နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မေလ 9 ရက်

1027 Operations

1027 Operations Burma Civil War

ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းအပါအဝင် စခန်း (၄) ကို တအာင်းတပ်မတော်က တိုက်ခိုက်သိမ်းပိုက်၊ စစ်ကောင်စီက ရွာတွေကို လေကြောင်းနဲ့ တုံ့ပြန်တိုက်ခိုက်

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်၊ ခေတ်မျက်လုံး။

ရှမ်းပြည်နယ် တပ်မဟာ (၁) စစ်ဒေသ၊ နမ့်ခမ်းမြို့နဲ့ မန့်ဝိန်းကြီးကြား ဆက်သွယ်ထားသော ရွှေလီကြိုးတံတားရှိ စစ်ကောင်စီ တပ်စခန်းကို တအာင်းတပ်မတော်က ဒီနေ့ နံနက်ပိုင်း (၆း၅၅) နာရီအချိန်မှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လက်နက် (၄) လက်၊ 60MM ဗုံးသီး (၃၀) လုံး၊ RPG အသီး (၈)လုံး၊ လက်ပစ်ဗုံး (၅၀) လုံး၊ ကျည်ဆံနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရခဲ့တယ်လို့ ဖော်ပြထားအာတယ်။

ရွှေလီကြိုးတံတားရှိ စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ချိန်မှာ စစ်ကောင်စီဘက်မှ ဂျက်ဖိုက်တာနဲ့ (၃) ကြိမ် လာရောက်ပစ်ကူပေးခဲ့ပြီး နမ့်ခမ်းမြို့အတွင်းကို (၄) ကြိမ် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် အမျိုးသမီး (၁) ဦးမှာ ညာဘက် ပေါင်တစ်ဖက်ပြတ်ထွက်သွားခဲ့ပြီး နေအိမ်အချို့လည်း ပျက်စီးသွားတယ်လို့ သိရပါတယ်။

တပ်မဟာ (၂) စစ်ဒေသ မိုးမိတ်မြို့နယ်ရှိ၊ စစ်ကောင်စီရဲ့ ခွန်ခါတပ်စခန်းကို ဒီကနေ့ နံနက်ပိုင်း (၄း၀၀) နာရီအချိန်လောက်မှာ တအာင်းတပ်မတော်က သွားရောက် ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ စစ်ကောင်စီတပ်စခန်းအတွင်း စစ်အသုံးအဆောင်ပစ္စည်းများနဲ့ ရိက္ခာတွေကို သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

တပ်မဟာ (၆) စစ်ဒေသ၊ လားရှိုးမြို့နယ်၊ မိုင်းကျက်တပ်စခန်းမှာ စစ်ကောင်စီတပ်က ထောက်ပို့လေယဥ်ဖြင့် ချပေးတဲ့ လက်နက်ခဲယမ်းတွေကိုလည်း တအာင်းတပ်မတော်က ခဲယမ်း (၅) သေတ္တာ ပစ်ခတ်ဖြတ်ယူနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့တွင် စစ်ကောင်စီစခန်းကို တအာင်းတပ်မတော်က ဒီနေ့ မနက် (၅း၀၀) နာရီ အချိန်လောက်မှာ သွားရောက်တိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

တပ်မဟာ (၃) စစ်ဒေသ၊ မန်တုံမြို့မှာ စစ်ကောင်စီ ရဲစခန်းကို တအာင်းတပ်မတော်က ဒီနေ့ နံနက်( ၅း၀၀) နာရီ အချိန်မှာ သွားရောက်တိုက်ခိုက်ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့နယ်ရှိ၊ ဟိုခိုကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဖျက်အားပြင်း ပေါင် (၅၀၀) ဗုံးနဲ့ ညဥ့်နက်သန်းခေါင် (၁၂း၃၀) နာရီ အချိန်မှာ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် နေအိမ် (၃) လုံး ပျက်စီးသွားခဲ့ပါတယ်။

တပ်မဟာ(၁) စစ်ဒေသ နမ့်ခမ်းမြို့နယ်ရှိ၊ လွယ်အင်ကျေးရွာနဲ့ ဖာလင်ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ စစ်ကောင်စီက ဒီနေ့ မနက်အစောပိုင်းမှာ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် (၁) ဦးနဲ့ ဘုန်းကြီး (၁) ပါး ထိမှန်ပြီး၊ ဘုန်းကြီးကျောင်းလည်း ထိမှန်ပျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 9 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 27 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 81 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊
1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 41 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အနောက်ခြမ်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက
1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 26 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ခမ်းရွာ (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန်
1027 Operations မြန်မာသတင်း

နိုင်ငံရေးဖိအားတွေကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာရတာလို့ MNDAA ပြော

  • 2025 ခုနှစ်၊ ဧပြီလ 26 ရက်
  • 33 Views
ဧပြီလ (၂၆)ရက်။ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ဆုတ်ခွာခဲ့ရတာလို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နိုင်ငံရေးဖိအားများစွာကြောင့် လားရှိုးမြို့ကနေ ပြန်လည်ဆုတ်ခွာခဲ့ရတဲ့အတွက် များစွာ ဝမ်းနည်းရပါတယ်” လို့ လူမှုကွန်ရက်စာမျက်နှာမှာ ဆေးရုံစရိတ် ကြီးမြင့်တယ်လို့ ဝေဖဝေပြောဆိုတာတွေအပေါ်
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီတပ် ယာဉ်တန်း (၇၀)ထက်မနည်း ထပ်မံဝင်ရောက်

  • 2025 ခုနှစ်၊ ဧပြီလ 22 ရက်
  • 26 Views
ဧပြီလ (၂၂)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ထဲကို စစ်ကောင်စီတပ်ဖွဲ့ရဲ့ ယာဉ်တန်း (၇၀)ကျော်ထက်မနည်း ထပ်မံဝင်ရောက်လာခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ နံနက် (၉)နာရီလောက်ကစပြီး စကစယာဉ်တန်းပေါ့ ကားကြီး၊ ကားသေး (၇၅)စီးကျော် ဝင်ရောက်လာတာ။
1027 Operations မြန်မာသတင်း

လာရှိုးမြို့ကို စစ်ကောင်စီတပ်တွေ စတင်ဝင်ရောက်၊ လုံခြုံရေးကြောင့် လမ်းပိုင်းအချို့ကို MNDAA ပိတ်ထား

  • 2025 ခုနှစ်၊ ဧပြီလ 18 ရက်
  • 48 Views
ဧပြီလ (၁၈)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်ကစပြီး လားရှိုးမြို့ကို စစ်ကောင်စီတပ်တွေ ဝင်ရောက်လာနေတယ်လို့ ဒေသထဲသတင်းအရင်းအမြစ်တွေရဲ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ စကစတပ်တွေက လားရှိုးမြို့ထဲကို နမ်ပေါင်ဘက်ကနေ စဝင်လာနေပြီလို့ပြောတယ်။ ဘယ်လိုအဖွဲ့တွေပါတယ်ဆိုတာတော့ မသိသေးဘူး။ MNDAA ဘက်ကလဲ လမ်းပိုင်းအချို့