နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 22 ရက်

မြန်မာသတင်း

မြန်မာသတင်း

ဝမ်ပေါင်ကြေးနီစက်ရုံစစ်ဆင်ရေးမှာ NUG ခိုင်းစေတဲ့ ဒေသကာကွယ်ရေးအဖွဲ့ (၁၁) ဦး လူမသိသူမသိ ကျဆုံးခဲ့ရ

မတ်လ (၁၄) ရက်။

စစ်ကိုင်းရှိ ဝမ်ပေါင်ကြေးနီစက်ရုံကို ပစ်ခတ်ဖို့ KIA က NUG ကနေတဆင့် ဒေသကာကွယ် ရေးတပ်ဖွဲ့တခုကို လက်နက်ကြီး ပံ့ပိုးပေးခဲ့တယ်လို့ မြေပြင် ခေါင်းဆောင်တစ်ယောက်နဲ့ မြေပြင်သတင်းရင်းမြစ်ဆီက သိရပါတယ်။

“စစ်ကိုင်းက ကြေးနီစက်ရုံကို တရက်ကို လက်နက်ကြီး (၁၀)လုံးနဲ့ တပတ်တိတိပစ်ဖို့ KIA က လက်နက်ကြီး အလုံး (၁၀၀) NUG ကို ပို့ခဲ့တာ။ အဲ့ဒါက ပြီးခဲ့တဲ့ (၃)လလောက်ကပေါ့၊ ဒါကို NUG က သူ့အောက်က local PDF (၁၁)ယောက်အဖွဲ့ကို တာဝန်ပေးတာ။ သူတို့ကလည်း ခိုင်းတဲ့အတိုင်း ပစ်ကြတယ်”လို့ မြေပြင်ခေါင်းဆောင်က ဆိုပါတယ်။

ကြေးနီစက်ရုံကို တနေ့ လက်နက်ကြီး (၁၀)လုံး နဲ့ (၇)ရက်ဆက်တိုက် ပစ်ခတ်ဖို့ KIA က NUG ကို ၁၀၇ မမ အလုံး(၁၀၀) ပို့ခဲ့ပြီး NUG ဟာ သူ့လက်အောက်ရှိ (၁၁) ယောက်နဲ့ဖွဲ့စည်းထားတဲ့ ဒေသကာကွယ်ရေးအဖွဲ့ကို စေခိုင်းခဲ့တာလို့ သိရပါတယ်။

အဲ့ဒီလိုစေခိုင်းတာကြောင့် local PDF အဖွဲ့ဟာ ကြေးနီစက်ရုံကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်ထဲ တရုတ်နိုင်ငံသားအလုပ်သမား ၁၀ယောက်ကျော်ထိခိုက်သေဆုံးတယ်လို့ဆိုတယ်။

“အဲ့ဒီမှာ တရုတ်နိုင်ငံသားတွေ သေဆုံးဒဏ်ရာရတာရှိတယ်။ ဒါကြောင့် တရုတ်ဘက်က စီမံကိန်းကို (၃)လရပ်နားပါတယ်ဆိုပြီး ကြေညာတယ်။ လက်နက်ကြီးနဲ့ ထုတာကို NUG က နာမည်မခံဘူး။ ဘယ်အဖွဲ့က ထုတယ်ဆိုတာလဲ မသိဘူးဆိုပြီးလုပ်တယ်။ ပစ်တဲ့ပစ္စည်း တွေကလဲ KIA ပစ္စည်းတွေ၊ ပြီးတော့ NUG ကို တရုတ်ထောက်လှမ်းရေးနဲ့ တွေ့လို့ရအောင် လည်း ဗိုလ်ချုပ်ဂွမ်မော်ကပဲကြားကနေ လုပ်ပေးလိုက်တာ”လို့ သူက ဆက်ပြောပါတယ်။

ဝမ်ပေါင် ကြေးနီစက်ရုံကို ပစ်ခတ်တာမှာ KIA က NUG ကို လက်နက်ကြီးတွေ ပံ့ပိုး ပေးခဲ့တာ ရှိပေမယ့် လက်တွေ့မှာတော့ NUG ဘက်က ငြင်းဆိုပြီး ဒေသခံအဖွဲ့တွေ ဖက်ကပစ်တာလို့ ပြောဆို ခဲ့ပြီး ဒီလိုပစ်တာကိုသူတို့အနေနဲ့တားဆီးပေးမယ်ဆိုပြီး တရုတ်နဲ့ ဆွေးနွေး ညှိနှိုင်း တာတွေ ရှိခဲ့တာသိရှိခဲ့ရကြောင်း သူကဆိုခဲ့တယ်။

