နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဧပြီလ 3 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်တပ်နဲ့ပူးပေါင်းနေတဲ့ ခရိုနီလက်သစ် ဉာဏ်လွင်အောင် ရန်ကုန်မြို့လယ်ခေါင်မှာ ထမင်းကြော်စားနေစဉ် သေနတ်နဲ့ပစ်ခတ်ခံရ

ရန်ကုန်တိုင်း၊ လသာမြို့နယ်ရှိ ဖက်တီးမထမင်းကြော်ဆိုင်မှာ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ကိုဉာဏ်လွင်အောင် အောက်တိုဘာလ (၂) ရက်နေ့ ည (၁၀) နာရီခန့်မှာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ကိုဉာဏ်လွင်အောင်ဟာ ဝဲဘက်နားထင် ကျည်ဖောက်ဝင် (စိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ခဲ့ရတယ်လို့ စစ်ကောင်စီနဲ့နီးစပ်တဲ့ တယ်လီဂရမ်ချန်နယ်တွေက ဆိုပါတယ်။

ပစ်ခတ်ခံရတဲ့ဖြစ်စဉ်မှာ ကိုဉာဏ်လွင်အောင်နဲ့ မနန်းဟွမ်မိုင်တို့နှစ်ဦးက ထမင်းကြော်စားနေစဉ် လမ်းလျှောက်လာသူတစ်ဦးက သေနတ်နဲ့ ပစ်ခတ်ထွက်ပြေးသွားခဲ့ကာ အခင်းဖြစ်နေရာမှာ အမေရိကန်ထုတ် 9mm ကျည်ခွံ (၃) ခုတွေ့ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရသူ ကိုဉာဏ်လွင်အောင်ဟာ စစ်တပ်အသိုင်းအဝိုင်းထဲမှာ ကိုဉာဏ်လို့ လူသိများကာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် နာမည်ခံပြီး ပစ္စည်းတွေ ဝယ်ယူပေးတာ၊ ပြည်ထဲရေးနဲ့ ပူးပေါင်းကာ CCTV တွေကိုလည်း တင်သွင်းတပ်ဆင်ပေးနေသူဖြစ်တယ်လို့ မြို့ပြပျောက်ကြားတပ်ဖွဲ့ဖြစ်တဲ့ Urban Owls က ပြောဆိုထားပါတယ်။


ဒါ့ပြင် သူ့အနေနဲ့ ကာကွယ်ရေးနဲ့ ပြည်ထဲရေးဝန်ကြီးဌာနကို အတားအဆီးမရှိ ဝင်ထွက်သွားလာနိုင်တဲ့ လူငယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သလို မိမိကိုယ်ကို တပ်မတော်မိသားစု လုပ်ငန်းရှင်လို့သာ ခံယူတယ်ဆိုတာကို ထုတ်ဖော်ပြောဆိုထားသူဖြစ်တယ်လို့ သိရပါတယ်။

ဉာဏ်လွင်အောင်ဟာ စစ်တပ်အာဏာသိမ်းတာကို အပြည့်အဝထောက်ခံရုံသာမက သူ့ရဲ့ဝန်ထမ်းတွေကိုလည်း နံနက်ခင်းတိုင်း စစ်ကောင်စီရဲ့ သစ္စာအဓိဌာန် (၄) ချက်ကို ရွက်ဆိုခိုင်းသူဖြစ်ပြီး ရုရှားကို စစ်တပ်နဲ့အတူ သွားလေ့ရှိကာ ရုရှားကာကွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးနဲ့လည်း ရင်းနှီးသူဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီနဲ့ပူးပေါင်းပြီး ခေတ်ပျက်ထဲမှာ အလွယ်တကူရနိုင်တဲ့ ငွေနဲ့ အာဏာကို မက်မောပြီး ခရိုနီပေါက်စဖြစ်ဖို့ ကြိုးစားနေတဲ့ လူငယ်လုပ်ငန်းရှင်များစွာရှိနေကာ အခါအခွင့်သင့်တဲ့အခါ အရေးယူသွားမယ်လို့ Urban Owls အဖွဲ့ရဲ့ ထုတ်ပြန်သတိပေးထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

NUG နဲ့ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 23 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ မြိုင်နဲ့ ပေါက်မြို့နယ်ထဲရှိ စီမံခန့်ခွဲမှုဆိုင်ရာကိစ္စတွေနဲ့ပတ်သက်ပြီး NUG နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မိတ္ထီလာလေတပ်စခန်းဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 26 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ နံနက် (၄)နာရီခွဲအချိန်က စစ်ကော်မရှင်ရဲ့ မိတ္ထီလာလေတပ်စခန်း ဌာနချုပ်ထဲကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ BWM ရဲ့
မြန်မာသတင်း

မင်းအောင်လှိုင်အပါ ဒုသမ္မတ (၃)ဦးကို အရည်အချင်းပြည့်မီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော် ကြေညာ

