နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်

မြန်မာသတင်း

မြန်မာသတင်း

မိုးဗြဲ ကို စစ်ကောင်စီ က လက်နက်ကြီး နဲ့ပစ်ခတ် ၊အရပ်သားတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရ

ရှမ်း – ကယား(ကရင်နီ)ဒေသအစပ် မိုးဗြဲမြို့ကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၍ အရပ်သားတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ မိုးဗြဲ PDFက ထုတ်ပြန်ထားပါတယ်။


ဇွန် ၃ ရက် မနက် ၆နာရီဘအချိန်က မိုးဗြဲမြို့အခြေစိုက် ခမရ(၄၂၂)တပ်က မိုးဗြဲမြို့ပေါ်သို့ တာဝေးပစ်လက်နက်ကြီးတွေနဲ့ ငါးကြိမ်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။


စစ်ကောင်စီတပ်မှ ပစ်ခတ်လာတဲ့ လက်နက်ကြီး ကြောင့် အသက် (၂၂)နှစ်အရွယ် အမျိုးသားတစ်ဦးဟာ နေအိမ်ရှေ့ တံမျက်စည်းလှည်းနေစဥ်မှာ ကျည်စထိမှန်ကာ သေဆုံးခဲ့ရပါတယ်။

မိုးဗြဲမြို့ လမ်းမကြီးဘေးတွင် စက်သုံးဆီရောင်းနေသော ဆီဆိုင်တစ်ဆိုင်မှာလည်း စစ်ကောင်စီ ၏ လက်နက်ကြီး​ကျရောက်ပေါက်ကွဲကာဆိုင်ကယ်ဆီလာထည့်နေသောပြည်သူ နှစ်ဦးမှာကို ထိခိုက်ခဲ့ပြိး ဆိုင်ကယ်(၂)စီး မီးလောင်သွားခဲ့ရပါတယ်။


မိုးဗြဲတွင် စစ်ရေးအခြေအနေတင်းမာမှုများကြောင့် မိုးဗြဲကိုဖြတ်သန်းသွားလာသော ပြည်သူများ နှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် မိမိ၏လုံခြုံရေးကို အထူးဂရုပြုကြရန် မိုးဗြဲ PDFက တိုက်တွန်းထုတ်ပြန်ထားပါတယ်။


Era’sEye/(ယနေ့ နံနက်ပိုင်းက မိုးဗြဲမြို့ပေါ်သို့ စစ်ကောင်စီ တပ်က ပစ်ခတ်သဖြင့် ထိခိုက်ပျက်စီးမှုများအား တွေ့ရစဉ်။ ဓာတ်ပုံ – CJ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 14 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 14 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

မဲစာရင်းတွေမှားနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက် ထပ်တိုးလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 19 Views
အောက်တိုဘာလ (၁၀)ရက်။ မဲစာရင်းတွေ အများအပြား မှားယွင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စစ်တပ်လက်အောက်ခံ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက်ကို ထပ်တိုးလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ မဲစာရင်းကြေညာတာကို ရွေး/ကော်က အောက်တိုဘာလ (၁၃)ရက်အထိ ကြေညာထားပေမယ့် အခုအခါမှာတော့
မြန်မာသတင်း

နေပြည်တော်ကိုရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 12 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာတွေကို ဝမ်းသာပြီး အာဆီယံက
မြန်မာသတင်း

ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တဲ့ တရားခံနဲ့ ပူးပေါင်းပါဝင်သူတွေကို လက်တုံ့ပြန်မယ်လို့ မုံရွာပလဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 13 Views
အောက်တိုဘာလ (၉)ရက်။ ချောင်းဦးမြို့ ဘုံတိုရွာက ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တာမှာ ကျူးလွန်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူတွေကို အပြစ်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘုံတိုရွာအနီး ပြည်သူတွေ စုပေါင်းကာ ဆီမီးထွန်းပွဲတော်ပြုလုပ်ချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးနဲ့
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့မှာ ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 42 Views
အောက်တိုဘာလ (၉)ရက်။ ဗန်းမောက်မြို့အနီးမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမောက်မြို့အနီးတဝိုက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အနီးဝန်းကျင်က ကျေးရွာတွေက
မြန်မာသတင်း

စစ်တပ်ထုတ်ပြန်တဲ့ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 44 Views
အောက်တိုဘာလ (၉)ရက်။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်တပ်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ မှားယွင်းနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နကစအနေနဲ့ တာဝန်ယူပေးပါ။ မြို့နယ်တိုင်း မဲစာရင်းတွေ မှားနေတယ်။ မဲစာရင်းကို တမင်
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်ရှောင်ကလေးတွေ စာသင်တဲ့နေရာကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်တွေအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 40 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် မင်းတပ်မြို့ရှိ ဝမ္မသူးရွာနဲ့ ထင်းချောင်းရွာရှိ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့