နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 28 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန် အီရန်

အီရန်နှင့်စစ်ဖြစ်ပွားနေခြင်းသည် အမှန်တကယ်ပင် ‘အမေရိကကို ပထမဦးစားပေး (America First)’ ဖြစ်နေသလားဟု အမေရိကန်ပြည်သူများထံသို့ ပေးပို့သောစာတွင် အီရန်သမ္မတ မေးခွန်းထုတ်

CNN – ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်

အီရန်သမ္မတသည် အမေရိကန်ပြည်သူများထံသို့ အိတ်ဖွင့်ပေးစာတစ်စောင် ရေးသား ပေးပို့ ခဲ့ပြီး၊ ထရမ့်အစိုးရနှင့် မိမိတို့နိုင်ငံအကြား ဖြစ်ပွားနေသော စစ်ပွဲသည် “အမေရိကကို ပထမ ဦးစားပေး (America First)” ဖြစ်စေရန် လုပ်ဆောင်နေခြင်း ဟုတ်မဟုတ် မေးခွန်းထုတ် လိုက် သည်။

“ဒီစစ်ပွဲကြောင့် အမေရိကန်ပြည်သူတွေရဲ့ ဘယ်လိုအကျိုးစီးပွားတွေကို အမှန်တကယ် ဖော်ဆောင်ပေးနေတာပါလဲ” ဟု မာဆုဒ် ပီဇက်ရှ်ကီယန်က ရေးသားခဲ့သည်။ “အမေရိကန်ပြည်ထောင်စု ပြည်သူများသို့” ဟု လိပ်မူထားသော အဆိုပါစာကို ဒေသစံတော် ချိန် ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတွင် X လူမှုကွန်ရက်ပေါ်၌ တင်ခဲ့ခြင်းဖြစ်ပြီး၊ ယင်းမှာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က အီရန်စစ်ပွဲနှင့်ပတ်သက်၍ ပထမဆုံးအကြိမ် နိုင်ငံတော်သို့ မိန့်ခွန်း မပြောကြားမီ နာရီပိုင်းအလိုတွင် ဖြစ်သည်။

“အမေရိကကို ပထမဦးစားပေး’ ဆိုတာဟာ ဒီနေ့ အမေရိကန်အစိုးရရဲ့ ဦးစားပေးလုပ်ငန်းစဉ် တွေထဲမှာ အမှန်တကယ် ပါဝင်နေသေးရဲ့လား” ဟု ပီဇက်ရှ်ကီယန်က မေးခွန်းထုတ်ခဲ့သည်။

အီရန်နိုင်ငံသည် “၎င်း၏ ခေတ်သစ်သမိုင်းတစ်လျှောက်တွင် ကျူးကျော်မှု၊ နယ်မြေချဲ့ထွင်မှု၊ နယ်ချဲ့မှု သို့မဟုတ် လွှမ်းမိုးချုပ်ကိုင်မှု လမ်းစဉ်များကို မည်သည့်အခါမျှ ရွေးချယ်ခဲ့ခြင်း မရှိသလို၊ မည်သည့်စစ်ပွဲကိုမျှ စတင်ခဲ့ခြင်းမရှိကြောင်း” နှင့် ၎င်း၏နိုင်ငံအား ခြိမ်းခြောက်မှု တစ်ခုအဖြစ် ရှုမြင်နေကြခြင်းမှာ “ဩဇာအာဏာရှိသူတို့၏ နိုင်ငံရေးနှင့် စီးပွားရေး အလိုရမ္မ များကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း” ၎င်းက ပြောကြားခဲ့သည်။

ပင်လယ်ကွေ့ (Gulf) ဒေသတစ်လျှောက်ရှိ အရပ်ဘက်နှင့် စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ပစ်မှတ်ထားသည့် နေ့စဉ်ဒရုန်းနှင့် ဒုံးကျည်ဖြင့် တိုက်ခိုက်မှု များ အပါအဝင် တီဟီရန်၏ လုပ်ဆောင်ချက်များသည် “တရားဝင် ခုခံကာကွယ်ပိုင်ခွင့် (legitimate self-defense)” သာဖြစ်သည်ဟု ၎င်းက ဆိုသည်။

အဆိုပါစာကို ရေးသားရာတွင် အီရန်ခေါင်းဆောင်ပိုင်းမှ အခြားသူများ ပါဝင်ပတ်သက်မှု ရှိ၊ မရှိကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။ အစ္စလာမ္မစ်သမ္မတနိုင်ငံ၏ အမြင့်ဆုံး အာဏာပိုင် ဖြစ်သူ အဓိပတိခေါင်းဆောင် မော့ဂျ်တာဘာ ခါမေနီ (Mojtaba Khamenei) ကိုမူ အမေရိကန် နှင့် အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲစတင်ခဲ့သည့် လွန်ခဲ့သော တစ်လကျော်ကတည်းက လူမြင်ကွင်းတွင် မြင်တွေ့ရခြင်း သို့မဟုတ် ကြားသိရခြင်း မရှိတော့ပေ။

ပီဇက်ရှ်ကီယန်က ဆက်လက်၍ အမေရိကန်အစိုးရနှင့် ပြည်သူတို့အကြား ခြားနားမှုကို ရည်ညွှန်းပြောဆိုခဲ့ပြီး မိမိတို့နိုင်ငံအပေါ် နားလည်မှုလွဲနေကြကြောင်းနှင့် “အီရန်ပြည်သူ များသည် အမေရိကန်၊ ဥရောပ သို့မဟုတ် အိမ်နီးချင်းနိုင်ငံများမှ ပြည်သူများအပါအဝင် အခြားမည်သည့်နိုင်ငံသားများအပေါ်တွင်မျှ ရန်ငြိုးဖွဲ့ထားခြင်းမရှိကြောင်း” ပြောကြားခဲ့သည်။

