၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၄ ရက်၊ ခေတ်မျက်လုံး။
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်မှာ စစ်ဘေးရှောင်ပြည်သူတွေရဲ့ နေအိမ်တဲတွေကို စစ်ကောင်စီက မီးရှို့ခဲ့တယ်လို့ သိရပါတယ်။
မနေ့ မနက် ၈နာရီခန့်က ချပ်ကြီးရွာကနေ ထွက်လာတဲ့ အင်အား၁၀၀ခန့်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကန့်ဘလူမြို့နယ်အတွင်းမှာ ရွာအစဉ်အလိုက် စစ်ကြောင်းထိုးနေတာဖြစ်ပါတယ်။မနေ့ကနေ့လယ် ၂နာရီဝန်းကျင်လောက်မှာ ပင့်သာတိုက်နယ် ချောင်းခြားကျေးရွာအနီးက စစ်ဘေးရှောင်တဲ ၂၅လုံးကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မကျီးကုန်းရွာကိုလည်း ဝင်ရောက်ခဲ့ပြီး နေအိမ် ၉လုံးနဲ့ စပါးတိုက် ၅လုံးကိုလည်း မီးရှို့သွားတယ်လို့သိရပါတယ်။လက်ရှိမှာ အဲဒီစစ်ကြောင်းဟာ ချောင်းခြားရွာ စာသင်ကျောင်းအတွင်းမှာ ရှိနေဆဲဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
Era’s Eye