နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဘာတွေဆွေးနွေးခဲ့သလဲ။

နေပြည်တော်သို့ အလည်အပတ်ခရီးစဉ် ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေး ဝန်ကြီးချင်ကန်းနှင့် စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ မေလ (၂) ရက်နေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။


ထိုတွေ့ဆုံဆွေးနွေးမှုတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းက တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်နေသာ ဆွေမျိုးပေါက်ဖော် ညီအစ်ကိုများ ဖြစ်ကြကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-မြန်မာ ချစ်ကြည် ရင်းနှီးသော အိမ်နီးချင်းဆက်ဆံရေးကို အစဉ်အမြဲ အထူးအလေးထားကြောင်း၊ မြန်မာနိုင်ငံနှင့်အတူ သမ္မတ ရှီကျင့်ဖျင်၏ ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံအလည်အပတ်ခရီးစဉ်ရလဒ်များကို အကောင်အထည်ဖော် ဆောင်ရွက်ကာ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်းကို အတူတည်ဆောက်သွားလိုကြောင်း၊ ကမ္ဘာလုံးဆိုင်ရာ ဖွံဖြိုးတိုးတက်ရေး အဆိုပြုချက် (GDI)၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက် (GSI)၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှု အဆိုပြုချက် (GCI) တို့ကို ဦးစွာ ဖော်ဆောင်ပြီး တရုတ်-မြန်မာ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်ရေးအား ရှေ့သို တည်ငြိမ်စွာ လျှောက်လှမ်းမှုအား တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်ဟု တရုတ်ဆင်ဟွာသတင်းဌာနက ဖော်ပြခဲ့သည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးချင်ကန်းက တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏အခြေအနေ တည်ငြိမ်ရေး၊ နိုင်ငံဖွံဖြိုးတိုးတက်ရေးကို စိတ်ရင်းစေတနာ အမှန်ဖြင့် မျှော်လင့်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မိမိနိုင်ငံအခြေအနေဖြင့် လျော်ညီသော မြန်မာ့ဝိသေသ လက္ခဏာရှိသော ဖွံဖြိုးတိုးတက်ရေးလမ်းစဉ်အား ရှာဖွေမှုကို ထောက်ခံကြောင်း၊ နိုင်ငံရေးအသွင်ပြောင်းမှုဖြစ်စဉ်အား ဆက်လက်တွန်းအား ပေးနေခြင်းကို ထောက်ခံသလို မြန်မာနိုင်ငံ သက်ဆိုင်ရာအသီးသီးက ဖွဲစည်းပုံအခြေခံဥပဒေနှင့် ဥပဒေမူဘောင်အောက်တွင် ကွဲလွဲမှုများကို ကောင်းမွန်စွာ ဖြေရှင်း၍ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုများအား ထောက်ခံကြောင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။

နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် မြန်မာနိုင်ငံ၏အချုပ်အခြာအာဏာကို လေးစား၍ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေးအတွက် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်သွားသင့်ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဖွံဖြိုးတိုးတက်ရေးအတွက် တတ်နိုင်သမျှ ဆက်လက်ကူညီဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံ အဓိကပူးပေါင်းဆောင်ရွက်ရေးစီမံကိန်းများကို အရှိန်အဟုန်မြှင့်တွန်းအားပေးကာ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေးစသည့် ပြည်သူ့အကျိုးပြုစီမံကိန်းများကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်မှု၊ သက်ဆိုင်ရာအရေးကိစ္စများအား ညှိနှိင်းဖြေရှင်းမှု တို့ကို ထောက်ခံအားပေးကြောင်း၊ ယင်းနှစ်နိုင်ငံနှင့်အတူ တရုတ်-မြန်မာ-ဘင်္ဂလားဒေ့ရှ် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို ကျယ်ပြန့်စွာ ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး ထူထောင်ပြီး နှစ်ပေါင်း ၇၀ ကျော်ကြာကာလတွင် နှစ်နိုင်ငံဆက်ဆံရေးသည် ဖွံဖြိုးတိုးတက်ရေးအလားအလာကို အစဉ်အမြဲ ထိန်းသိမ်းထားခဲ့ရာ ရလဒ်ကောင်းများ ရရှိခဲ့ကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံနှင့်အတူ မြန်မာ-တရုတ် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးကို တစ်ဆင့်တိုးမြှင့်တင်၍ မြန်မာ-တရုတ် အေးအတူ ပူအမျှအသိုက်အဝန်းအား တက်ကြွစွာ တည်ဆောက်သွားလိုကြောင်း ၊ မြန်မာ့အရေးတွင် တရုတ်နိုင်ငံ၏ ဓမ္မဓိဋ္ဌာန်ကျစွာ ရပ်တည်မှုကို မြန်မာနိုင်ငံအနေဖြင့် တန်ဖိုးထားရာ ပိုမိုကြီးမားသောအခန်းကဏ္ဍမှ ပါဝင်သွားရန် ကြိုဆိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံအတွင်းရှိ တရုတ်နိုင်ငံသားများနှင့် ဌာနဆိုင်ရာများ၏လုံခြုံရေး ကာကွယ်မှုကို အထူးအလေးထားရာ တရုတ်နိုင်ငံနှင့် အတူပူးပေါင်းဆောင်ရွက်၍ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ထိန်းသိမ်းကာကွယ်သွားလိုကြောင်း ပြောကြားခဲ့သည်။

