နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 30 ရက်

မြန်မာသတင်း

မြန်မာသတင်း

NUG၊ CRPH၊ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ ဖွဲစည်း

မတ်လ (၃၁)ရက်။

NUG၊ CRPH နဲ့ KIO၊ KNU၊ CNF၊ Karenni တိုပါဝင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲစည်းခဲ့တယ်လို မနေ့ကထုတ်ပြန်ထားချက်အရ သိရပါတယ်။

အခုတော်လှန်ရေးကို တဆင့်တက်ပြီး အသွင်ကူးပြောင်းရေး အစိုးရတရပ် အောင်မြင်စွာ ဖွဲစည်းနိုင်ဖို၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ဖိုအတွက် စစ်ရေး၊ နိုင်ငံရေး၊ ဖက်ဒရယ်ရေးနဲ့ အင်စတီကျူးရှင်းဆိုင်ရာ ကိစ္စတွေကို ညှိနှိင်းဦးဆောင်လမ်းညွှန်အကောင်အထည်ဖော်နိုင်ဖိုအတွက် SCEF ကို ဖွဲစည်းတာလို ဆိုပါတယ်။

အဲ့ဒီကောင်စီကို ပြည်နယ်/ဖက်ဒရယ်ယူနစ်/EROs ကိုယ်စားပြုမဏ္ဍိုင်၊ ပြည်သူ့ကိုယ်စားပြုမဏ္ဍိုင်နဲ့ အမျိုးသမီးကိုယ်စားပြု/ကိုယ်စားလှယ်တွေ မဏ္ဍိုင်တိုကို အခြေခံပြီး တရားဝင်ဖွဲစည်းတာလို ဖော်ပြထားပါတယ်။

ကောင်စီရဲ့ မဟာဗျူဟာရည်မှန်းချက်ဟာ ဘယ်လိုအာဏာရှင်စနစ်ကိုမဆို အမြစ်ပြတ်ဖယ်ရှားပစ်ဖိုဖြစ်ပြီး နိုင်ငံရေးရည်မှန်းချက်တွေ၊ ရပ်တည်ချက်တွေကို လက်တွေ ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မယ့် နိုင်ငံရေးအခင်းအကျင်းသစ်တခုကို စုစည်းညီညွတ်စွာ စတင်တာလို ဆိုထားပါတယ်။

နောက်ပြီး ပြည်ထောင်စုထဲ နေထိုင်ကြတဲ့ လူမျိုးတွေရဲ့ ကိုယ်ပိုင်လက္ခဏာတွေကို ကာကွယ်မြှင့်တင်ပေးပြီး အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အပြည့်အဝရှိတဲ့ ပြည်နယ်တွေနဲ့ စုဖွဲထားတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်သွားဖိုလို ရေးသားထားပါတယ်။

SCEF အနေနဲ့ ရည်မှန်းချက်တွေ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖိုအတွက် နိုင်ငံရေးဦးတည်ချက် (၆)ရပ် ချမှတ်ထားကာ စစ်တပ်ရဲ့ နိုင်ငံရေးမှာ ပါဝင်နေတာကို အပြီးတိုင် အဆုံးသတ်ဖို၊ လက်နက်ကိုင်တပ်ဖွဲတွေကို အရပ်သားအစိုးရရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ထားရှိဖိုနဲ့ ၂၀၀၈ခြေ/ဥကို ဖျက်သိမ်းပြီး ပြန်အသက်သွင်းဖို ကြိုးပမ်းတာတွေကို တိုက်ဖျက်ဖိုတို ဖြစ်ပါတယ်။

