မနေ့က အောက်တိုဘာလ (၁) ရက်နေ့က စစ်ကိုင်းတိုင်း ကသာမြို့မှာ စစ်တပ်ထုတ်ကုန်တွေ သယ်ဆောင်လာတဲ့ ကုန်တင်ယာဥ်တစ်စီးကို စစ်ဆေးတွေ့ရှိခဲ့ပြီး ကုန်ပစ္စည်းတွေကို သိမ်းယူခဲ့တယ်လို့ သိရပါတယ်။
အဲဒီယာဥ်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က စစ်ဆေးရေးဂိတ်မှာ မနေ့က တားဆီးစစ်ဆေး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
စစ်တပ်ထုတ်ကုန်ပစ္စည်းတွေကို သိမ်းယူခဲ့ပြီး ယာဉ်မောင်းကို ခံဝန်ထိုးခိုင်းကာ ယာဥ်နဲ့အတူ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ သြဂုတ် ၉ရက်ကလည်း ထီးချိုင့်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စစ်ဆေးရေးဂိတ်မှာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်မှူး(ဒကစမှူး)ဗိုလ်မှူးချုပ်မြတ်မင်းမိုးရဲ့ တပ်ပြောင်းပစ္စည်းတွေကို ဖမ်းမိခဲ့ပါတယ်။