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 99 Views
ဧပြီလ (၂)ရက်။ ဒီကနေ့ ပြုလုပ်တဲ့ သမ္မတအရည်အချင်း စိစစ်ရေးကော်မတီရဲ့ ဒုသမ္မတ (၃)ဦးဟာ အရည်အချင်းကိုက်ညီတယ်ဆိုပြီး စစ်တပ်ရဲ့ ပြည်ထောင်စုလွှတ်တော်က ကြေညာခဲ့တယ်လို့ သိရပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့တွေက တင်ပြတဲ့ ဒုသမ္မတတွေနဲ့ပတ်သက်ပြီး သမ္မတ‌အတွက် သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်စုံမှု
မြန်မာသတင်း

သံတွဲမြို့ ဗုံးကြဲခံရတဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 24 Views
စစ်ကော်မရှင်ရဲ့ တပ်ချုပ်သစ်လက်ထက် မိသားစုလိုက် စစ်ရာဇဝတ်မှုကျူးလွန်သတ်ဖြတ်ခံရတာလို့ AA ပြော ဧပြီလ (၂)ရက်။ မနေ့က နေ့လယ် (၁၁)နာရီကျော်အချိန်က သံတွဲမြို့ကို လေကြောင်းဗုံးကြဲခဲ့တဲ့ဖြစ်စဉ်ထဲ ကလေးတွေအပါအဝင် မိသားစုလိုက် သေဆုံးခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
မြန်မာသတင်း

“YDF နောက်ကွယ်က NUG ရဲ့ ခြေလှမ်းများ”

  • 2026 ခုနှစ်၊ ဧပြီလ 2 ရက်
  • 19 Views
၂၀၂၆ ခုနှစ် မတ်လအတွင်းမှာ ဖြစ်ပွားခဲ့တဲ့ ယောကာကွယ်ရေးတပ် YDF ရဲ့ သူ့တပ်ပြေးရာဇဝတ်သားတွေကို လိုက်လံနှိမ်နင်းမှုအပေါ် YDF က တော်လှန်ရေးတပ်ဖွဲ့ အချင်းချင်းအပေါ် သေနတ်ဖောက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ယောကာကွယ်ရေးတပ်ကို ပုံမှားရိုက် နာမည်ဖျက်တိုက်ခိုက် ဘက်လိုက်ရေးသားမှုတွေကို သတင်းဌာနတချို့က
မြန်မာသတင်း

လယ်ဒိုမြို့ရှိ စစ်တပ်ဂိတ်စခန်းကို KNLA ပူးပေါင်းတပ်တွေ တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 33 Views
ဧပြီလ (၁)ရက်။ မနေ့က ည (၁၀)နာရီခွဲအချိန်မှာ လယ်ဒိုမြို့ရှိ အကြမ်းဖက်စစ်တပ်ဂိတ်စခန်းကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ KNLA ဦးဆောင်တဲ့ ပူးပေါင်းစစ်ကြောင်းက သာယာကုန်းနဲ့ ခြံကြီးကြား မီးရထားလမ်းက စစ်တပ်ဂိတ်စခန်းကို
မြန်မာသတင်း

AA ထိန်းချုပ်ထားတဲ့ သံတွဲမြို့ ငပလီကမ်းခြေကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 30 Views
ဧပြီလ (၁)ရက်။ ဒီကနေ့ နေ့လယ် (၁၂)နာရီအချိန်က သံတွဲမြို့ရှိ ငပလီကမ်းခြေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ငပလီကမ်းခြေတလျှောက်ကို စကစက လေယာဉ် (၅)စီးလောက်နဲ့ ဆက်တိုက်ဗုံးလာကြဲသွားတာ။ အဲ့ဒီနေရာမှာ စစ်ရေးလှုပ်ရှားတာလဲမရှိဘဲ
မြန်မာသတင်း

သက်ငယ်မုဒိန်းမှုနဲ့ မြန်မာဘက် ထွက်ပြေးလာသူကို ထိုင်းဘက် NUG ပြန်လွှဲပြောင်းခဲ့

  • 2026 ခုနှစ်၊ ဧပြီလ 1 ရက်
  • 33 Views
ဧပြီလ (၁)ရက်။ ထိုင်းနိုင်ငံထဲ ပြစ်မှုကျူးလွန်ပြီး ထွက်ပြေးတိမ်းရှောင်လာသူကို ထိုင်းအာဏာပိုင်တွေဆီ ပြန်လွဲပြောင်းပေးအပ်ခဲ့တယ်လို့ NUG လက်အောက်ခံ တနင်္သာရီတိုင်းစစ်ဌာနရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့နှစ် ဇွန်လပိုင်းက ထိုင်းနိုင်ငံ ဖက်ဘူရီခရိုင်မှာ နေထိုင်တဲ့ စောကဲလဲ (၃၇)နှစ်ဟာ