နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ အောက်တိုဘာလ 22 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ပခုက္ကူခရိုင် တပ်ရင်း ၁၃ ရှေ့တန်းစခန်း စီးနင်းခံရ

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ ဗျင်းရွာမှာရှိတဲ့ ပခုက္ကူခရိုင်တပ်ရင်း ၁၃ ရှေ့တန်းစခန်းတစ်ခု စီးနင်းခံရပြီး ကျပ်သိန်း ၇၀ ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။

မနေ့မနက် ၆ နာရီကျော်မှာ အင်အား ၇၀ လောက်ရှိတဲ့ စစ်ကောင်စီတပ်ဟာ ကျပ်ထိုးရဲစခန်းဘက်ကနေ ဗျင်းရွာဘက်ကိုရောက်လာပြီး စခန်းကိုဝင်စီးသွားတာလို့ တပ်ရင်းတာဝန်ရှိသူတွေက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ စခန်းဝင်စီးချိန်မှာ ပစ်ခတ်ဝင်စီးခဲ့ပေမယ့် စခန်းမှာကျန်နေခဲ့တဲ့ ရဲဘော်တွေ အထိအခိုက်မရှိ ထွက်လာနိုင်ခဲ့တယ်လို့် သိရပါတယ်။

စခန်းစီးနင်းခံရလို့ ဆိုင်ကယ် ၁၃ စီး၊ စားနပ်ရိက္ခာ၊ လက်လုပ်သေနတ် ၃ လက်၊ ခဲယမ်းအချို့နဲ့ မိုင်းတွေ သိမ်းဆည်းခံလိုက်ရပြီး ခန့်မှန်းတန်ဖိုးသိန်း၇၀ကျော်ရှိတယ်လို့ သိရပါတယ်။

အဲဒီနောက်မှာ စစ်ကောင်စီအဖွဲ့ဟာ ဆိုင်ကယ်တွေနဲ့ တဲတွေကို မီးရှို့သွားပြီး ရွာကပြန်ထွက်ချိန် ဒေသခံအမျိုးသမီး ၂ ဦးနဲ့ အမျိုးသား ၅ ဦးကို ပစ္စည်းတွေသယ်ဖို့ ဖမ်းသွားခဲ့တယ်လို့ ဆိုပါတယ်။

Era’sEye\ News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

စစ်ကော်မရှင်ခန့် ဝန်ကြီးချုပ်တွေ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ဖို့ရှိနေ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 20 Views
အောက်တိုဘာလ (၂၁)ရက်။ အခုနှစ်ကုန်ကျင်းပမယ့် ရွေးကောက်ပွဲမှာ စစ်ကော်မရှင်ခန့် တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်သွားဖို့ရှိတယ်လို့ စစ်တပ်လော်ဘီချန်နယ်တွေထံက သိရပါတယ်။ “ အခုလောလောဆယ်အထိ
မြန်မာသတင်း

တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်း တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 32 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က နံနက် (၉)နာရီခွဲအချိန်မှာ တန့်ဆည်နယ်ဘက်ကနေ တပ်ပြန်ခေါက်လာတဲ့ စစ်တပ်နဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့တယ်လို့ ရေဦးမြို့နယ်ပကဖရဲ့
မြန်မာသတင်း

မင်းလှတိုက်ပွဲထဲ အင်အားမမျှတာကြောင့် PDF ဒုတပ်ခွဲမှူး အသေခံဗုံးခွဲပြီး ကျဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 26 Views
အောက်တိုဘာလ (၂၁)ရက်။ အောက်တိုဘာလ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က မင်းလှမြို့ လက်ပံတံခါးရွာရှိ သရက်အုပ်လမ်းခွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ စစ်တပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ ဒုခွဲမှူးဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် (၅)ဦးက ကင်းပတ်တာ၊ ဒီလိုဖြစ်မယ်လို့လဲ
မြန်မာသတင်း

