နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

Non-CDM ၀န်ထမ်းတွေ အလင်း၀င်ကြဖို့ NUG အမိန့်ထုတ်ပြန်

ဒီဇင်ဘာလ (၂)ရက်။

မကွေးတိုင်းထဲက ရဲတပ်ဖွဲ့နဲ့ ဌာနဆိုင်ရာတွေက Non-CDM ၀န်ထမ်းတွေ အလင်း၀င်ကြဖို့ NUG ပြည်ထဲ‌ရေး၀န်ကြီးဌာနရဲ့ မနေ့က အမိန့်ထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုအချိန်ဟာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ မြန်မာနိုင်ငံအနှံ့အပြားမှာ စစ်ရေးလှုပ်ရှားတာတွေကို အရှိန်အဟုန်မြင့်မားစွာနဲ့ “ လူထုတော်လှန်ရေးလှိုင်း” တစ်လှိုင်းပြီးတစ်လှိုင်း လှုပ်ရှားနေကြပြီဖြစ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီစစ်ရေးလှုပ်ရှားမှုတွေထဲ သိမ်းယူစိုးမိုးရရှိထားတဲ့ မကွေးတိုင်းထဲက ရဲတပ်ဖွဲ့၊ ထွေ/အုပ်ဌာန၊ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ အကျဉ်းဦးစီးဌာန၊ မီးသတ်နဲ့ လူ၀င်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာနတို့က Non-CDM ၀န်ထမ်းတွေ NUG လက်အောက် အလင်း၀င်ကြဖို့ ရေးသားထားပါတယ်။

ဌာနဆိုင်ရာ စာရွက်စာတမ်းတွေကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေထံ စနစ်တကျအပ်နှံဖို့ NUG က ပြောဆိုထားပါတယ်။

Non-CDM ၀န်ထမ်းတွေအနေနဲ့ NUG ကပေးအပ်တဲ့ နောက်ဆုံးအခွင့်အရေးအ‌ဖြစ် ပြည်သူဘက်က ရပ်တည်ကြဖို့နဲ့ လိုက်နာခြင်းမရှိပါက တည်ဆဲဥပဒေတွေအရ ပြင်းထန်စွာအရေးယူသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မူးမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၄)ဦး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 4 Views
ဧပြီလ (၃၀)ရက်။ ဧပြီလ (၂၈)ရက်နေ့က ခလယ်လွီထူခရိုင် မူးမြို့နယ်ထဲက ကျေးရွာတွေကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေကို ပြုလုပ်ခဲ့တယ်လို့ KNU ရဲ့
မြန်မာသတင်း

မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းတာအပါအဝင် မဟာဗျူဟာ နည်းလမ်း (၆)ခုကို အကောင်အထည်ဖော်နေတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 4 Views
ဧပြီလ (၃၀)ရက်။ ပြည်သူ့တော်လှန်ရေးရဲ့ မဟာဗျူဟာဦးတည်ချက် (၆)ချက်ကို ရရှိနိုင်ဖို့အတွက် မဟာဗျူဟာ နည်းလမ်း (၆)ခုကို သတ်မှတ်အကောင်အထည်ဖော်နေတယ်လို့ NUG ရဲ့
မြန်မာသတင်း

တောင်သာမြို့ထဲက စစ်ကောင်စီရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 21 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၆)ရက်နေ့က တောင်သာမြို့နယ်ထဲရှိ စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ Myingyan Black Tiger(MBT)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်သာမြို့ထဲက အကြမ်းဖက်စကစတပ်ရဲ့ ရဲတပ်သားတစ်ဦးက MBT
မြန်မာသတင်း

ပခုက္ကူခရိုင်ရှိ မြို့နယ်ပကဖတွေ ပူးပေါင်းလက်တွဲသွားမယ်လို့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 22 Views
ဧပြီလ (၂၉)ရက်။ ပခုက္ကူခရိုင်ထဲရှိ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တို့က ပကဖတွေ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဒီကနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရေစကြို၊ ပေါက်နဲ့ မြိုင်မြို့နယ်တွေက မြို့နယ်၊ ဇုန်၊ ရပ်ကျေးတွေအနေနဲ့ စစ်ရေးကိစ္စအပါအဝင် နယ်မြေထဲရှိ
မြန်မာသတင်း

မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 15 Views
မန္တလေးမှာ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေ (၂၃)ကျပ်သားခန့်ပါသွားခဲ့ ဧပြီလ (၂၉)ရက်။ မနေ့က နေ့လယ် (၂)နာရီ (၅၇)မိနစ်အချိန်က မန္တလေး ချမ်းမြသာစည်မြို့၊ အောင်ပင်လယ်ရပ်ကွက်ရှိ ရွှေဇာမဏီရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “
မြန်မာသတင်း

မန္တလေးမှာ အငြိမ်းစားပါမောက္ခတဦး လုယက်သတ်ဖြတ်ခံရမှုဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 17 Views
ဧပြီလ (၂၉)ရက်။ ဧပြီလ (၂၅)ရက်နေ့ နေ့လယ်ပိုင်းအချိန်က မန္တလေး ပုသိမ်ကြီးမြို့နယ်မှာ အငြိမ်းစား‌ပါမောက္ခတစ်ဦးကို အိမ်ပွဲစားက လုယက်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တယ်လို့ နီးစပ်သူတွေထံက သိရပါတယ်။ “ ဖြစ်တာက ပုသိမ်ကြီးဘက်မှာပါ။ အသိပွဲစားက အိမ်ပြမယ်ဆိုပြီး ပုသိမ်ကြီးဘက် ခေါ်သွားပြီးတော့
မြန်မာသတင်း

အဓမ္မစစ်သားစုဆောင်းတာကြောင့် ထွက်ပြေးလာတဲ့ လူငယ်တွေကို စောင့်ရှောက်ပေးဖို့ အိမ်နီးချင်းနိုင်ငံတွေကို NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 29 ရက်
  • 16 Views
ဧပြီလ (၂၉)ရက်။ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံထဲ အတင်းအကြပ် စစ်မှုထမ်းစေတာရဲ့ လက်တွေ့အခြေအနေတွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစောင်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာနက မနေ့က ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ အဲ့ဒီအစီရင်ခံစာထဲ အတင်းအကြပ် စစ်မှုထမ်းစေခိုင်းခံခဲ့ရတဲ့ လူငယ်တွေရဲ့ ထွက်ဆိုချက်တွေကို အခြေခံပြီး လူ့အခွင့်အရေးချိုးဖောက်တာတွေ
မြန်မာသတင်း

ဗန်းမော်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေ

  • 2025 ခုနှစ်၊ ဧပြီလ 28 ရက်
  • 28 Views
ဧပြီလ (၂၈)ရက်။ ကချင်ပြည်နယ် ဗန်းမော်မြို့မှာ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ အခု ဗန်းမော်မှာ ကျန်နေသေးတဲ့ စကစတပ်စခန်းတွေနဲ့ တပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးတပ်တွေက အပြင်းအထန်