အဲ့ဒီအချက်ထဲ သက်ဆိုင်သူအားလုံး လက်ခံနိုင်တဲ့ ဖက်ဒရယ်နဲ့ ဒီမိုကရေစီစနစ်ကို အခြေခံတဲ့ ဖွဲစည်းပုံအခြေခံဥပဒေသစ် ရေးဆွဲပြဋ္ဌာန်းဖိုအပြင် ထွက်ပေါ်လာတဲ့ ဖွဲစည်းပုံအခြေခံဥပဒေနဲ့အညီ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသစ်ကို တည်ဆောက်ဖိုနဲ့ ပဋိပက္ခထဲ မတရားကျူးလွန်ခံရသူတွေအတွက် တရားမျှတမှုရရှိဖိုနဲ့ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိဖို လုပ်ငန်းစဉ်‌တွေ ဖော်ဆောင်ဖို စတဲ့အချက်တွေ ပါဝင်ပါတယ်။

ဦးဆောင်ကောင်စီအနေနဲ့ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ရာမှာ အချုပ်အခြာအာဏာကို ပြည်သူလူထုက ပိုင်ဆိုင်ပြီး ဖက်ဒရယ်နဲ့ ပြည်နယ်/ဖက်ဒရယ်ယူနစ်တွေအကြား “မျှဝေသုံးစွဲတဲ့ အချုပ်အခြာမူ”ကို ကိုင်စွဲမယ်လို ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ရာမှာ EROs၊ ဒီမိုကရေစီတော်လှန်ရေးအင်အားစုတွေ၊ အမျိုးသမီးအစုအဖွဲတွေနဲ့ ပြည်သူ့ကိုယ်စားလှယ်တွေရဲ့ သဘောထားအမြင်တွေ ပါဝင်တဲ့ “စုပေါင်းခေါင်းဆောင်မှု”နဲ့ ဖော်ဆောင်သွားမယ်လို အသိပေးထားပါတယ်။

ကောင်စီဝင်အဖွဲတွေအနေနဲ့လဲ မတူကွဲပြားတာတွေကို အပြန်အလှန် လေးစားမှု၊ အသိအမှတ်ပြုမှုတိုကို အခြေခံပြီး “မူဝါဒတရပ်ထဲ၊ မဟာဗျူဟာတရပ်ထဲ”မူဝါဒကို ကျင့်သုံးကာ ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေးကိုယ်စားပြုမှုဖြစ်အောင် မဟာမိတ်အင်အားစုတွေနဲ့ ဆက်လက်ပူးပေါင်းညှိနှိင်းပြီး လက်တွဲဆောင်ရွက်မယ်လို ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

မိုးဗြဲအနီးတိုက်ပွဲ လက်နက်ခဲယမ်းနဲ့ စစ်သုံပန်း (၂)ဦး ဖမ်းမိခဲ့တယ်လို UTF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 26 Views
ဇွန်လ (၂၉)ရက်။ မနေ့က ရှမ်း-ကရင်နီအစပ် မိုးဗြဲမြိုအနီးမှာ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို Urban Task Force Aung Ban
မြန်မာသတင်း

Proof of Life ကို ပိုမိုအရှိန်မြှင့်မယ်လိုဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 23 Views
ဇွန်လ (၂၉)ရက်။ ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိသေးတယ်ဆိုတာကို သက်သေပြဖို တောင်းဆိုတဲ့ Proof of Life အစီအစဉ်ကို ပိုမိုအရှိန်မြှင့်မယ်လို ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

“ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို အင်အားစုတွေ ဖိတ်ခေါ်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 29 Views
ဇွန်လ (၂၉)ရက်။ ‌တော်လှန်ရေးရဲဘော်တွေ၊ နိုင်ငံရေးအင်အားစုတွေနဲ့ ပြည်သူတွေအနေနဲ့ “ဘုံရန်သူကို ဦးတည်တိုက်ဖိုနဲ့ ညီညွတ်ရေးဆီသို”ဆိုတဲ့ လှုပ်ရှားမှုမှာ ပါဝင်ကြဖို ဖိတ်ခေါ်ထားချက်တွေအရ သိရပါတယ်။ တော်လှန်ရေးကာလ ရှည်ကြာလာတာနဲ့အတူ အချင်းချင်းကြား သဘောထားကွဲလွဲတာဟာ ဓမ္မတာဖြစ်ပေမယ့် လက်နက်အားကိုးနဲ့ ဖြေရှင်းဖို ကြိုးပမ်းတာဟာ
မြန်မာသတင်း