အဲ့ဒီလိုဆွေးနွေးပြီး ၂ ရက်လောက်နေတော့ ဂိုင်ရိုကော့ပတာနဲ့ အဲဒီဝမ်ပေါင်ထဲကို တကယ်ပစ်တဲ့ တပ်ဖွဲ့ဝင် (၁၁) ဦးစလုံး နေထိုင်တဲ့ NUG ရဲ့ စစ်ကိုင်းတိုင်းဝန်ကြီး ကိုကိုအောင်ရဲ့ စခန်းကိုအတိအကျလာပစ်ပြီး ဗုံးကြဲခဲ့တဲ့အတွက် တပ်ဖွဲ့ဝင် (၁၁) ဦးစလုံး ကျဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

“အခုဖြစ်တာတွေက တဖက်မှာ ဆွေးနွေးပြီးတော့ (၂) ရက်လောက်မှာ စကစက အဲ့ဒီ local PDF အဖွဲ့ကိုပစ်မှတ်ထားပြီး အတိအကျ ဗုံးလာကြဲသွားတာဆိုတော့ ဆက်စပ်တာတွေ ရှိတယ်လို့ ပြောလို့ရတယ် တိုက်ဆိုင်မှုလို့မမြင်ဘူး။ အဲ့ဒီဖြစ်စဉ်မှာ တကယ်တိုက်နေတဲ့ တပ်ဖွဲ့တဖွဲ့ ပျက်စီး သွားတယ်။ နောက်ပြီး ရဲဘော် (၁၁) ဦးလည်း ကျဆုံးသွားရတယ်။ အဲ့ဒီရဲဘော်တွေရဲ့ အလောင်းကို ကျနော် ကိုယ်တိုင် မြေမြုပ်ပေးခဲ့တာ။ NUG က အမိန့်ပြန်တမ်းတောင် မလုပ်ပေးဘူး” လို့ သူက ပြောပါတယ်။(မှတ်ချက်။ ဒီကိစ္စကို ဘိုးတော်နီကလည်း သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာကနေ ဗီဒီယိုနဲ့တဆင့် အသိပေးခဲ့ပါသေးတယ်။)

စစ်တပ်ရဲ့ ဗုံးကြဲတာကြောင့် သေဆုံးသွားခဲ့တဲ့ NUG လက်အောက်ခံ ဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော် (၁၁) ဦးရဲ့ ရုပ်အလောင်းကို တာဝန်မယူဘဲ ပစ်ထားတာကြောင့် ဒေသခံ မြေပြင်တပ်ဖွဲ့ဝင်တွေနဲ့ BNRA အဖွဲ့က ကိုလတ်တို့က သွားရောက် မြှုပ်နှံပေးခဲ့ရတယ် ဒီအချက်ကိုနင်းပြီး NUG က ကြေးနီစက်ရုံကို BNRA က ပစ်ခတ်တာဖြစ်တယ်လို့ တရုတ်ဘက်ကို ပြောဆိုခဲ့ပြီး သူတို့တာဝန်ယူ တားဆီးပေးမယ်လို့ အာမခံခဲ့တယ်လို့ သူက ဆက် ပြောပြခဲ့တယ်။

ခေတ်မျက်လုံးကို သူက သတင်းပေးပို့ ရှင်းလင်းပြောပြပြီး တစ်ရက်အကြာမှာ BNRA ကို NUG က တိုက်ခိုက်ဖြိုခွဲခဲ့ပါတယ်။

အခုလို ဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး သတင်းပို့ပေးခဲ့တဲ့ မြေပြင်ခေါင်းဆောင်လည်း ပျောက်ဆုံးနေပြီး ဒီဖြစ်စဉ်ကို အသေးစိတ်သိရှိထားတဲ့ မြေပြင်သတင်းရင်းမြစ်လည်း ဘေးလွတ်ရာကို ရှောင်တိမ်းနေရပါတယ်။

ခေတ်မျက်လုံးအယ်တီတာအဖွဲ့မှတ်ချက်။

ခေတ်မျက်လုံးအနေနဲ့ ဒီသတင်းကို ဒေသခံနဲ့ အင်တာဗျူးထားတဲ့အသံဖိုင်ကို မှတ်တမ်း ရယူထားပြီး မြေပြင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်နဲ့လည်း အင်တာဗျူးထားတဲ့ အသံဖိုင်ကို ရယူထားပြီး ဖြစ်သော်လည်း မြေပြင်မှသူများ အသက်အန္တရာယ်ရှိနိုင်တဲ့အတွက် အသံဖိုင်များကို ထုတ်လွှင့်မည်မဟုတ်သော်လည်း အချိန်အခါကျလာလျှင် အသံဖိုင်များနှင့် ထုတ်လွှင့်တင်ပြသွားပါမယ်။

