အကြမ်းဖက်စစ်တပ်က ပုလဲမြို့နယ်အတွင်းက မြေနီကုန်းကျေးရွာကို ဇန်နဝါရီ (၃၁ ) ရက်ညနေပိုင်းမှာ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

မီးရှို့ဖျက်ဆီးမှုကို အကြမ်းဖက်စစ်တပ်နဲ့ ဇီးဖြူကုန်းကျေးရွာက ပျူစောထီး တွေ ပူးပေါင်းပြီး မီးရှို့ဖျက်ဆီးခဲ့ကြတာ ဖြစ်ပါတယ်။ အခုလို မီးရှို့ဖျက်ဆီးမှုကြောင့် မြေနီကုန်းကျေးရွာက အိမ်ခြေ (၁၃) လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။



