နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကရင်အမျိုးသားအစည်းအရုံး (KNU)) ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို ရွေးချယ်တင်မြှောက်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ (၁၇) ကြိမ်မြောက် ညီလာခံ ရွေးကောက်ပွဲကို ယနေ့ မေလ ၂ ရက်နေ့တွင် ဆက်လက်ကျင်းပရာ (၁၀) ဦးမြောက် ဥက္ကဋ္ဌအဖြစ် ပဒိုစောကွယ်ထူးဝင်းကို မဲပေးရွေးချယ်လိုက်ကြောင်း သိရသည်။


(၁၇) ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ညီလာခံကို ဧပြီလ ၂၄ ရက်နေ့မှစ၍ ကရင်နယ်မြေတစ်နေရာတွင် ကျင်းပခဲ့ရာ ခရိုင်၊ တပ်မဟာ (၇) ခုမှ ကိုယ်စားလှယ် ၁၀၀ ကျော်ပါ ဝင်တက်ရောက်ပြီး ကိုယ်စားလှယ် ၅၆ ဦး ဝင်ရောက်အရွေးကောက်ခံခဲ့ကြသည်ဟု သိရှိရသည်။ ခေါင်းဆောင် အသစ်များကို လျှိုဝှက်မဲပေးစနစ်ဖြင့် ပြန်လည် ရွေးချယ်ကြရာတွင် ယခင် ဒုဥက္ကဋ္ဌ တာဝန်ထမ်းဆောင်ခဲ့သူ ပဒိုစောကွယ်ထူးဝင်းကို ဥက္ကဋ္ဌအဖြစ် ရွေးချက်ခဲ့ကြကြောင်း သိရှိရသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU) ညီလာခံကို တပ်မဟာ(၇) ခုစလုံးက ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး တောင်ငူခရိုင်၊ တပ်မဟာ (၂) နှင့် မူတြော်ခရိုင်၊ တပ်မဟာ (၅) မှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက် ဆွေးနွေးမှုပြုခဲ့ကြသော်လည်း ခေါင်းဆောင်သစ်များကို ပြန်လည်ရွေးချယ် တင်မြောက်ရာတွင် ဝင်ရောက်မဲပေးခြင်းနှင့် ရွေးကောက်ခံခြင်း မပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

KNU စတင်ဖွဲ့စည်းချိန်မှစ၍ ဥက္ကဋ္ဌအဖြစ် ၁၉၄၇ ခုနှစ်တွင် စောစံဖိုးသင်မှ ပထမဦးဆုံး တာဝန်ယူခဲ့ပြီး ၁၉၄၇ ခုနှစ်မှ ၁၉၅၀ ခုနှစ်တွင် စောဘဦးကြီး၊ ၁၉၅၀ ခုနှစ်မှ ၁၉၅၃ ခုနှစ်တွင် စကောလယ်တော၊ ၁၉၅၃ ခုနှစ်မှ ၁၉၆၃ ခုနှစ်တွင် စောဟံတာသာမွေး၊ ၁၉၆၃ ခုနှစ်မှ ၁၉၇၅ ခုနှစ်တွင် မန်းဘဇန်၊ ၁၉၇၆ ခုနှစ်မှ ၂၀၀၀ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးစောဘိုမြ၊ ၂၀၀၀ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ ပဒိုစောဘသင်စိန်၊ ၂၀၀၈ ခုနှစ်မှ ၂၀၁၂ခု နှစ်အထိ ဗိုလ်ချုပ်ကြီး စောတာမလာဘောနှင့် ၂၀၁၂ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ ဗိုလ်ချုပ်ကြီးစောမူတူးစေဖိုးတို့မှ အသီးသီး တာဝန်ယူခဲ့ပြီးနောက် ပဒိုစောကွယ်ထူးဝင်းအနေဖြင့် ၁၀ ဦးမြောက် KNU ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

Source: KIC

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အမှု(၃)မှုနဲ့ မင်းကင်းပကဖတာဝန်ခံ အမှုဖွင့်ခံထားရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 18 Views
ဒီဇင်ဘာလ (၁၆)ရက်။ ကျောင်းသားတော်လှန်ရေးတပ်ဖွဲဝင် ရဲမေတဦးကို အဓမ္မပြုကျင့်မှုအပါအဝင် အိမ်ထောင်ရေး ဖောက်ပြန်မှုနဲ့ အဂတိလိုက်စားမှုတိုနဲ့ မင်းကင်းမြိုနယ်ပကဖတာဝန်ခံ ဦးညိုလွင်ကို အမှုဖွင့်ခံ ထားတယ်လို
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်တယ်ဆိုတာ သတင်းအမှားလို့ စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 17 Views
ဒီဇင်ဘာလ (၁၆)ရက်။ မတရားဖမ်းဆီးခံထားရတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုရဲ့ ကျန်းမာရေးနဲ့ပတ်သက်ပြီး စစ်တပ်က ဒီကနေ့မှာ သတင်းထုတ်ပြန်လာခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်ရဲ့ သတင်းထုတ်ပြန်ချက်ထဲ
မြန်မာသတင်း

ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အနေနဲ့ ဦးကျော်မိုးထွန်း ဆက်လက်ရှိနေ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 16 ရက်
  • 27 Views
ဒီဇင်ဘာလ (၁၇)ရက်။ ကုလသမဂ္ဂမှာ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်တာဝန်ထမ်းဆောင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၂)ရက်နေ့ပြုလုပ်တဲ့ (၈၀)ကြိမ်မြောက် ကုလညီလာခံရဲ့ (၆၁)ကြိမ်မြောက် မျက်နှာစုံညီအစည်းအဝေးမှာ ကိုယ်စားလှယ်ရွေးချယ်ရေးနဲ့ပတ်သက်ပြီး အရည်အချင်းစစ်ကော်မတီရဲ့ အစီရင်ခံစာကို
မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance) အဖြစ် တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့တို့ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းအပေါ်သဘောထား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 31 Views
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက် ဒီဇင်ဘာလ ၁၅ရက်နေ့ကြေငြာချက်ဖြင့် ‌ပြည်သူအများက မျှော်လင့်နေကြသော တော်လှန်ရေး အဖွဲ့အစည်း (၁၉) ဖွဲ့က တော်လှန်ရေးကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်ရန် ကောင်းမြတ်သော ရည်ရွယ်ချက်ဖြင့် မိမိတို့၏အတ္တမာနများထက် တိုင်းပြည်ကို
မြန်မာသတင်း

တော်လှန်ရေးကို ပြတ်ပြတ်သားသား ဦးဆောင်ဖို့ NUG ကို ကိုရီယားရောက်မြန်မာတွေ တိုက်တွန်း

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 39 Views
ဒီဇင်ဘာလ (၁၅)ရက်။ မနေ့က နေ့လယ်ပိုင်းအချိန်က ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဘူဖျောင်းခန်းမမှာ နိုင်ငံခြားရေးဝန်ကြီးနဲ့ ကိုရီးယားရောက်မြန်မာတွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NUG ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို NUG ဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ ကိုရီးယားနိုင်ငံ NUG
မြန်မာသတင်း

သိမ်းပိုက်ထားသော အနောက်ဘက်ကမ်းတွင် အကြီးအကျယ် တိုးချဲ့မှုအဖြစ် အစ္စရေးလ်က အခြေချနေထိုင်မှု စခန်းငယ် ၁၉ ခုကို အတည်ပြု

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 34 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၁၅ရက် ဂျေရုဆလင် — သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) တွင် အစ္စရေးလ် အခြေချနေထိုင်မှုများကို အကြီးအကျယ် ထပ်မံတိုးချဲ့သည့်အနေဖြင့်၊ အစ္စရေးလ်အစိုးရ အဖွဲ့သည် ကြာသပတေးနေ့တွင် အခြေချနေထိုင်သည့် စခန်းငယ်
မြန်မာသတင်း

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦးမိုးဇော်ဦးကို NUG ပြန်လည်ခန့်အပ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 27 Views
ဒီဇင်ဘာလ (၁၅)ရက်။ NUG က နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြံပေးပုဂ္ဂိုလ်အနေနဲ့ ဦး‌မိုးဇော်ဦးကို ခန့်အပ်တာဝန်ပေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို ခန့်အပ်တာဝန်ပေးတာဟာ ဝန်ကြီးဌာနရဲ့ လုပ်ငန်းတွေ ပိုမိုကျယ်ပြန့်ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးမိုးဇော်ဦးဟာ NUG
မြန်မာသတင်း

အပြင်းထန်ဆုံး စစ်ရာဇဝတ်မှုအနေနဲ့ မြောက်ဦးဆေးရုံကို ဗုံးကြဲခဲ့တဲ့ စစ်ခေါင်းဆောင်က ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီးပြောပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်
  • 27 Views
ဒီဇင်ဘာလ (၁၅)ရက်။ ရခိုင်ပြည်နယ်နဲ့ ရခိုင်တိုင်းရင်းသားတွေအပေါ် စေတနာထားတယ်ဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့မှာကျရောက်တဲ့ (၅၁)နှစ်မြောက် ရခိုင်ပြည်နယ်နေ့မှာ ပေးပို့တဲ့သဝဏ်လွှာထဲ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင်ရဲ့ သဝဏ်လွှာထဲ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ဖို့ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ဖို့ မတည်ရန်ပုံငွေကနေ ထောက်ပံ့ငွေကျပ်