စစ်အာဏာရှင် လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့တာကြောင့် တပ်မ (၁၀၁) က တပ်သားတစ်ဦးဟာ လက်နက်တွေနဲ့အတူ ဇွန် (၁) ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲတွေနဲ့ လာရောက်ပူးပေါင်းခဲ့တယ်လို့ Young Force -UG က ထုတ်ပြန်ထားပါတယ်။

အဲဒီတပ်သား ဟာ MA(1) တစ်လက်၊ ကျည်ဘောက် (၂)ခု၊ ကျည် ၁၀၀ ယူဆောင်ခဲ့တာကြောင့် ဆုချီးမြှင့်ငွေပေးအပ်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
Era’sEye/Photo/CRD