နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 4 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

CDF မင်းတပ်အတွက် အဖွဲ့ (၃) ဖွဲ့ ပူးပေါင်းပြီး လက်နက်တွေပေးအပ်

International Mindat K’Cho Organization (IMCO)၊ Heal the world၊ CEA (Norway) အဖွဲ့ (၃) ဖွဲ့က ပူးပေါင်းပြီး ချင်းကာကွယ်ရေးတပ်ဖွဲ့, CDF-မင်းတပ်ကို လက်နက်ခဲယမ်းတွေ တပ်ဆင်ပေးခဲ့တယ်လို့ ထုတ်ပြန်ကြေညာလာပါတယ်။
AK – 47 အမျိုးအစား အလက် ၄၀၊ ကျ၊ည်ဆန်အတောင့် ၁၂၀၀၀ နဲ့ ကျည်အိမ် ၁၂၀ ခုတို့ကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှာ ချင်းကာကွယ်ရေးတပ်ဖွဲ့ (မင်းတပ်) ဆီကို အပ်နှံခဲ့တာလို့ IMCO က ပြောပါတယ်။


CDF-မင်းတပ်ကို အခုလို လက်နက်ခဲယမ်း ပေးအပ်နိုင်ဖို့ ၂၀၂၂ ခုနှစ် ဇွန်လကတည်းက စတင်ကြိုးပမ်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ပရောဂျက်အတွက် အမေရိကန်ဒေါ်လာ ၁၈၅၀၀၀ (တသိန်းရှစ်သောင်းငါးထောင်) ကုန်ကျမှာဖြစ်ပြီး လက်နက် ၅၀ လက်၊ ကျည် ၁၅၀၀၀ တောင့်၊ ကျည်အိမ် ၁၅၀ ရရှိတယ်လို့ သိရပါတယ်။

ပရောဂျက်အတွက် ကံစမ်းမဲထီလက်မှတ်များ ရောင်းချရန်ပုံငွေ ရှာဖွေခဲ့ရာ အမေရိကန်ဒေါ်လာ ၇၀၀၇၂.၇၁ ရရှိခဲ့ပေမဲ့ ကာကွယ်ရေးတပ်ဖွဲ့များရဲ့ အရေးပေါ်လိုအပ်ချက် (စားနပ်ရိက္ခာ) ဖြည့်ဆည်းရသဖြင့် လက်ကျန်ဒေါ်လာငွေစုစုပေါင်း ၅၈၇၄၉.၄၀ ကို ပရောဂျက်အတွင်း အသုံးပြုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒေါက်တာအငြိမ်းဦးဆောင်တဲ့ Heal the world အဖွဲ့နဲ့ CEA (Norway) တို့ကဒေါ်လာ ၃၅၀၀၀ ပူးပေါင်းအားဖြည့်ခဲ့ကြပြီး ပရောဂျက်အတွက် လိုအပ်တဲ့ ရန်ပုံငွေအများစုကို IMCO အဖွဲ့ဝင်တွေဆီက ကောက်ခံတဲ့ လစဥ်ကြေးတွေကိုလည်း ထည့်သွင်းအသုံးပြုခဲ့တယ်လို့ ဆိုပါတယ်။

နောက်ထပ် ကျန်ရှိနေသေးတဲ့ AK – 47 (၁၀) လက်၊ ကျည် ၃၀၀၀ နဲ့ ကျည်အိမ် ၃၀ ခုတို့ကို CDF-မင်းတပ်ဆီ မကြာမီ ပေးအပ်မယ်လို့လည်း သိရပါတယ်။

CDF-မင်းတပ်ကို လက်နက် တပ်ဆင်နိုင်ဖို့ အဖက်ဖက်က ဝိုင်းဝန်းကူညီအားဖြည့်တဲ့ အဖွဲ့အစည်းအသီးသီးနဲ့ သက်ဆိုင်ရာလူပုဂ္ဂိုလ်တယောက်ချင်းစီကို ကျေးဇူးတင်ရှိတဲ့အကြောင်း International Mindat K’Cho Organization (IMCO) က မှတ်တမ်းတင်ထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဖားဆောင်းမြိုတိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 12 Views
ဇူလိုင်လ (၃)ရက်။ မနေ့က နေ့လယ် (၁)နာရီအချိန်ခန့်က ဖားဆောင်းမြိုတိုက်ပွဲထဲ ဗုံးကြဲဖိုလာတဲ့ စစ်ကောင်စီတပ်ရဲ့ တိုက်လေယာဉ်တစ်စင်းကို ပစ်ချနိုင်ခဲ့တယ်လို ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ(JCS)ရဲ့ ဒီကနေ့မှာ
မြန်မာသတင်း

ထိုင်းရောက်မြန်မာတွေ ထိုင်းနိုင်ငံအရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 14 Views
ဇူလိုင်လ (၃)ရက်။ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံ‌အရေးလှုပ်ရှားမှုတွေမှာ မပါဝင်ကြဖို NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က တိုက်တွန်းနှိးဆော်ထားတယ်လို သိရပါတယ်။ ထိုင်းနိုင်ငံရဲ့
မြန်မာသတင်း

