နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်

မြန်မာသတင်း

မြန်မာသတင်း

နှောကန်တိုက်ပွဲ ဗိုလ်မှူးတစ်ဦး သေဆုံး MA3 လက်နက်(၂)လက်ရရှိ

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် PDF ကင်းပုန်း ကို လာရောက်ပစ်ခတ်တဲ့ ဗိုလ်မှူးတစ်ဦးနှင့် တပ်သားတစ်ဦးကို ရွာနှစ်ရွာကြားတွင် တိုက်ခို​က်ခဲ့ရာမှာ နှစ်ဦးလုံးသေဆုံးပြီး MA3 နှစ် လက် ရရှိခဲ့တယ်လို့ ဒေသတွင်း PDFအဖွဲ့များထံက သိရပါတယ်။

ပုလဲမြို့နယ် မင်းတိုင်ပင်ကျေးရွာနှင့် နှောကန်ကျေးရွာကြားတွင် ဆိုင်ကယ်တစ်စီးဖြင့်လာသည့် စစ်ကောင်စီတပ်ကိုရဲခေါင်ပြောက်ကျားတပ်ဖွဲ့ဦး​ဆောင်​သောမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တို့ နှင့် မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

Era’sEyes | Photo – ဓါတ်ပုံ-CJ၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ / (​နှောကန်ရွာတိုက်ပွဲတွင်​သေဆုံးခဲ့​သော ဗိုလ်မှူးမင်းမြတ်သူနှင့် သိမ်းဆည်းရရှိ​သော ​သေနက်နှင့်ဖုန်းများ။

ထိုစစ်ဆင်ရေးကို ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၀ (ဒေါင်းနက်)၊ ယင်းမာပင်ခရိုင် တပ်ရင်း ၂၀ (ရိုးမရာဇာ)နှင့် ကျေးရွာကာကွယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာ ဖြစ်တယ်လို့သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ခွင့်ပြုချက်မရဘဲ မင်းတပ်မြို့ကို ဝင်ထွက်ခွင့် မပြုသေးကြောင်း CDF-Mindat ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 2 Views
ဒီဇင်ဘာလ (၂၃) ရက်။ ခွင့်ပြုချက် မရရှိဘဲ မင်းတပ်မြို့အတွင်းကို ဝင်ထွက် သွားလာခွင့် မပြုသေးဘူးလို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Mindat က
မြန်မာသတင်း

မင်းကင်းမှာ ရွှေတူးဖော်လုပ်ငန်း‌ရပ်ဆိုင်းဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲက သေနတ်နဲ့ခြိမ်းခြောက်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 23 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၃)ရက်။ ဒီဇင်ဘာလ (၂၁)ရက်နေ့က မင်းကင်းမြို မြောက်ချွန်းရွာမှာ ရွှေတူးဖော်တဲ့လုပ်ငန်း ရပ်ဆိုင်းပေးဖို တောင်းဆိုဆန္ဒပြတဲ့ ဒေသခံတွေကို ပသုံးလုံးအဖွဲတွေက သေနတ်နဲ့ခြိမ်းခြောက်တာတွေ
မြန်မာသတင်း အယ်ဒီတာ့အာဘော်

မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 16 Views
မြန်မာ့နိုင်ငံ‌ရေးအ‌ရွေ့နဲ့ အိမ်နီးချင်းနိုင်ငံများရဲ့သဘောထား ခေတ်မျက်လုံးအယ်ဒီတာ့အာဘော် ဒီဇင်ဘာလ (၂၂) ရက်။ မြန်မာ့နွေဦးတော်လှန်ရေး၃နှစ်ကျော် ၄နှစ်အတွင်းဝင်ရောက်လာတဲ့အချိန်မှာ တော်လှန်ရေး အရှိန်အဟုန် အားကောင်းကောင်းနဲ့ မြန်မာပြည်‌မြောက်ပိုင်းမှာ ညီနောင်(၃)ဖော်စလိုက်တဲ့ ဗျူဟာ‌မြောက် ၁၀၂၇ ထိုးစစ်ကြောင့် စစ်အုပ်စု အထိနာခဲ့ရသလို ရမခစစ်ဌာနချုပ်လည်း ကျခဲ့ရပါတယ်။
မြန်မာသတင်း

ရန်ကုန်မှာ မင်္ဂလာဆောင်ပွဲလာတက်တဲ့ စစ်ကောင်စီစရဖဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 18 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နေ့လယ် (၂)နာရီကျော်က ရန်ကုန် မရမ်းကုန်းမြို့ရှိ Apollo Hotel အနီးမှာ စစ်ကောင်စီရဲ့ စရဖ ဗိုလ်မှူးအဆင့်ရှိသူတစ်ဦး ပစ်ခတ်ခံခဲ့ရတယ်လို့ မြို့ခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ နေ့လယ် (၂)နာရီကျော်လောက်
မြန်မာသတင်း

ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်လျက်ရှိသည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင် ကြေညာ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 13 Views
ဒီဇင်ဘာလ (၂၂) ရက်။ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ဖော်ဆောင်လျက်ရှိသည့် မင်းတပ်မြို့သိမ်းစစ်ဆင်ရေး အောင်မြင်ပြီးမြောက်ကြောင်း ချင်းညီနောင်ကဒီနေ့ ဒီဇင်ဘာလ (၂၂) ရက်နေ့မှာ ကြေညာလိုက်ပါတယ်။ မင်းတပ်မြို့သိမ်းစစ်ဆင်ရေးမှာ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေ ဖြစ်ကြတဲ့ ယောဒေသကာကွယ်ရေးတပ်
မြန်မာသတင်း

ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင် သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 11 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ကို သေနတ်တချက်မဖောက်ရဘဲ ချင်းညီနောင်အဖွဲ့ သိမ်းပိုက်နိုင်ခဲ့တယ်လို့ Kanpetlet Council ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကန်ပက်လက်မြို့မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေဟာ မနေ့က
1027 Operations မြန်မာသတင်း

မိုးမိတ်မြို့မှာ တပ်စွဲထားတဲ့ KIA တပ်စခန်း ပြောင်းရွှေ့ဖို့ TNLA သတိပေးထား

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 16 Views
ဒီဇင်ဘာလ (၂၂)ရက်။ မိုးမိတ်မြို့ လယ်ကြီးရွာထဲ တပ်စွဲထားတဲ့ KIA တပ်စခန်းကို နေရာပြောင်းရွှေ့ပေးဖို့ TNLA ဘက်က သတိပေးအကြောင်းကြားထားတယ်လို့ ဒေသတွင်း စစ်ရေးသတင်းအရင်းအမြစ်တွေထံက သိရပါတယ်။ “ (၉)ရက်နဲ့ (၁၂)ရက်မှာ KIA ဘက်ကို TNLA
မြန်မာသတင်း

တောင်ပိုင်းတိုင်းစစ်ဌာနချုပ် ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခံရ

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 9 Views
ဒီဇင်ဘာလ (၂၂)ရက်။ ဒီကနေ့ နံနက် (၁၂)နာရီခွဲအချိန်က စစ်ကောင်စီရဲ့ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်(တပခ)ထဲကို ရှော့တိုက်ဒုံး (၅)လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar(BWM)ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ “ နံနက်(၁၂)နာရီ (၃၅)မိနစ်က စကစရဲ့