ယမန်နေ့ ဇွန်လ (၃) ရက်နေ့ ၊ ညနေ ၅ နာရီခွဲ အချိန်ခန့်တွင် မကွေးတိုင်း၊ကျောက်ထုမြို့နယ်၊ စံတောင်အနီးတွင် အင်အား ၁၈၀ ခန့် ပါဝင်သော စစ်ကောင်စီစစ်ကြောင်းနှင့် ယောကာကွယ်ရေးတပ် (YDF) ဦးဆောင်သော ယောနကစစ်ကြောင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၉)တပ်ခွဲ (၁) ယောချောင်းတပ်ခွဲ – ကျောက်ထု PDF ပူးပေါင်းစစ်ကြောင်းတို့အကြား ထိတွေ့တိုက်ပွဲ ဖြစ်ပွားပြီး၊ စစ်ကောင်စီဘက်မှ (၂) ဦးသေဆုံးကာ (၄) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ယောကာကွယ်ရေးတပ်က သတင်းထုတ်ပြန်ထားသည်။
စံတောင်သည် ၎င်းပတ်ဝန်းကျင်၌ စစ်ရေးအရ အရေးပါသောနေရာတစ်ခု ဖြစ်သောကြောင့် ၎င်းနေရာအား စစ်ကောင်စီမှ ထိန်းချုပ်ရန် ကြိုးပမ်းလာသည့်အတွက် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရှိရပါသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ ခဲယမ်းကျည်ဆံတချို့ကိုလည်း ပူးပေါင်းတပ်ဖွဲ့မှ သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါသည်။