စစ်ကောင်စီတပ်က ထားဝယ်မြို့နယ် အရှေ့တောဒေသရှိ သင်္ကန်းတုံးကျေးရွာ ကိုမေ ၃၁ ရက်မှာအင်အားအလွန်အကျွံသုံးပြီး စစ်ကြောင်းထိုး ဝင်ရောက်လာကာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ခရီးသွားပြည်သူတစ်ဦး ကျည်ထိမှန် သေဆုံးခဲ့ပြီး နေအိမ် ၁၀ လုံး ကျော် မီးရှို့ခံခဲ့ရတယ်လို့သိရပါတယ်။
စစ်ကြောင်းထိုး ဝင်ရောက်လာသော စစ်ကောင်စီတပ်ဟာ ဒေသခံ အချို့ကို လူသားဒိုင်းအဖြစ် အသုံးပြုရန်ခေါ်ဆောင်သွားပါတယ်။












ပြည်သူ့ကာကွယ်ရေး ပူးပေါင်း အဖွဲ့ ကဒေသခံများ ထိခိုက်မည်စိုး၍ စစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ရပါတယ်။ ထားဝယ်မြို့နယ် အရှေ့တောဒေသကို စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုး ဝင်ရောက်လေရှိတဲ့ ရွာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ကြား တိုက်ပွဲ မကြာ မကြာ ဖြစ်ပွားနေတဲ့နေရာ ဒေသလည်း ဖြစ်ပါတယ်။
Era’sEye/Photo/CRD