ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် နန်ဆန်ယန်ကျေးရွာတွင် (KIA) နှင့် စစ်ကောင်စီတပ်တို့ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေ စစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
နန်ဆန်ယန်ရွာအနီးတွင် ဇွန်လ ၁၆ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဇူလိုင် ၃ ရက် ဒီကနေ့မှာ ထပ်မံတိုက်ပွဲဖြစ်ပွားလာတာပါ။
ဇွန်လ ၁၆ရက်ကလည်း နန်ဆန်ယာန်ရွာအနီး တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့ပြီး လက်နက်ခဲယမ်းအချို့ကို KIAက သိမ်းဆည်းနိုင်ခဲ့တယ်လို့သိရပါတယ်။
Era’sEye /(ဝိုင်းမော်စစ်ရှောင်များကို ၂၀၂၂ ဩဂုတ် ၃ရက်က ဆဒုံးမြို့အနီး တွေ့ရစဉ်။ဓာတ်ပုံ -Kachinwave)