အလည်အပတ်ခရီးစဉ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းသည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံစာ။ စစ်အုပ်စုခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းတို့ မေလ ၂ ရက်နေ့က နေပြည်တော်တွင် တွေ့ဆုံဆွေးနွေးစဉ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လေးနှစ်ကြာမြင့်လာသော်လည်း ယူကရိန်းတွင် ကျူးလွန်ခဲ့သည့် ဆိုးရွားသော ခန့်မှန်းချက်အမှားအတွက် ရုရှားသည် ဆက်လက်ပေးဆပ်နေရဆဲဖြစ်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 58 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၂၄ရက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့၏ အာရုံတက်ချိန် အစောပိုင်းကာလများတွင် ကိယက်ဗ်မြို့ရှိ
မြန်မာသတင်း

ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို အကောင်အထည်ဖော်နေတယ်လို CDF-Matupi ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 38 Views
မတ်လ (၂၄)ရက်။ ချင်းပြည်အစိုးရရဲ့ စစ်မှုထမ်းမူဝါဒကို စတင်အကောင်အထည်ဖော်နေတယ်လို CDF-Matupi ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အခုကာလဟာ စစ်ကော်မရှင်အနေနဲ့
မြန်မာသတင်း

မြောင်မြို သောင်ကြီးရွာ လေကြောင်းတိုက်ခိုက်ခံရပြီး (၆)ဦး သေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 32 Views
မတ်လ (၂၄)ရက်။ မနေ့က နေ့လယ် (၁၂)နာရီကျော်အချိန်က မြောင်မြိုရှိ သောင်ကြီးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တယ်လို မြိုနယ်သတင်းမှန်ပြန်ကြားရေးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ (၁၂)နာရီ (၁၆)မိနစ်က တံတားဦးလေတပ်ကနေ ‌ဂျက်ဖိုက်တာတစီးနဲ့ သောင်ကြီးရွာကို လေကြောင်းတိုက်ခိုက်သွားတာ။
မြန်မာသတင်း

မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ် တိုက်ခိုင်ခံရပြီး ဗိုလ်အဆင့်အပါ (၈)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
မတ်လ (၂၃)ရက်။ မနေ့က နံနက် (၇)နာရီခွဲအချိန်က မြင်းမူမြို ဂွေးပင်တောရွာနဲ့ ဘိုးမင်းကြီးရွာကြားရှိ မုံရွာ-မန္တလေးလမ်းပိုင်းမှာ စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့တယ်လို PLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အဲ့ဒီစကစတပ်က အင်အား (၃၀)လောက်နဲ့ မုံရွာ-မန္တလေးလမ်းပိုင်းက
မြန်မာသတင်း

စစ်ကောင်စီရဲ့ ဘယ်လွှတ်တော်၊ ဘယ်အစိုးရကိုမှ လက်မခံဘူးလို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 27 Views
“ စစ်ကိုင်းဖက်ဒရယ်ယူနစ် နိုင်ငံရေးရပ်ဝန်း” ပေါ်ပေါက်နိုင်ဖို ဆက်ကြိုးပမ်းမယ်လိုဆို မတ်လ (၂၄)ရက်။ ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစု ဒုတိယအကြိမ် ညီလာခံကို စိုးမိုး‌နယ်မြေတခုမှာ ကျင်းပနိုင်ခဲ့တယ်လို မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီညီလာခံကို အဖွဲဝင်အဖွဲအစည်း (၂၉)ဖွဲနဲ့
မြန်မာသတင်း

စစ်ခေါင်းဆောင် မင်းအောင်လှိင် နေပြည်တော် စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသရတယ်လိုဆို

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 25 Views
မတ်လ (၂၃)ရက်။ မတ်လ (၂၀)ရက်နေ့က စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ နေပြည်တော်ရှိ ခုတင်(၁၀၀၀) စစ်ဆေးရုံမှာ အရေးပေါ်ခွဲစိတ်ကုသခဲ့ရတယ်လို ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိင်ဟာ ခါးကျီးပေါင်းရောဂါကြောင့် အာရုံကြောညပ်တာ(Lumbar Spondylosis with spinal
မြန်မာသတင်း

တရုတ်ပိုင် Max Techonology Industryပိုင်ရှင်က လုပ်ခတိုးတောင်းသည့် အလုပ်သမား ခေါင်းဆောင်အမျိုးသမီးကို ရိုက်နှက်ခဲ့သည့်အတွက် ဆန္ဒပြမှုဖြစ်ပွား

  • 2026 ခုနှစ်၊ မတ်လ 24 ရက်
  • 35 Views
၂၀၂၆ ခုနှစ်၊ မတ်လ ၂၃ ရက် ရွှေပြည်သာမြို့နယ်၊ ဝါးတရာ စက်မှုဇုန်ထဲက ၇၄ ဂိတ်နား က Max Techonology Industry နားကြပ် စက်ရုံနားကြပ် စက်ရုံတခု ဖြစ်ပါတယ်။ Max Techonology
မြန်မာသတင်း

ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သားတွေရဲ့ ထပ်တိုးအခြေအနေ YDF အသိပေးကြေညာ

  • 2026 ခုနှစ်၊ မတ်လ 23 ရက်
  • 37 Views
မတ်လ (၂၃)ရက်။ ထောင်ဖောက်ထွက်ပြေးခဲ့တဲ့ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုရဲ့ ထပ်တိုးအခြေအနေနဲ့ပက်သက်ပြီး ယောကာကွယ်ရေးတပ်(YDF)က ဒီကနေ့မှာ ထုတ်ပြန်ကြေညာထားတယ်လို သိရပါတယ်။ ရာဇဝတ်သား ကောင်းကောင်းနဲ့ ယောလင်းတို ဦးဆောင်တဲ့ လူတစုဟာ ဖေဖော်ဝါရီလ (၂၄)ရက်နေ့က