ဒါ့အပြင် ဘိုးတော်နီမှလည်း အဖမ်းမခံရခင် ဒီကိစ္စကို သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဗီဒီယိုဖိုင်နဲ့တကွ ဖေဖော်ဝါရီလ ၁၈ ရက်နေ့မှာ “လက်ပံဝောင်းတောင် အကျိုးစည်းပွား နိုင်ငံရေး အာဏာ အားပြိုင်မူမှာ တကယ်ပေးဆပ်လိုက်ရတဲ့ ရဲဘော် ၁၁ ယောက်က မြေဇာပင်ပေါ့။ မှတ်ချက် ဆားလင်း ကြီးမြိုနယ်အတွင့် လေကြောင်း တိုက်ခိုတ်ခံရသော ရဲ့ဘော်များမှတ်တမ်း” ဆိုပြီး တင်သွားခဲ့ပါတယ်။

NUG လက်အောက်ခံတပ်ဖွဲ့ဝင်များမှ ဘိုးတော်နီကို ဖမ်းဆီးသွားပြီး လက်ရှိအချိန်ထိ သတင်းမကြားရသေးပါ။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးလို့ စစ်အုပ်စုပြော

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 136 Views
ဇွန်လ (၃၀)ရက်။ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာနဲ့ တွေ့ခွင့်မပေးဘူးဆိုပြီး ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ စစ်အုပ်စုရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ဒေါ်အောင်ဆန်းစုကြည်က
မြန်မာသတင်း

ငါတို့တကယ်ရင်ဆိုင်နေရတဲ့ အခက်အခဲ

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 118 Views
Burma Issue: The Crisis We Are Truly Facing ငါတို့တကယ်တွေ့နေရတဲ့ အကြပ်အတည်း ရှေ့နေဦးကြီးမြင့်ရဲ့စာတမ်းတိုလေးကိုသဘောထားကြိုက်ညီတဲ့အတွက် သူအတွေ့အကြုံအရ
မြန်မာသတင်း

ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ ကြိုးပမ်းနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 109 Views
ဇွန်လ (၃၀)ရက်။ စစ်တပ်လေကြောင်းအင်အားကို ဟန့်တားနိုင်ဖို့ ကြိုးပမ်းနေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ PDF နဲ့ ပကဖတပ်ဖွဲ့တွေအနေနဲ့ စစ်တပ်လေကြောင်းကို ဟန့်တားနိုင်ဖို့နဲ့ ဝေဟင်ကနေ တိုက်ပွဲဝင်နိုင်ဖို့ နည်းလမ်းပေါင်းစုံနဲ့ အဆက်မပြတ် ကြိုးပမ်းနေတယ်လို့
မြန်မာသတင်း

တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေအပေါ် NUCC နဲ့ NUG ဆွေးနွေးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 103 Views
ဇွန်လ (၃၀)ရက်။ ဇွန်လ (၂၈)ရက်နေ့က တော်လှန်ရေးအဖွဲ့တွေအကြား ပဋိပက္ခတွေနဲ့ပတ်သက်ပြီး NUCC နဲ့ NUG တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို (၃)နာရီကြာ ပြုလုပ်ခဲ့ပြီး NUCC ကောင်စီဝင်တွေနဲ့ MOD ဝန်ကြီးနဲ့
မြန်မာသတင်း

မင်းအောင်လှိုင် လာအိုနိုင်ငံကို သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 83 Views
ဇွန်လ (၃၀)ရက်။ လာမယ့်ရက်ပိုင်းထဲ စစ်ခေါင်းဆောင် ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ လာအိုနိုင်ငံကို သွားဖို့ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ကိုယ်တိုင်ခန့်သမ္မတ မင်းအောင်လှိုင်ဟာ သူ့မိန်းမ ကြူကြူလှနဲ့အတူ လာအိုနိုင်ငံကို ဇွန်လ (၃)ရက်ကနေ (၅)ရက်အထိ သွားဖို့ရှိတယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မုံရွာပလဖစခန်းကို NUG တပ်ရင်းတွေ စီးနင်းပစ်ခတ်ခံရပြီး ပလဖတာဝန်ခံ အာကူးကျဆုံးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 30 ရက်
  • 99 Views
ဇွန်လ (၃၀)ရက်။ မနေ့က ညပိုင်းအချိန်က မုံရွာမြိုပလဖစခန်းကို NUG တပ်ရင်းတွေ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တယ်လို ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “မုံရွာပလဖစခန်းကို NUG က တပ်ရင်း (၅)ရင်းနဲ့ ဝင်စီးတာ။ အဲ့ဒီမှာ ပစ်ခတ်တာတွေဖြစ်ပြီး ပလဖတာဝန်ခံ အာကူး
မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 89 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဆီကနေ လက်နက်ခဲယမ်းအချိုနဲ့ စစ်သုံပန်း
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 79 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစွာ သက်ရှိထင်ရှား ရှိနေသေးတာကို အခိုင်အမာ သက်သေပြဖို စစ်အုပ်စုကို