နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 19 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဟားခါးနှင့်ထန်တလန်ကြား စစ်ကောင်စီတပ် လေကြောင်းတိုက်ခိုက်

ချင်းပြည်နယ် ဟားခါးနှင့် ထန်တလန်ကြားကို စစ်ကောင်စီတပ်က ယနေ့( ဇူလိုင် ၃ရက်)မနက်က လေကြောင်းနှင့်  လက်နက်ကြီးအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်မတော်(CNA) ကထုတ်ပြန်ထားပါတယ်။

မေလကုန်ပိုင်းကလည်း ဟားခါး- ထန်တလန်ကြား သီမစ်ဒေသကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီး ပစ်ကူများပစ်ခတ်ပြီး မြေပြင်မှ စစ်ကြောင်းထိုး၍ ထိုးစစ်ဆင်နေတာပဲဖြစ်ပါတယ်။

အဲဒီလိုတွေ တိုက်ပွဲပြင်းထန်ခဲ့ရာကနေ
ဇူလိုင် ၃ ရက် ဒီကနေ့မှာ လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပြီးတော့ ထပ်မံ တိုက်ခိုက်လာတာပါ။

“တိုက်လေယာဉ်နဲ့လာပြီးတော့ နှစ်ကြိမ်ဗုံးကြဲတာပေါ့။ ပြီးတော့ဟားခါးမြို့ပေါ်ကနေ လက်နက်ကြီးတွေ တရစပ်ပစ်တာပေါ့။  ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်ကထိခိုက်မှုရှိတယ်လို့ ကျနော်တို့ သိတယ်။မြေပြင်တက်ဖို့ သူတို့က ပြင်ဆင်တယ်လို့တော့ကြားတယ်။ အဲဒီအတွက် လုပ်နေကြ တိုက်လေယာဉ်နဲ့လက်နက်ကြီးနဲ့ လမ်းရှင်းတာပေါ့” ဟု CNA ပြောရေးဆိုခွင့်ရှိသူ
ဆလိုင်းထက်နီက ပြောပါတယ်။

​ဒေသကာကွယ်​ရေးတပ်ဖွဲ့ ဝင်များထဲမှ ရာရသူ ၃၊၄ဦးရှိပြီး ကျဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်က မိုးတွင်းကာလ၌ မြေပြင်ထိုးစစ်ထက် လေကြောင်း ၊ လက်နက်ကြီး တိုက်ခိုက်မှုများ ပိုလုပ်လာနိုင်ကြောင်း၊ အကယ်၍ မြေပြင်ထိုးစစ်ဆင်လာပါကလည်း တိုက်ခိုက်သွားရန် ချင်းတပ်ဖွဲ့များအနေဖြင့် အသင့် ပြင်ဆင်ထားတယလို့ သိရပါတယ်။

#Era’sEye /(သီမစ်​ဒေသတွင် စစ်​ကောင်စီတပ် တိုက်ခိုက်မှု​ကြောင့် အပျက်အစီးအချို့ကို ​တွေ့ရစဥ်။ဓါတ်ပုံ- The Chin Journal)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 27 Views
ဒီဇင်ဘာလ (၁၈)ရက်။ အခု(၂)ရက်ထဲ ခင်ဦးနယ်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်တာတွေကြောင့် အရပ်သား (၁၃)ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
မြန်မာသတင်း

လူမှုကွန်ရက်စာမျက်နှာအချို့ကနေ စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 22 Views
ဒီဇင်ဘာလ (၁၈)ရက်။ Twitch၊ Facebook၊ YouTube နဲ့ MediaFire တို့ကနေ အကြမ်းဖက်စစ်အုပ်စုရဲ့ ဝါဒမှိုင်းဖြန့်အကောင့်တွေ ဖယ်ရှားခံရတယ်လို့ Justice
မြန်မာသတင်း

လှိုင်မြို့နယ်ရှိ စစ်တပ်လက်အောက်ခံ ပိတောက်ချောင်းနယ်မြေရဲစခန်း မိုင်းခွဲခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၃)နာရီ (၄၅)မိနစ်အချိန်က လှိုင်မြို့နယ် ဘုရင့်နောင်လမ်းမပေါ်ရှိ ပိတောက်ချောင်းနယ်မြေရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ ဘုရင့်နောင်လမ်းပေါ်က ပိတောက်ချောင်းနယ်မြေရဲစခန်းကို အဝေးထိန်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာပါ။ စခတွေ
မြန်မာသတင်း

နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ NUCC ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 21 Views
ဒီဇင်ဘာလ (၁၈)ရက်။ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA) ဖွဲ့စည်းတဲ့အပေါ် ထောက်ခံကြိုဆိုတယ်လို့ NUCC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုလို တော်လှန်ရေးတပ်တွေအကြား ဘုံရည်မှန်းချက်၊ ဘုံလမ်းစဉ်တွေနဲ့ အခြေခံပြီး မဟာမိတ်စုဖွဲ့တာ၊ ပူးတွဲကွပ်ကဲမှုတွေ တည်ဆောက်တာက တော်လှန်ရေးအောင်ပွဲဆီ ပိုမိုတည့်မတ်စွာ
မြန်မာသတင်း

ရွေးကောက်ပွဲသတိပေးတဲ့အနေနဲ့ ဂန့်ဂေါရှိ စစ်ကော်မရှင်ရဲ့ ခလရ(၅၀)တပ် ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 18 ရက်
  • 17 Views
ဒီဇင်ဘာလ (၁၈)ရက်။ မနေ့က နံနက် (၆)နာရီ (၁၅)မိနစ်အချိန်က ဂန့်ဂေါမြို့ရှိ စစ်ကော်မရှင်ရဲ့ ခလရ(၅၀)တပ်ဘက်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ ဂန့်ဂေါ ခလရ(၅၀)တပ်ဘက် ရှော့တိုက်ဒုံး (၃)လုံး ပစ်ခတ်ခံရတာ။ ဒါပေမယ့်
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူက စိုးရိမ်ပူပန်မှုများ ထုတ်ဖော်ပြောဆိုပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီ က ပြောကြားလိုက်သည်။

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 38 Views
CNN – ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာ ၁၇ရက် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ခေါင်းဆောင်ဟောင်း ဒေါ်အောင်ဆန်းစုကြည်သည် “ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း” မြန်မာစစ်ကောင်စီက အင်္ဂါနေ့တွင် ပြောကြား လိုက်သည်။ ယင်းမှာ အသက် ၈၀ အရွယ်ရှိပြီဖြစ်သော ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေနှင့်
မြန်မာသတင်း

မင်းလက်ပံခြံဝင်းထဲ ကျားဖြန့်လုပ်သားတွေ ကင်းစင်သွားကာ ခြံဝင်းကို ချိတ်ပိတ်သိမ်းလိုက်ပြီလို့ KNU ကြေညာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 44 Views
ဒီဇင်ဘာလ (၁၇)ရက်။ သောရင်မြစ်သဲသောင်ပြင်မှာ စောင့်ဆိုင်းနေတဲ့ နိုင်ငံခြားသား ကျားဖြန့်လုပ်သားတွေအားလုံး ထိုင်းနိုင်ငံဘက်ကို အပြီးသတ် ထွက်ခွာသွားပြီလို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သဲသောင်ပြင်မှာ စောင့်ဆိုင်းနေသူတွေဟာ တိုက်ပွဲအရှိန် ပိုမိုပြင်းထန်လာတာကြောင့် နေ့တိုင်းလိုလို အရဲစွန့်ပြီး
မြန်မာသတင်း

ရွေး‌ကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၂၀၀)ကျော်အထိရှိလာ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်
  • 26 Views
ဒီဇင်ဘာလ (၁၇)ရက်။ ရွေးကောက်ပွဲ ပျက်ပြားအောင် နှောင့်ယှက်တာကြောင်ဆိုပြီး ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေနဲ့ ဖမ်းဆီးခံရသူ (၂၂၉)ဦးအထိရှိလာတယ်လို့ စစ်တပ်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က ရွေးကောက်ပွဲကာကွယ်တဲ့ဥပဒေပြဋ္ဌာန်းပြီးနောက် ဒီဇင်ဘာလ (၁၅)ရက်နေ့အထိ အရေးယူမှု (၁၄၀)မှာ အမျိုးသား (၂၀၁)ဦးနဲ့