ်ရှိ ယက်ကန်းစင်ဆေးရုံကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 12 Views
ဆေးရုံကို မီးဖွားလာတဲ့ အမျိူသမီး (၁)ဦးသေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့ ဇွန်လ (၂၃)ရက်။ မနေ့က ည (၁၁)နာရီကျော်အချိန်က စဉ့်ကူးနဲ့
မြန်မာသတင်း

ကော့ကရိတ်မြို့ရှိ စစ်ကောင်စီရဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်ခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 14 Views
ဇွန်လ (၂၃)ရက်။ မနေ့က ကော့ကရိတ်မြို့နယ်ထဲရှိ စစ်ကောင်စီ တပ်စွဲထားတဲ့ ထီးကပလယ်တပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ အတည်ပြုထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်စခန်းကို (K.N.L.A)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်မတော် (K.N.D.O)တို့က ဦးဆောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F)
မြန်မာသတင်း

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်တာကို လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇွန်လ 23 ရက်
  • 18 Views
ဇွန်လ (၂၃)ရက်။ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓါတ်အားထုတ်လုပ်တာကို ငွေကြေးတတ်နိုင်တဲ့ လုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဇွန်လ (၂၁)ရက်နေ့က ရန်ကုန်ရှိ ရွှေကသာကုမ္ပဏီဆိုလာပြားစက်ရုံကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ ရင်းနှီးမြှုပ်နှံမယ့်သူတွေအတွက် Incentive တွေ ပေးသွားဖို့နဲ့
မြန်မာသတင်း

ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာပေစတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ MLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 22 ရက်
  • 34 Views
တိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ 2IC ဗိုလ်မှုးအပါအဝင် (၁၀)ဦးဒဏ်ရာရပြီး (၃၀)ကျော်သေဆုံးခဲ့ ဇွန်လ (၂၁)ရက်။ ဇွန်လ (၁၉)ရက်နေ့က ကျုံဒိုးမြို့ကနေ အောင်ဇေယျစစ်ကြောင်းကို စစ်ကူလာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

စစ်ကောင်စီရဲ့ စစ်မှုထမ်းသင်တန်းဆင်း လူငယ် (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာတယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်း ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 24 Views
ဇွန်လ (၂၁)ရက်။ ဒီကနေ့ စစ်ကောင်စီလက်အောက်ခံ ဘုတ်ခြံအခြေစိုက် ခလရ(၁၇)က စစ်ကောင်စီတပ်ဖွဲ့ဝင် (၂)ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအလင်းဝင်လာသူတွေဟာ စစ်ကောင်စီရဲ့ တပ်ကြပ်ကြီး စာရေး (အကူ) (၁)ဦးနဲ့ ဒုတပ်ကြပ်တစ်ဦးတို့ဖြစ်ပြီး
မြန်မာသတင်း

ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ သင်တန်းမှာ သင်တန်းသား (၂)ဦး သေဆုံးခဲ့တဲ့အပေါ် သင်တန်းဆရာကို အရေးယူထား

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 30 Views
ဇွန်လ (၂၁)ရက်။ ဗျူဟာ(၃၃)လက်အောက်ရှိ ဒေါနတပ်ရင်းစစ်ကြောင်း(၂) ရေးပြောက်ကျားတပ်ဖွဲ့(YGF)က ဦးဆောင်ဖွင့်လှစ်တဲ့ အခြေခံ/အထူးချေမှုန်းရေးသင်တန်း(၂)က သင်တန်းသား (၂)ဦး သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သေဆုံးခဲ့တဲ့ သင်တန်းသား (၂)ဦးဟာ ရဲဘော် ဒိုင်နိုနဲ့ ရဲဘော် ဘထက်တို့ဖြစ်ကာ
မြန်မာသတင်း

BPLA ရဲ့ စစ်သင်တန်းဆင်းပွဲကို NUG၊ TNLA နဲ့ AA တို့အပါအဝင် မဟာမိတ်ခေါင်းဆောင်တွေ တက်ရောက်ခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 21 ရက်
  • 20 Views
ဇွန်လ (၂၁)ရက်။ ဇွန်လ (၇)ရက်နေ့က တအာင်းပြည်တနေရာမှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က အခြေခံစစ်ပညာသင်တန်း အပတ်စဉ် (၉) သင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီသင်တန်းဆင်းပွဲကို NUG ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ TNLA အထွေထွေအတင်းရေးမှူး