ဂန့်ဂေါမြိုမှာ ဆရာ/မတွေကို ကျူရှင်မသင်ဖို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲ စာထုတ်တားမြစ်ထား

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 11 Views
မလိုက်နာရင် ကျူရှင်သင်ကြားသူအပါအဝင် သင်ကြားနေတဲ့ ကလေးတွေကို ပညာရေးယန္တရားကနေ ထုတ်ပယ်သွားမယ်လိုဆို ဇူလိုင်လ (၃)ရက်။ ဂန့်ဂေါမြိုနယ်မှာ ကျူရှင်မသင်ဖို ဆရာ/မတွေကို NUG ရဲ့ မြိုနယ်ပညာရေးဘုတ်အဖွဲက ဝန်ခံကတိပြု လက်မှတ်ရေးထိုးခိုင်းထားတယ်လို ဒေသထဲသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး
မြန်မာသတင်း

တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 11 Views
ဇူလိုက်လ (၃)ရက်။ ဇူလိုင်လ (၁)ရက်နေ့ ညပိုင်းအချိန်က လေ့ကျင့်ပျံသန်းခဲ့တဲ့ တိုက်ခိုက်ရေးလေယာဉ်တစ်စီး ပျောက်ဆုံးနေတယ်ဆိုပြီး စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်(လေ)က တိုက်ခိုက်ရေးလေယာဉ်တစ်စီးဟာ ခရီးဝေးလေ့ကျင့်ပျံသန်းချိန် နေပြည်တော်ရဲ့ အရှေ့တောင်ဘက် (၁၃၀)ကီလိုမီတာအကွာမှာ ရုတ်တရက် ရေဒါမြင်ကွင်းကနေ
မြန်မာသတင်း

မြန်မာနိုင်ငံစီးပွားရေး ကျဆင်းမယ်လို ကမ္ဘာ့ဘဏ်က တွက်ချက်တဲ့စာရင်းတွေဟာ အချက်အလက်မမှန်ဘူးဆိုပြီး စစ်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 14 Views
ဇူလိုင်လ (၃)ရက်။ မြန်မာနိုင်ငံရဲ့စီးပွားရေး ကျဆင်းနိုင်တယ်လို ကမ္ဘာ့ဘဏ်ရဲ့ တွက်ချက်တဲ့စာရင်းတွေဟာ အချက်အလက် မမှန်တာနဲ့ မပြည့်စုံတာတွေကို တွေ့ရတယ်လို စစ်ခေါင်းဆောင် မင်းအောင်လှိင်က မနေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ “ ကမ္ဘာ့ဘဏ်က နိုင်ငံရဲ့စီးပွားရေးကို အရင်က
မြန်မာသတင်း

တော်လှန်ရေးကာလထဲ ရဲဘော် (၇၃)ဦး ကျဆုံးခဲ့တယ်လို့ CDF-KKG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 3 ရက်
  • 32 Views
ဇူလိုင်လ (၂၂)ရက်။ (၄)နှစ်တာ တော်လှန်ရေးကာလထဲ ရဲဘော် (၇၃)ဦးကျဆုံးခဲ့တယ်လို့ Chinland Defense Force-Kalay Kabaw Gangaw(CDF-KKG)ရဲ့ မနေ့က ဖွဲ့စည်းတည်ထောင်တဲ့ (၄)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ CDF-KKG အနေနဲ့ တော်လှန်ရေးသက်တမ်း (၄)နှစ်တာကာလထဲ
မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တဲ့ နိုင်/ကျဉ်းတွေ ရိုက်နှက်တိုက်ပိတ်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 28 Views
ဇူလိုင်လ (၂)ရက်။ ဇွန်လ (၁၉)ရက်နေ့က မြင်းခြံထောင်မှာ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား‌တွေက ကဗျာရွတ်ဖတ်ခဲ့ကြတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၀)ပြည့်မွေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကဗျာရွတ်ဖတ်ခဲ့တာကြောင့်ဆိုပြီး နိုင်ငံရေးအကျဉ်းသားတွေကို
မြန်မာသတင်း

လှိုင်သာယာမှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားသူကို ကယ်ထုတ်သွားတဲ့သူတွေကို ဖမ်းမိတယ်လို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 2 ရက်
  • 19 Views
ဇူလိုင်လ (၂)ရက်။ လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးခံရတဲ့အမျိုးသမီးကို စစ်ကောင်စီရဲတွေဆီကနေ ကယ်ထုတ်သွားသူတွေကို ပြန်ဖမ်းမိတယ်လို့ စစ်ကောင်စီချန်နယ်တွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီရဲတပ်ဖွဲ့က နိုင်ငံရေးပုဒ်မနဲ့ ဖမ်းဆီးထားတဲ့ မဇွန်ပွင့်လှိုင်ကို ကယ်ထုတ်သွားတဲ့သူတွေကို သန်လျင်မြို့ ဘောသပြေကန်ရွာအနီးမှာ လက်နက်တွေနဲ့အတူ