NUG အစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးက ဒေါ်ဇင်မာအောင်ဟာ အရှေ့တီမော နိုင်ငံသမ္မတ ဟိုဆေး ရားမို့စ်ဟော်တာရဲ့ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ အရှေ့တီမောကို ရောက်ရှိနေစဥ်မှာ အရှေ့တီမောနိုင်ငံသမ္မတကိုဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားလက်ဆောင်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။




အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ချက်ပြည်ထောင်စုသမ္မတနိုင်ငံ ကိုယ်စားလှယ် ဦးလင်းသန့် နဲ့ပါ တွေ့ဆုံခဲ့တယ်လို့ သမ္မတဟိုဆေး ရားမို့စ်ဟော်တာ ရဲ့ လူမှုကွန်ရက် Facebook မှာဖော်ပြ ထားပါတယ်။
အရှေ့တီမောနိုင်ငံရဲ့ အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုပွဲကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။
Era’sEye