ပုလဲမောင် လုပ်ကြံသတ်ဖြတ်ခံရတဲ့အပေါ် သမာသမတ်ကျကျ ဖြေရှင်းပေးဖို့ အမှတ်(၁)စစ်ဒေသ တိုက်တွန်း

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 20 Views
ဇွန်လ (၂၉)ရက်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာ လုပ်ကြံသတ်ဖြတ်ခံရတဲ့အတွက် အမှတ်(၁)စစ်ဒေသက ဒီကနေ့မှာ အထူးဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တပ်ရင်းမှူး ပုလဲမောင်(ခ)ပီတာဟာ ဇွန်လ (၂၆)ရက်နေ့က ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှာ ခရိုင်အစည်းအဝေးပြုလုပ်ဖို့ စောင့်ဆိုင်းနေချိန် လုပ်ကြံသတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
မြန်မာသတင်း

ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA ဆက်တိုက်သိမ်းပိုက်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 27 Views
ဇွန်လ (၂၉)ရက်။ ဧရာဝတီတိုင်း ရေကြည်မြို့ရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေကို AA က တခုပြီးတခု ဆက်တိုက်သိမ်းပိုက်ရရှိခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ AA က သိမ်းပိုက်ရရှိခဲ့တဲ့ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့်ကုန်းတွေဟာ ပွိုင့်(၂၈၈)ကုန်း၊ ပွိုင့်(၁၈၈)ကုန်းနဲ့
မြန်မာသတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ယင်းမာပင်ခရိုင် အမှတ် (၆) တပ်ရင်းမှ တပ်ရင်းမှူး ပုလဲမောင် (ခ) ပီတာလုပ်ကြံခြင်းခံရသည့်အတွက် သဘောထားထုတ်ပြန်ခဲ့။

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 24 Views
ရက်စွဲ ၊ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက် ထိုကိစ္စနှင့်ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့တွင် (PDF) အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာမှ ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သဘောထား ထုတ်ပြန်ချက်တခုကို ထုတ်ပြန်ခဲ့
မြန်မာသတင်း

အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့လုပ်ရပ် ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေ ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 34 Views
ဇွန်လ (၂၇)ရက်။ အင်အားကြီးသူက အင်အားနည်းသူအပေါ် အနိုင်ကျင့်ဗိုလ်ကျတဲ့ လုပ်ရပ်တွေကို ကန့်ကွက်ရှုချတယ်လို ကျောင်းသားသမဂ္ဂအင်အားစုတွေရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တော်လှန်ရေးအင်အားစုတွေအကြား ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပြီး စစ်ရေးနည်းနဲ့ ဖြေရှင်းတာက ကိုယ့်အင်အား ကိုယ်ဖြိုခွဲရာ ရောက်နေတယ်လို
မြန်မာသတင်း

တိုင်းရင်းသားလက်နက်ကိုင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ဆိုပြီး မင်းအောင်လှိုင် ထပ်ဖိတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 27 ရက်
  • 43 Views
ဇွန်လ (၂၇)ရက်။ တိုင်းရင်းသားလက်နက်ကိုင်ဘယ်အဖွဲကိုမဆို ကြိုတင်ကန့်သတ်တာမရှိဘဲ ငြိမ်းချမ်းရေးဆွေးနွေးဖိုဆိုပြီး မင်းအောင်လှိုင်က မနေ့က နယ်စပ်ဒေသအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို သိရပါတယ်။ အစည်းအဝေးထဲ မင်းအောင်လှိုင်က (၅)နှစ်ထဲ တိုင်းပြည်ငြိမ်းချမ်းအောင် ကြိုးစားမယ်ဆိုတာနဲ့ ရက်ပေါင်း(၁၀၀)စီမံချက်ထဲ ငြိမ်းချမ်းရေး‌အတွက် ဆွေးနွေးကြဖို ပြောဆိုခဲ့ပါတယ်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး