နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 11 ရက်

မြန်မာသတင်း

မြန်မာသတင်း

ကြာအင်းဆိပ်ကြီးရှိ စစ်ကောင်စီတပ်စခန်းများနှင့် ရုံးများကို S.O.F တိုက်ခိုက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ရဲစခန်း၊ ခလရ ၂၈၄ နဲ့ စစ်ကောင်စီတပ်များ တပ်စွဲထားတဲ့ရုံးများကို ဇွန်လ (၂) ရက်နေ့ကတပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F က ဒီကနေ့ ဇွန်လ (၃) ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။


စစ်​ကောင်စီရဲ့တပ်စခန်းနဲ့ ရုံးတွေကို KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ – S.O.F နဲ့ Cloud Wings ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ရဲစခန်းနဲ့ ရုံးတွေ ပျက်စီးသွားပြီး စစ်ကောင်စီတပ်သားနဲ့ ရဲ (၁၀) ဦးဝန်းကျင် သေဆုံးကာ အများအပြား ဒဏ်ရာရပြီး S.O.F ရဲဘော်နှစ်ဦး ခြေတောက် ဒဏ်ရာနဲ့ တစ်ဦး ရင်ဘတ် မိုင်းစထိမှန် စိုးရိမ်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး (၁၂၀) မမ၊ ရဟတ်ယာဥ်များနဲ့ မြို့ပေါ်နေရာအနှံ့ ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။
စစ်ကောင်စီက အခုလို ရမ်းသမ်းပစ်ခတ်တာကြောင့် ဘာသာရေး အဆောက်အဦများ ထိမှန်ပြီး သံဃာတော်တစ်ပါး လက်နက်ကြီးထိမှန် ပျံလွန်တော်မူခဲ့ရပါတယ်။

ဒါ့အပြင် နေအိမ်များ ထိမှန်ပျက်စီးခဲ့ရပြီး ဒေသခံ (၂) ဦးလည်း လက်နက်ကြီး ထိမှန်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
အနီးအနားမှာနေတဲ့ ဒေသခံတွေကတော့ ပြည်သူတွေ ကြားညပ်တာမျိုး မဖြစ်အောင် ထည့်သွင်းစဉ်းစားပြီး လုပ်သင့်တယ်လို့ ခေတ်မျက်လုံးကို ပြောပါတယ်။

Era’sEye/Photo : အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF (တောင်ပိုင်း စစ်ဒေသ ကွက်ကဲရေး)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှု ကျူးလွန်နေတဲ့ စစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 41 Views
အောက်တိုဘာလ (၁၀)ရက်။ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရရဲ့ လုပ်ရပ်ကို ရှုတ်ချတယ်လို့ ယူကေအစိုးရရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

မိုးမိတ်မြို့ လေကြောင်းဗုံးကြဲခံရပြီး ကလေးငယ်တွေအပါအဝင် (၇)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 40 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က ည (၇)နာရီအချိန်က မိုးမိတ်မြို့ ဝဲဘောင်းရွာကို စစ်တပ်က လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး
မြန်မာသတင်း

မဲစာရင်းတွေမှားနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက် ထပ်တိုးလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 40 Views
အောက်တိုဘာလ (၁၀)ရက်။ မဲစာရင်းတွေ အများအပြား မှားယွင်းနေတယ်ဆိုတဲ့ သတင်းတွေနဲ့အတူ စစ်တပ်လက်အောက်ခံ ရွေး/ကော်က မဲစာရင်းကြေညာတဲ့ရက်ကို ထပ်တိုးလိုက်တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပထမဆုံးအကြိမ်အနေနဲ့ မဲစာရင်းကြေညာတာကို ရွေး/ကော်က အောက်တိုဘာလ (၁၃)ရက်အထိ ကြေညာထားပေမယ့် အခုအခါမှာတော့
မြန်မာသတင်း

နေပြည်တော်ကိုရောက်နေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီး စစ်ခေါင်းဆောင်တို့ တွေ့ဆုံ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 26 Views
အောက်တိုဘာလ (၁၀)ရက်။ မနေ့က နေပြည်တော်ကို ရောက်ရှိနေတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်တို့ တွေ့ဆုံခဲ့ကြတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေတာတွေကို ဝမ်းသာပြီး အာဆီယံက
မြန်မာသတင်း

ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တဲ့ တရားခံနဲ့ ပူးပေါင်းပါဝင်သူတွေကို လက်တုံ့ပြန်မယ်လို့ မုံရွာပလဖထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 10 ရက်
  • 24 Views
အောက်တိုဘာလ (၉)ရက်။ ချောင်းဦးမြို့ ဘုံတိုရွာက ဆီမီးသပိတ်ကို လေကြောင်းတိုက်ခိုက်တာမှာ ကျူးလွန်ခဲ့သူနဲ့ ပူးပေါင်းပါဝင်သူတွေကို အပြစ်ပေးသွားမယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဘုံတိုရွာအနီး ပြည်သူတွေ စုပေါင်းကာ ဆီမီးထွန်းပွဲတော်ပြုလုပ်ချိန် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကနေ စက်တပ်လေထီးနဲ့
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ ဗန်းမောက်မြို့မှာ ဒေသခံတွေ ထွက်ပြေးနေရပြီး အကူအညီတွေလိုအပ်နေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 48 Views
အောက်တိုဘာလ (၉)ရက်။ ဗန်းမောက်မြို့အနီးမှာ နေ့တိုင်းနီးပါး တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေရတယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဗန်းမောက်မြို့အနီးတဝိုက်မှာ နေ့တိုင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် အနီးဝန်းကျင်က ကျေးရွာတွေက
မြန်မာသတင်း

စစ်တပ်ထုတ်ပြန်တဲ့ မဲစာရင်းတွေ မှားယွင်းနေတယ်လို့ဆို

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 49 Views
အောက်တိုဘာလ (၉)ရက်။ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်တပ်က ထုတ်ပြန်တဲ့ မဲစာရင်းတွေဟာ မှားယွင်းနေတယ်လို့ နိုင်ငံရေးပါတီတွေနဲ့ လေ့လာစောင့်ကြည့်သူတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နကစအနေနဲ့ တာဝန်ယူပေးပါ။ မြို့နယ်တိုင်း မဲစာရင်းတွေ မှားနေတယ်။ မဲစာရင်းကို တမင်
မြန်မာသတင်း

မင်းတပ်မြို့မှာ စစ်ရှောင်ကလေးတွေ စာသင်တဲ့နေရာကို စစ်တပ် ဗုံးကြဲ၊ ကလေးငယ်တွေအပါအဝင် (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 46 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က ည (၇)နာရီကျော်အချိန် မင်းတပ်မြို့ရှိ ဝမ္မသူးရွာနဲ့ ထင်းချောင်းရွာရှိ စာသင်ကျောင်းတွေကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းတွေထံက သိရပါတယ်။ “ တံတားဦးလေတပ်ကနေ ဂျက်ဖိုက်တာ (၂)စီးနဲ့ စာသင်ကျောင်းတွေကို အကြောင်းမဲ့