စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ချောင်းဦး လဝကရုံးအနီးက စစ်တပ်ကို ချောင်းဦးPDFက ဝင်ရောက်ပစ်ခတ် ခဲ့တယ် လို့သိရပါတယ်။
အဲဒီလိုပစ်ခတ်မှုမှာ စစ်ကောင်စီ စစ်သား ၄ ဦး သေဆုံးခဲ့ပြီး သေနတ် ၄လက်နဲ့လက်နက်ခဲယမ်းတွေရရှိခဲ့တယ်လို့ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်အခြေပြု တပ်ရင်း ၈က ဇွန် (၄)ရက်မှာ ထုတ်ပြန်ပါတယ်။
အဲဒီပစ်ခတ်မှုမှာ သေနတ် G3 ၄ လက်၊ ကျည်ဘောက် ၄ ခု နဲ့ ကျည် ၄၉ တောင့် သိမ်းဆည်း ရရှိခဲ့တယ်လို့ သိရပါတယ်။
Era’sEye/Photo/CRD