မိုင်းငေါ့မြို့ မြို့မဈေး လေကြောင်းဗုံးကြဲခံရကာ ဒေသခံသားအမိ(၂)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 26 Views
အောက်တိုဘာလ (၂၁)ရက်။ မနေ့က ည (၈)နာရီကျော်အချိန် မိုင်းငေါ့မြို့ရှိ မြို့မဈေးကို စစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “ လေကြောင်းဗုံးကြဲတာက မြို့မဈေးတန်းကိုကျတာ။ ဈေးထဲမှာလဲ မီးလောင်သွားတာရှိတယ်။ အဲ့ဒီဈေးတန်းရပ်မှာနေတဲ့ သားအမိ(၂)ဦး
မြန်မာသတင်း

ဒီပဲယင်းနယ်ထဲ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးမလုပ်ဖို့ မြို့နယ်ပအဖ ထုတ်ပြန်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 21 ရက်
  • 47 Views
အောက်တိုဘာလ (၂၀)ရက်။ အခုလဆန်းပိုင်းကစပြီး ဒီပဲယင်းနယ်ထဲ စစ်တပ်ရဲ့ လေကြောင်းရန်ကြောင့် ပွဲလမ်းသဘင်တွေမှာ ဖျော်ဖြေရေးတွေ မထည့်ကြဖို့ မြို့နယ်ပအဖက ထုတ်ပြန်ကြေညာထားတယ်လို့ သိရပါတယ်။ အခုကာလထဲ စစ်တပ်ဟာ ပြည်သူတွေ စုဝေးတဲ့နေရာတွေကို ပစ်မှတ်ထားပြီး စက်တပ်လေထီးတွေ၊ ဂျက်ဖိုက်တာတွေနဲ့ လေကြောင်းတိုက်ခိုက်တာတွေကို
မြန်မာသတင်း

နိုင်ငံအနှံ့ လေကြောင်းနဲ့ နေ့တိုင်းဗုံးကြဲနေတဲ့ စစ်ခေါင်းဆောင်က ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီးပြော

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 63 Views
အောက်တိုဘာလ (၂၀)ရက်။ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဆိုပြီး စစ်ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ပုသိမ်တပ်နယ်ကို ရောက်ရှိချိန် ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အခုအခါ နိုင်ငံတဝန်း ထိုက်သင့်သလောက် တည်ငြိမ်အေးချမ်းနေပြီဖြစ်ပြီး တနိုင်ငံလုံး တည်ငြိမ်အေးချမ်းစေဖို့အတွက်
မြန်မာသတင်း

တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မြို့ (၄)မြို့ကို စစ်တပ် လေကြောင်းဗုံးကြဲ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 49 Views
အောက်တိုဘာလ (၂၀)ရက်။ မနေ့က တရက်ထဲ TNLA ထိန်းချုပ်ထားတဲ့ မိုးကုတ်၊ နမ့်ဆန်၊ မန်တုံနဲ့ မိုင်းငေါ့မြို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်တပ်က နမ့်ဆန်မြို့ နမ္မဝေါရပ်ကွက်၊ မန်တုံမြို့ အောင်ချမ်းသာရပ်ကွက်နဲ့
မြန်မာသတင်း

လုံခြုံရေးကြောင့် သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာတွေကို AA ပိတ်ပင်ထား

  • 2025 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 50 Views
အောက်တိုဘာလ (၂၀)ရက်။ မနေ့ကစပြီး လုံခြုံရေးကြောင့် သံတွဲနဲ့ ဂွမြို့အနီး ပင်လယ်ပြင်မှာ ညအချိန် ငါးဖမ်းတာတွေကို AA က အကန့်အသတ်မရှိ ပိတ်ပင်ထားတယ်လို့ သိရပါတယ်။ အာရက္ခပင်လယ်ကမ်းအနီးရှိ မြို့၊ ရွာတွေက ရေလုပ်ငန်းကို အဓိကအမှီပြုပြီး လုပ်ကိုင်နေရတဲ့