နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဆောနယ် စစ်ရှောင်တွေကို ဂန့်ဂေါခရိုင် တပ်ရင်း(၁၃)က အကူအညီပေး

ဆောမြို့နယ်ထဲက ဆော၊ ကျောက်ထု၊ လောင်းရှည် ဒေသအသီးသီးက စစ်ဘေးရှောင်ပြည်သူတွေကို စားနပ်ရိက္ခာ၊ အဝတ်အထည်နဲ့ အမိုးအကာ စတဲ့ လူသားချင်းစာနာမှုအကူအညီတွေ ကူညီထောက်ပံ့ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဂန့်ဂေါခရိုင်အမှတ် (၁၃) တပ်ရင်း- The Youth Force – Saw & Kyaukhtu က သြဂုတ်လ (၂) ရက်မှာ ထုတ်ပြန်လာပါတယ်။

တပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူတွေရဲ့အခက်အခဲ အကြပ်တည်း တွေကို တစ်ဖက်တစ်လှမ်းက‌နေ ကြိုးစားကူညီဆောင်ရွက်ပေးနေတာလည်းဖြစ်ပါတယ်။

ဂန့်ဂေါခရိုင် တပ်ရင်း (၁၃)ဟာ နယ်မြေအတွင်းမှာရှိတဲ့ စစ်ရှောင် တွေကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ဆောင်ပေးခဲ့ပါတယ်။

နယ်မြေလုံခြုံရေးအရ ဆေးရုံ ၊ ဆေးခန်းများ နေရာ အတည်တကျ ဖွင့်လှစ်ထားနိုင်ခြင်း မရှိသေးပေမယ့် ရွေ့လျားဆေးခန်းအနေနဲ့ ကြိုးစား အကောင်ထည်ဖော်ဆောင်ရွက်နေပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Era’sEye\News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပေါင်းတည်မြို့မှာ အင်အားဖြည့်ဖို့ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရ၊ တစ်ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 3 Views
နိုဝင်ဘာလ (၂)ရက်။ မနေ့က နံနက် (၁)နာရီခွဲအချိန်မှာ ပေါင်းတည်မြို့ သစ်ပုတ်တာဝါတိုင်က စစ်ကောင်စီအထိုင်စခန်းကို အင်အားဖြည့်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ PPDF-၃၆၀၁
မြန်မာသတင်း

ပဲခူးမှာ စစ်ကောင်စီဗိုလ်မှူးတစ်ဦးကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနထုတ်ပြ‌န်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 4 Views
‌နိုဝင်ဘာလ (၂)ရက်။ အောက်တိုဘာလ (၃၁)ရက်နေ့က ပဲခူးတိုင်းထဲက လမ်းပိုင်းတနေရာမှာ စစ်ကောင်စီရဲ့ ဗိုလ်မှူး ထိန်ထောက်ဆိုသူကို ဖမ်းမိခဲ့တယ်လို့ ရန်ကုန်တိုင်းစစ်ဌာနရဲ့ ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ စစ်ကောင်စီရဲ့ လေကြောင်းကြောင့် အရပ်သား (၃၈)ဦးထက်မနည်း သေဆုံးခဲ့ပြီး (၁၂၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 3 Views
‌နိုဝင်ဘာလ (၂)ရက်။ ဇူလိုင်လကစပြီး အောက်တိုဘာလအထိ ကိုးကန့်ရဲ့ အထူးဒေသ(၁)ထဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အကြိမ်ရေ (၅၀)ကျော်အထိရှိခဲ့တယ်လို့ MNDAA ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ အထူးဒေသ(၁)ထဲ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နယ်မြေတွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား
မြန်မာသတင်း

ကျွန်းစုမြို့နယ်ထဲ ဒေါင်းနက်ဆိုတဲ့ လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေပြုလုပ်နေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 7 Views
‌နိုဝင်ဘာလ (၂)ရက်။ ‌ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့မှာ “ ဒေါင်းနက်” နာမည်နဲ့ အင်အား(၁၀)ဝန်းကျင်ခန့် လက်နက်ကိုင်အဖွဲ့က ပြည်သူတွေကို ခြိမ်းခြောက်ငွေတောင်းတာတွေ ပြုလုပ်နေတယ်လို့ ကျွန်းစုမြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒေါင်းနက်နာမည်နဲ့ လက်နက်ကိုင်အဖွဲ့က အင်အား(၁၀‌)ယောက်ဝန်းကျင်နဲ့
မြန်မာသတင်း

မန္တလေးမှာ အခြေချပြီး ဂိုဏ်းဖွဲ့ လူကုန်ကူးသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 7 Views
နိုဝင်ဘာလ (၂)ရက်။ မန္တလေးမှာ အခြေချပြီး ထိုင်းနိုင်ငံကနေတဆင့် တရုတ်နိုင်ငံကို ဂိုဏ်းဖွဲ့ကာ လူကုန်းကူးတဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၂၄)ရက်နေ့က မန္တလေးလေဆိပ်မှာ ထိုင်းနိုင်ငံကို MAI လေကြောင်းနဲ့ သွားရောက်မယ့်
မြန်မာသတင်း

ကျောက်ကြီးမြို့မှာ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး (၁၀)ဦးသေဆုံးကာ (၁၅)ဦး ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 8 Views
‌နိုဝင်ဘာလ (၂)ရက်။ မနေ့က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီစစ်ကြောင်းကို KNLA နဲ့ ကာကွယ်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသရဲ့ ဒီကနေ့မှာ ပြောဆိုထားချက်အရ သိရပါတယ်။ စစ်ကောင်စီစစ်ကြောင်းဟာ ကျောက်ကြီးမြို့နယ်၊ ရွာကြီးအင်းကျေးရွာထိပ်ရှိ ကျွန်းဘုရားကို ဝင်ရောက်လာတာကြောင့် KNLA
မြန်မာသတင်း

မန္တလေးမှာ အခြေချပြီး ဂိုဏ်းဖွဲ့ လူကုန်ကူးသူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 4 Views
နိုဝင်ဘာလ (၂)ရက်။ မန္တလေးမှာ အခြေချပြီး ထိုင်းနိုင်ငံကနေတဆင့် တရုတ်နိုင်ငံကို ဂိုဏ်းဖွဲ့ကာ လူကုန်းကူးတဲ့သူတွေကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အောက်တိုဘာလ (၂၄)ရက်နေ့က မန္တလေးလေဆိပ်မှာ ထိုင်းနိုင်ငံကို MAI လေကြောင်းနဲ့ သွားရောက်မယ့်
မြန်မာသတင်း

ခေါင်းဆောင်ကစပြီး ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ပါက အရေးယူမယ်လို့ မိုးကုတ်ဗျူဟာ သတိပေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 2 ရက်
  • 5 Views
နိုဝင်ဘာလ (၂)ရက်။ ခေါင်းဆောင်ကစပြီး ရဲဘော်တွေ ကျင့်ဝတ်ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူမယ်လို့ မိုးကုတ်ဗျူဟာ အမှတ် (၁၂၂၂)တပ်ရင်းရဲ့ မနေ့က သတိပေးပြောဆိုထားတယ်လို့ သိရပါတယ်။ တပ်ရင်းအနေနဲ့ ရဲဘော်အင်အား အမြဲတိုးတက်နေပြီး အင်အား များလာတာနဲ့အတူ COC သက်ရောက်တာနဲ့