“ဒါဟာ အီရန်ယဉ်ကျေးမှုနဲ့ စုပေါင်းအသိစိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ မူဝါဒတစ်ခုဖြစ်ပြီး ယာယီနိုင်ငံရေး ရပ်တည်ချက်တစ်ခု မဟုတ်ပါဘူး” ဟု ၎င်းက ဆိုသည်။

အဆိုပါစာ ထွက်ပေါ်လာပြီးနောက် နိုင်ငံတော်သို့ ပြောကြားသည့် မိန့်ခွန်းတွင် ထရမ့်က အီရန် ခေါင်းဆောင်ပိုင်းကို “ကမ္ဘာပေါ်တွင် အကြမ်းဖက်ဆုံးနှင့် လူမိုက်အဆန်ဆုံး အုပ်ချုပ်သူများ” ဟု ခေါ်ဆိုခဲ့ပြီး၊ အကယ်၍ ထိုနိုင်ငံသာ နျူကလီးယားလက်နက် ပိုင်ဆိုင်သွားပါက “သည်းခံနိုင်စွမ်း မရှိသော ခြိမ်းခြောက်မှု” ဖြစ်လာလိမ့်မည်ဟု ပြောကြားခဲ့သည်။

ထို့ပြင် အီရန်၏ စစ်ရေးစွမ်းဆောင်ရည် အများစုမှာ ပျက်စီးသွားပြီဖြစ်သောကြောင့် အီရန်စစ်ပွဲသည် “ပြီးဆုံးလုနီးပြီ” ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ပီဇက်ရှ်ကီယန်က ၎င်း၏စာ၌ ကမ္ဘာကြီးသည် လမ်းဆုံလမ်းခွသို့ ရောက်ရှိနေပြီဖြစ်ကြောင်း သတိပေးခဲ့သည်။

“ထိပ်တိုက်ရင်ဆိုင်မှုလမ်းစဉ်ကို ဆက်လက်လျှောက်လှမ်းနေခြင်းဟာ အရင်ကထက်စာရင် ပိုပြီးတော့ အကုန်အကျများပြီး အကျိုးမဲ့စေမှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန် (Masoud Pezeshkian) သည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က တီဟီရန်မြို့ရှိ ဝတ်ပြုကျောင်းတစ်ခုသို့ သွားရောက်စဉ် စကားပြောကြား နေစဉ်။ (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 19 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 21 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 18 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
တရုတ် ထိုင်ဝမ် နိုင်ငံတကာသတင်း ဖိလစ်ပိုင်

ဆလာမီ ပါးပါးလှီးခြင်း(‘Salami slicing’) ဗျူဟာ ဖြင့် ပစိဖိတ်ဒေသအပေါ် ဩဇာလွှမ်းမိုးမှု တိုးချဲ့ရန် တရုတ်နိုင်ငံက မည်သို့ ကြိုးပမ်းနေသလဲ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 23 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၅ရက် သီတင်းပတ်အနည်းငယ်အတွင်း တရုတ်သင်္ဘောများသည် ၎င်းတို့၏ ကုန်းတွင်းပိုင်းနှင့် ယခင်ကထက် ပိုမိုဝေးကွာသောနေရာများတွင် “ဥပဒေစိုးမိုးရေး” လုပ်ငန်းများကို လုပ်ဆောင် ခဲ့ပြီး၊ အလွန်အမင်း ထိလွယ်ရှလွယ်ဖြစ်သော ပင်လယ်ကြမ်းပြင်ကို မြေပုံညွှန်း ရေးဆွဲခဲ့ကာ တရုတ်ကမ်းခြေမှ
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 24 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

လောင်စာဆီလည်းမရှိ၊ လက်နက်လည်းမရှိ- ယူကရိန်း၏ ဒရုန်းဗျူဟာအသစ်က ရုရှား၏ ထောက်ပံ့ရေးလမ်းကြောင်းများကို မည်သို့ အထိနာစေနေသနည်း

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ရုရှား-ယူကရိန်းစစ်ပွဲ – ယူကရိန်း၏ မျိုးဆက်သစ် အလတ်စားဒရုန်းများသည် တောင်ပိုင်း ရှေ့တန်းစစ်မျက်နှာသို့ ဦးတည်နေသည့် ရုရှားစစ်တပ်၏ ထောက်ပံ့ရေးလမ်းကြောင်းများကို ပြင်းပြင်းထန်ထန် အနှောင့်အယှက်ပေးလျက်ရှိပြီး တံတားများ၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို
နိုင်ငံတကာသတင်း အမေရိကန်

အီးဂျင်းကာရိုးလ် (E. Jean Carroll) အပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု စီရင်ချက်အပေါ် ထရမ့်၏ အသဲအသန် အယူခံဝင်မှုသည် တရားရုံးချုပ်တွင် ကြန့်ကြာနေ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၃ရက် ဖေဖော်ဝါရီ ၂၇ ရက်တွင် တရားရုံးချုပ် တရားသူကြီးများသည် တံခါးပိတ်အစည်းအဝေး ပြုလုပ်ရန် ပြင်ဆင်နေစဉ်အတွင်း၊ မဂ္ဂဇင်းပင်တိုင်ဆောင်းပါးရှင် E. Jean Carroll အား လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့ပြီး အသရေဖျက်ခဲ့သည်ဟူသော